အပိုင်း ၂

7.7K 104 0
                                    

( ၂ )
 

“ဟာ .. ဗိုလ်ဗိုလ် နေပူကြီးထဲက ပြေးလာပြီး ရေခဲရေ တန်းမသောက်နဲ့လေ။ မင်း ရှော့ဖြစ်သွားမှာ ပေါ့။”

ကိုလင်းလင်းက ဗိုလ်ဗိုလ့် အကို ကိုဇော်ချိုတို့တွေနဲ့ ဖဲကစားနေတဲ့ နေရာကနေ ဗိုလ်ဗိုလ် ရေခဲသောတ္တာဖွင့်ပြီး ရေခဲရေ ပုလင်း မော့သောက်နေတာကို လှမ်းပြောလိုက်တာပါ။

ဗိုလ်ဗိုလ် တို့ ညီအကိုတွေက တစ်ဘာသာစီပါ။ အကိုဇော်ချိုက ဖင်က မီးခိုးထွက်အောင် ဆေးလိပ်သောက်တယ်။ ဘောပွဲကြည့်တယ်။ လောင်းကစားလုပ်တယ်။
ဗိုလ်ဗိုလ် က မနက်တိုင်း အိမ်အတွက် အမေနဲ့ဈေးဝယ် လိုက်ပေးတယ်။ ထမင်း ဟင်းချက်တဲ့ အထိတော့ ဝါသနာမပါတာမို့ မီးဖိုချောင်ပြန်ရောက်လို့ ဈေးဝယ်ခြင်းတောင်း ချပေးပြီးရင် ဗိုလ်ဗိုလ့် တာဝန်ပြီးပြီ။

လူပျိုဖော်ဝင်စ ဆယ်ကျော်သက်သွေး ဆူပွက်ချိန် ယောက်ျားလေး ဘာသာဘာ၀ ဂျိုသွေးတမြမြမို့ စီးကရက်လေး ၃၊၄၊၅ လိပ်လောက်နဲ့ ကွမ်းနဲနဲစားတာကလွဲရင် ဘာမှမလုပ်ဘူးခဲ့။
ဒါကလည်း Social smoking အတွက်ပါ။
ဘဝမှာ စီးကရက် တစ်ဗူးတောင် ကုန်အောင်မသောက်ခဲ့ဘူး ဘူး။ ကွမ်းကိုလည်း နာရေးတစ်ခုမှာ နာရေးအိမ်က တည်တဲ့ကွမ်းကို ပါးစပ်ထဲ ပစ်ထည့်ပြီး ဝါးလိုက်မှ ဗမာဆေးထည့်ထားတာမို့ အကျင့်မရှိတဲ့ ဗိုလ်ဗိုလ် အသုဘအိမ်မှာ ဆေးမူးသွားပြီးကတည်းက လန့် ဖြန့်သွားပြီး ကွမ်းနဲ့ ယတိပြတ် ဖြတ်ခဲ့ပါတယ်။ အရက်ကိုတော့ စတိတ်ကျောင်းသားဘဝက မသောက်ခဲ့ရပေမယ့် တက္ကသိုလ်ရောက်တော့ လူမှန်းမသိအောင် သောက်ခဲ့ဘူးခဲ့ပါတယ်။
အင်း .. ရည်းစားကတော့ ..ရည်းစားကတော့ .. ယောက်ျားလေးပဲ ဒီအရွယ်ရောက်မှ အမြီးမပေါက် ဘာမျောက်မို့လို့လဲ၊ (ချင်ပန်ဇီပေါ့နော) အထင်ကရ က ၃ယောက်၊ အညတြက .. .. .. သိပ်မများလှပါဘူး၊ လက်ချောင်း ၁၀ချောင်းစာ မပြည့်တတ်ပါ။

ရုပ်ကတော့ မိန်းမချော ယောက်ျားချော မျှချောသည်ပေါ့။ အထူးသဖြင့် မျက်လုံးနဲ့ နှုတ်ခမ်းလှတယ် လို့ အများက အမှတ်ပေးကြတယ်။
မိန်းခလေးတွေက သွားလေရာ စိတ်ဝင်စားတတ်ကြသလို အတန်းထဲက လက်ရဲဇက်ရဲ နှုတ်ခမ်းသွက်တဲ့ ယောက်ျားလေး သူငယ်ချင်း ၂ယောက်လောက်က ဗိုလ်ဗိုလ့် ကို အတန်းထဲမှာ လျှပ်တပြက် နမ်းလိုက်တာမျိုး လောက်တော့ ခံဘူးလိုက်ရတယ်။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now