အပိုင်း ၆

4.5K 73 0
                                    

( ၆ )

ဗိုလ်ဗိုလ် ဘာမှပြန်မပြောဘဲ ကိုလင်း အိပ်ရာပေါ်မှာ ဟိုရှာဒီရှာ လုပ်နေလိုက်ပါတယ်။

“ဘာရှာနေတာလဲ။”

“အမွှေး”

“ဘာ …”

“ခွေး အမွှေးပါ။ အကို ယားမှာစိုးလို့။ ပြီး ပါးစပ်ထဲ ဝင်ရင် ပန်းနာ ရင်ကျပ် ဖြစ်ဦးမယ်။”

“ဘာ အမွှေးမှ မရှိဘူး ဟေ့ရောင် .. ခွေး အမွှေးမပြောနဲ့ လူ အမွှေးတောင် မရှိဘူး။ ဒေါ်ပု မနက်တိုင်း အိပ်ရာခင်း ခါပေးနေကျ၊ ပန်းမနာတဲ့အပြင် ပန်းလန်းလွန်းလို့ မနက် မနက်ဆို အိပ်ရာက ထလို့တောင် မရဘူး။”

ရွတ်ပြီ ရွတ်ပြီ၊ ကိုလင်း ပြန်ရွတ်ပါပြီ။ မရွတ်လို့က မရတော့။ ဗိုလ်ဗိုလ် က တစ်မျိုးပြီး တစ်မျိုး စ နေ တာကိုး။

ဗိုလ်ဗိုလ် .. သူ့ ကိုလင်း အိမ်ကို ပထမဆုံး လာလည်ရတာရယ် သူ့အကိုကလည်း ပျာယာခတ်အောင်ကို ဧည့်ခံနေတာရယ်မို့ .. ဗိုလ်ဗိုလ့် ရင်ထဲမှာ ကျေနပ်နေတာပါ၊ ပျော်နေတာပါ။

“အကို ဒီနေ့ ကျောင်းမသွားဘူးလား။”

“မသွားလို့ တွေ့နေရတာပေါ့။”

အင်း .. သူ နည်းနည်း စိတ်တိုလာပြီလား မသိ။

“အကိုကလည်း .. သားက ကောင်းကောင်းမေးတာပါ။”

“အင်း အင်း .. အစကတော့ သွားမလို့ပဲ၊ မနက်ပိုင်း ၂ချိန်ပဲ ရှိတာရယ်၊ ညနေဘက် Practical ကလည်း မရှိတော့ .. Assignment လည်း ရေးစရာ ရှိလို့ မသွားတော့တာ။”

“သား .. ကံကောင်းသွားတာပေါ့။”

“အင်းပေါ့၊ မင်းလာလိမ့်မယ်လို့ မထင်တာ။ နောက်လာမယ်ဆိုရင် ဖုံးကြိုဆက်လေ။”

“အဲဒါကြောင့် ခု ဆက်လိုက်တာပေါ့။”

“အင်း အင်း၊ ရှိနေလို့ပေါ့။ မရှိရင် ဘယ်သွားမလဲ။”

“လျှောက်သွားမှာပေါ့။”

“မသွားရပါဘူး။ နောက်ကို လျှောက်သွားမယ် စိတ်ကူးရင် ဒီကိုလာ။ ကို .. ရှိရှိ မရှိရှိ .. ကို့ အခန်းမှာ ဝင်နေလို့ရတယ်။ ကို့ မားသားကြီးနဲ့ ဒေါ်ပုကို ပြောထားမယ်။ ကို့ အခန်းမှာ လွတ်လွတ်လပ်လပ် နေလို့ရတယ်။”

" နွဲ့ဆိုးဗိုလ် "Donde viven las historias. Descúbrelo ahora