( ၂၄ )
ကြာခဲ့ပါပြီ။ ၁၂နှစ်တောင် ကြာခဲ့ပါပြီ။
ဗိုလ်ဗိုလ် တောင် စင်္ကာပူတက္ကသိုလ် တစ်ခုက ချီးမြှင့်တဲ့ မဟာဘွဲ့နဲ့ .. အလုပ်အကိုင်နဲ့ .. ရာထူးဌာနန္တရနဲ့ .. တည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။
၁၀တန်းတုန်းက .. အချစ်ဆုံး သူငယ်ချင်း သီဟန်လည်း .. အိမ်ထောင်ကျသွားပြီ။
ကျတာမှ .. အိမ်ထောင် နှစ်ဆက်။ သင်္ဘောလိုက်ရင်း .. ဂျာမဏီမှာ ဂျာမန်မ တစ်ယောက်နဲ့ ယူသတဲ့။ နောက်တော့ မြန်မာပြည် ပြန်လာပြီး .. ယောင်တောင်ပေါင်တောင် ဖြစ်နေလို့ သူ့ မိဘက နောင်ရေး စိတ်အေးရအောင် ဆိုပြီး .. ကနေဒါက မြန်မာမလေး တစ်ယောက်နဲ့ ပေးစားလိုက်သတဲ့။
အဲ့ကောင် .. ကနေဒါကို ပါသွားရော။ သွားခါနီး .. ဗိုလ်ဗိုလ် နဲ့တွေ့လိုက်သေးတယ်။
“ဟေ့ရောင် ဗိုလ်ဗိုလ် .. .. မင်း .. ကနေဒါကို ရောက်အောင်လာခဲ့။ ဟိုမှာ မင်းတို့ အလုပ်တွေ အများကြီး ရှိတယ်။”
သူငယ်ချင်းချင်း .. အတူနေချင်တဲ့ စိတ်က .. မိန်းမ ရတာတောင် မပျောက်ချင်သေး။ ထုဖော်ထုဘက် .. အိပ်ဖော်အိပ်ဘက်တွေကိုး .. ဘယ်မေ့လိမ့်မလဲ .. ..
အင်း .. မိန်းခလေးတွေကိုတော့ လယ်တစ်ကွက်နဲ့ရင်းကြတယ်တဲ့ ..
ဒါဆို .. ယောက်ျားလေးတွေကိုရော ဘယ်လိုပြောကြမလဲ ..
လွန်ပူ တစ်ချောင်းနဲ့ ရင်းလိုက်ကြတာပေါ့နော်။
ဗိုလ်ဗိုလ် တို့ကတော့ ကိုယ့်လွန်ပူကို .. အဲ့လိုတော့လည်း ရောင်းမစားချင်။
ဒါကြောင့်လည်း .. အမေပြတဲ့ မိန်းခလေးတွေကို ခေါင်းခါခဲ့ .. ဆွေမျိုးတွေ .. အသိမိတ်ဆွေတွေ .. အပေါင်းအသင်းတွေ .. စပ်တဲ့ မိန်းခလေးတွေကိုလည်း ငြင်းပယ်ခဲ့တာပါ။
ဗိုလ်ဗိုလ် ကိုယ်တိုင် လက်ထပ်ခွင့် တောင်းခဲ့တဲ့ ချစ်သူ .. နော်ဇာ့ ကိုတောင် တကယ်တမ်းမတော့ လက်လွှတ်ခံခဲ့တာ မဟုတ်လား။
အင်း .. .. .. နော်ဇာ လည်း .. ကလေးနှစ်ယောက်နဲ့တဲ့။ သားတစ်ယောက် .. သမီးတစ်ယောက်တဲ့။
YOU ARE READING
" နွဲ့ဆိုးဗိုလ် "
Teen Fictionရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...