Code Blue , Code Blue မြေပြိုမှုကြောင့် လူနာတွေ ရောက်လာပါတယ်။ အရေးပေါ်ဆောင်က doctor တွေ အရေးပေါ်ဌာနကို လာပေးပါ။
အရေးပေါ်ကြော်ငြာချက်အပြီးမှာ စားလက်စ ပေါင်မုန့်လေးနဲ့ နွားနို့လေးကို စားပွဲပေါ်တင်ကာ အရေးပေါ်ဆောင်ကို ပြေးရပြန်တယ်။
ဟုတ်တယ် ဒါကျွန်တော်ရဲ့ ဘဝဘဲ ကျွန်တော် Doctor တစ်ယောက် ဖြစ်ချင်လို့ ဖြစ်လာတာမျိုးတော့ မဟုတ်ဘူး အကြောင်းအရာ တစ်ခုကြောင့် Doctor လုပ်နေတာ။
အရေးပေါ်ဌာနကို ဝင်တာမို့ နားရတယ်တော့ သိပ်မရှိဘူး နေရောင်တောင် မထိတာကြာလို့ အသားရည်တွေလည်း သွေးစုတ်ဖုတ်ကောင်လို ဖြစ်နေပြီ။ ဒါပေမယ့်လည်း ဒီအလုပ်ကို စွန့်လွှတ်လို့ မဖြစ်ဘူး။ လုံးဝစွန့်လွှတ်လို့ကို မဖြစ်တာ။
.
မြေပြိုမှုကြောင့် လုပ်ငန်းခွင်က အလုပ်သမားတော်တော်များများ ဒဏ်ရာရကြတယ်။ အဲ့ထဲကမှ အသက်အန္တရာယ်ပိုများတဲ့ လူနာတွေကို ခွဲထုတ်ပြီး အရေးပေါ်ဆောင်က တာဝန်ယူကြတယ်။ ကျွန်တော်တို့ အရေးပေါ်ဌာနမှာ ဌာနမှူးအပါအဝင် ဆရာဝန် ၁၂ ယောက် ရှိတယ်။ သာမန်ဆို ဆရာဝန်တွေက လုံလောက်မှုရှိပေမယ့် ဒီ case မှာတော့ အားလုံးမနားတမ်း ကုသနေရတယ်။
OR ခန်းတွေလည်း တစ်ယောက်ပြီး တစ်ယောက်ခွဲစိတ်မှုတွေနဲ့ ပြည့်နှက်နေတယ်။
ကျွန်တော်လည်း ပထမ ၂ယောက်ခွဲပြီး နောက်တစ်ယောက်ကို ခွဲဖို့ လုပ်နေတုန်း
Nurse-Dr.Saint ဒီလူနာအရင်ခွဲရမယ်ထင်တယ် သံချောင်းစိုက်ထားတာတော့ ဖြတ်ထုတ်လို့ ပြီးပါပြီ ဒါပေမယ့် အတွင်းတော်တော်ထိထားတယ် Dr. နံရိုး၃ချောင်းလည်း ကျိုးနေတယ်။ အဆုတ်နဲ့ ကျောက်ကပ်လည်း တော်တော်ပျက်စီးနေတယ်။
Saint-ခွဲဖို့ အသင့်လုပ်ပေးပါ နှလုံးခုန်နှုန်းလည်း အဆက်မပြတ်သတိပေးနေပါ woo သွေးဖိအား ထိန်းပေးပါ ခွဲစိတ်မှု စတင်မယ်
woo-တော်တော်ပျက်စီးနေတာဘဲ အခြေအနေသိပ်မကောင်းဘူး Sangbae
Mean- နှလုံးခုန်နှုန်းကျနေတယ် သွေးထွက်လည်း များနေပြီ
Saint-သွေးထပ်ဖြည့်ပေးပါ
Mean-မရနိုင်တော့ဘူး နှလုံးရပ်နေပြီ
Saint-နှလုံးနှိုးစက် အသင့်ပြင်
woo-Ready
Saint-150 Joules
woo-clear
Saint-shock
Mean-မတက်လာဘူးး
Saint-200 Joules တင်မယ်
woo-clear
Saint-shock
Mean-ပြန်တက်မလာဘူး Saint လက်လျှော့လိုက်တော့
Saint-ဟာ ဘာကိစ္စလက်လျှော့ရမှာလဲ
Mean-ငါတို့ တတ်နိုင်သမျှ ကယ်ခဲ့ပြီးပြီလေကွာ လက်လျှော့လိုက်ပါတော့
သေဆုံးချိန်သတ်မှတ်မယ်
Saint-ဟူးးးး လူနာ သေဆုံးချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် ၂၆ စက္ကန့်
သေဆုံးချိန်သတ်မှတ်ပြီးတော့ ခွဲခန်းအပြင်ကိုထွက်ခဲ့တယ်။ အပြင်ရောက် လူနာရှင်ထင်ပါတယ်။ ကောင်လေးတစ်ယောက် ကျွန်တော့်ဆီကို ပြေးလာတယ်။
Boy- Dr. Dr. ကျွန်တော့် အဖေ အခြေအနေလေး
ကျွန်တော်ခေါင်းခါပြလိုက်တယ်။ ပြီးတော့ Dr. တစ်ယောက်တွက် မပြောချင်ဆုံးစကားတစ်ခု
Saint-အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် လူနာအသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး
Boy-ဟာ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး Dr. ညာတာ Arrpa က ဘာလို့ ဘာလို့ သေရမှာလဲ Dr. ညာနေတာမလား ဟုတ်တယ်မလား Dr. ညာနေတာမလား အဟင့်
Saint-ဟိတ် ကောင်လေး ကောင်လေး
ရုတ်တရက် ပျော့ခွေသွားတဲ့ ကောင်လေးကို မနည်း လှမ်းထိန်းပြီး ပွေ့လိုက်ရတယ်။ ပြီတော့ လူနာကုတင်တစ်ခုဆီ ပွေ့ချီပြီး ခေါ်သွားကာ ကုတင်ပေါ်တင်ပေးလိုက်တယ်။
~~~
ဒီနေ့ ကျွန်တော်လုပ်နေတဲ့ Hotel မှာ party တစ်ခုရှိတယ်။
စားဖိုမှုးချုပ် နေမကောင်းလို့ ခွင့်ယူထားတာကြောင့် ကျွန်တော်ရယ် အခြားစာဖိုမှူးတစ်ယောက်ရယ် ဦးဆောင်ပြီး တာဝန်ယူရတယ်။
လူကြီး သမီးရဲ့ birthday party ဖြစ်တာကြောင့် သေသေချာချာ ဂရုစိုက်ပြီး ပြင်ဆင်နေရတယ်။ အမှားအယွင်းရှိလို့ မဖြစ်ဘူးလေ။
ပြင်ဆင်စရာ ပြင်ဆင်ပြီးတော့ ဝတ်စုံလည်းပြီးတော့ ခန်းမဆီကို လာခဲ့တယ်။ ဖုန်းကိုတော့ locker ထဲမှာဘဲ ထည့်ခဲ့တယ်။
ကျွန်တော်တို့ Hotel style က buffet ဆိုပေမယ့် စားပွဲရှည်မှာ စားဖိုမှူးတွေရပ်နေရပြီး ဧည့်သည်တွေ စားချင်တဲ့ အစားအသောက်ကို ဧည့်သည်တွေ ရှေ့မှာတင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးရတဲ့ style ပါ
အဲ့ဒါကြောင့် Party ချိန်ဖြစ်တဲ့ 11am ကနေ 1 pm ထိ ခန်းမထဲမှာ ရပ်ပြီး အစားအသောက်တွေ ပြုလုပ်ပေးနေရတယ်။
ပင်ပန်းတယ်ဆိုပေမယ့် ကိုယ်ချစ်မြတ်နိုးရတဲ့ အလုပ်ကို လုပ်နေရတာမို့ ပင်ပန်းတယ်လို့ကို မထင်မိတာ။
ကျွန်တော့်မေမေက ဟင်းချက်အရမ်းတော်တာလေ ကျွန်တော့်ကိုလည်း စားဖိုမှူးတစ်ယောက်ဖြစ်စေ ချင်ခဲ့တာ။ ခုတော့ မေမေ့ဆန္ဒတွေ ပြည့်ဝပြီထင်ပါတယ်။
Party ချိန်ပြီးသွားလို့ အဝတ်လဲဖို့ Locker ခန်းထဲလာခဲ့တယ်။
ဖုန်းကို ယူကြည့်လိုက်တော့ အခေါက်ပေါင်းများစွာ ခေါ်ထားတဲ့ call center ဖုန်းနံပါတ်တစ်ခု
တစ်ခုခု အရေးလို့ ခေါ်တာ ဖြစ်မှာမို့ ဖုန်းပြန်ခေါ်လိုက်တယ်။
Perth-Hello 119 ကလား ဖုန်းခေါ်ထားလို့ပါ
119-ခဏလေးနော် ပြန်ကြည့်ပေးပါ့မယ်
Perth-ဟုတ်
119-တစ်ဖက်က Mr.tanapon ကို သိပါသလားရှင့်
Perth-ဟုတ် ကျွန်တော် အဖေပါ ဘာဖြစ်လို့လဲ ခင်ဗျ
119-ဟုတ်ကဲ့ Mr.tanapon မြေပြိုမှုထဲ ပါတာကြောင့် ဆေးရုံတင်ထားရပါတယ်။ SNU Boramae hospital ကို လာခဲ့ပေးပါရှင်
ဟိုဘက်ကို ပြန်တောင် မဖြေဖြစ်တော့ဘဲ ဖုန်းချပြီး Hotel ထဲက ပြေးထွက်ခဲ့တယ်။ အပြင်ရောက်တော့ Taxi တစ်စီးကို တားပြီး SNU ကို လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးလဲ အဖေ ဘာမှ မဖြစ်ဖို့ ဆုတောင်းနေရတယ်။
ဆေးရုံရှေ့ရောက်တာနဲ့ Taxi ခပေးပြီး ဆေးရုံထဲ အမြန်ပြေးဝင်ကာ ကောင်တာမှာ အဖေ့နာမည်မေးတော့ ခွဲခန်းဝင်နေတယ်တဲ့။ အဲ့ဒါနဲ့ ခွဲခန်းရှေ့ ခေါက်တုန့် ခေါက်ပြန် လျှောက်ကာ စောင့်နေမိတယ်
အဖေက တော်ရုံစိုက်ထဲ သွားတာမဟုတ်ဘူး ဦးလေးကဘဲ သွားကြည့်လေ့ရှိတာ အဖေက တော်ရုံနဲ့ ကိုရီးယားမှာတောင် မနေဘူးရယ် ထိုင်းမှာအနေများတာ ဒီနေ့မှ ရောက်ရောက်ချင်း စိုက်ထဲ သွားခဲ့တာ။
မနက်ထဲက စိတ်က လေးနေလို့ Party မှာ တစ်ခုခုလွဲချော်သွားမှာစိုးလို့ သတိထားလုပ်နေခဲ့တာ။ Party ပြီးမှ သက်ပြင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ရင်လေးနေတာက လျော့မသွား။ အဖေ့သတင်းကြားတော့ ရင်လေးနေရတဲ့ အကြောင်းကို ရှာတွေ့တော့တယ်။
စောင့်နေရင်း Dr. တစ်ယောက်ထွက်လာတော့ အပြေးလေး သွားမေးမိတယ်။
Dr. ရဲ့ ဖြေကြားမှုအဆုံးမှာ ခံနိုင်ရည်မရှိတော့တာကြောင့် လောကကြီးကို ခဏ ရှောင်ဖယ်နေမိတယ်။
~~~
ဒါကျွန်တော်တို့ နှစ်ယောက်စတွေ့တဲ့ ပုံစံဘဲ
ဝမ်းနည်းစရာ အနည်းအကျဉ်းပါတယ် ဆိုပေမယ့် အဲ့လောက်လေးနဲ့ဘဲ တွေ့ဆုံမှုတစ်ခု ဖြစ်စေချင်ခဲ့တာ။
ESTÁS LEYENDO
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)