Saint အိပ်နေရင်း ခဏကြာတော့ ငိုသံလိုလို ကြားတာကြောင့် ထထိုင်လိုက်တယ်။ ဘေးကို ကြည့်တော့ ဟိုကောင်လေး ငိုနေတာ။ သေချာကြည့်တော့ နိုးနေတာလဲ မဟုတ် အိပ်ရင်းနဲ့ ငိုနေတာမျိုး ။ ခဏနေတော့ ပါးစပ်ကပါ ယောင်ယမ်းထွက်လာတယ်
Perth-မလုပ်ပါနဲ့တောင်းပန်ပါတယ် လွှတ်ပေးပါတော့ ပူလို့ပါ
ဘာလဲ ဒီကောင်လေး အိမ်မက်ဆိုးတွေ မက်နေတာလား ဒီလို ကောင်လေးမှာ အိမ်မက်ဆိုး မက်စရာ အကြောင်းအရင်းရှိလို့လား
ကျွန်တော်အတွေးလွန်နေတုန်း ကောင်လေး လန့်နိုးလာတယ်။
Perth-အား!
ပြီးတော့ ကျွန်တော့်ကို လာဖက်တယ်။ ပါးစပ်ကလည်း
Perth-ကိုကို ကျွန်တော့်ကို ကယ်ပါနော် ကျွန်တော် ကြောက်တယ် ကျွန်တော့်ကို ကယ်ပါနော်
လို့ တတွတ်တွတ်ပြောနေတာ။
ကျွန်တော်လည်း ပထမပိုင်းတွန်းထုတ်နေပေမယ့် ကောင်လေးက အရမ်းကြောက်နေတဲ့ ပုံပေါ်တာကြောင့် ခေါင်းကို အသာပွတ်ရင်း ပြန်ပွေ့ဖက်ပေးထားလိုက်တယ်။
တအောင့်ကြာတော့ ကောင်းလေးငြိမ်ကျသွားတာမို့ ရင်ခွင်ထဲက ထုတ်ကြည့်လိုက်တော့ ပြန်အိပ်ပျော်သွားခဲ့ပြီလေ။ အဲ့ဒါနဲ့ ခေါင်းအုံးပေါ်အသာလေးချပေးပြီး စောင်လေးခြုံပေးလိုက်တယ်။ ပြီးမှ ကျွန်တော်လည်း ပြန်အိပ်ဖို့ လုပ်လိုက်တယ်။
မနက်မိုးလင်းတော့
Perth-သခင် သခင်
Saint-အင်းးး
ပြန်ထူးပေးမယ့် တစ်ဖက်ကို လှည့်သွားပြီး ပြန်အိပ်နေတဲ့ သခင်ကြောင့် လက်မောင်းကို ဆွဲလှုပ်ရင်း နှိုးလိုက်မိတယ်။
Perth-သခင် ထတော့လို့ ၈နာရီထိုးတော့မယ် အမလေး
လှုပ်နှိုးနေတဲ့ လက်ကို စောင့်ဆွဲချလိုက်တာမို့ လူက သူ့ဆီကို အတုံးအလှဲ။ လဲကျသွားတဲ့ ကိုယ့်ကို တစ်ဖက်ပြန်လှည့်လာပြီး တင်းကျပ်စွာ ဖက်ထားတဲ့ အပြင် ခြေထောက်နဲ့ပါ ခွထားသေးတယ်။ဖက်လုံးထင်နေသလားဘဲ။ အသက်ရှုတွေတောင် ကျပ်လာပြီ။ အဲ့ဒါနဲ့ အတင်းတွန်းထုတ်ပြီး
Perth-ကိုကို ထတော့လို့ ပြီးတော့ဖယ် အသက်ရှုကြပ်လာပြီ
Saint-ဟင် sorry sorry
အိပ်ချင်မူးတူးနဲ့ ထထိုင်ပြီး မျက်လုံးကို မဖွင့်သေးဘဲ ခေါင်းကြီး ငိုက်စိုက်ကျကာ ထိုင်အိပ်နေတဲ့ ကျွန်တော့် ကိုကိုရယ်ပါ
ကျွန်တော်လည်း ကုတင်ပေါ်က ဆင်းရင်း
Perth-သခင် ၉နာရီထိုးနေပြီနော် ဆေးရုံသွားဖို့ နောက်ကျနေပြီမလား
Saint-ဘာ
အဲ့တော့မှ ကုတင်ပေါ်က အပြေးအလွှားဆင်းပြီး မျက်နှာသစ်ဖို့ ဝင်သွားတဲ့ ကိုကို့ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။ ပြီးမှ အိပ်ရာသိမ်း စောင်ခေါက်ပြီး ကိုကိုထွက်အလာကို သဘက်လေးကိုင်ပြီး စောင့်နေလိုက်တယ်။
Saint-ဘာလို့ စောစောမနှိုးတာလဲ
Perth-နှိုးတာဘဲလေ ထမှ မထတာကို
Saint-အင်္ကျီထုတ်ပေး
Perth-ဟုတ်မျက်နှာသုတ်လိုက်ဦး ပြီးရင် မနက်စာ စားလိုက်နော် ကျွန်တော် ပြင်ထားပေးတယ်
Saint-အချိန်မရှိဘူး မစားတော့ဘူး
Perth-အချိန်ကရှိပါသေးတယ် ခုမှ ၈နာရီဘဲ ရှိသေးတာကို
Saint-ဘာပြောတယ် မင်းပြောတော့ ၉နာရီဆို
Perth-ထမှ မထတာ ရတဲ့နည်းနဲ့ နှိုးရတာပေါ့လို့
Saint-ကျစ်
Perth-စိတ်ဆိုးသွားရင်တောင်းပန်ပါတယ်
Saint-ထားလိုက်တော့
Saint အဝတ်အစားဝတ်ပြီး ထမင်းစားခန်းကို လာခဲ့တယ်။
စားပွဲပေါ်မှာ ပြင်ပေးထားတဲ့ အစားအစာတွေကြောင့် တစ်ချက်ပြုံးလိုက်မိတယ်။
သူပြင်ပေးထားတာတွေက ပေါင်မုန့်လေးကို အနေတော်ကင်ပေးထားပြီး အသားကို စဉ်းပြီး ကြော်ထားတာလေးရယ် ကြက်ဥကြော်လေးရယ် ပြီးတော့ စားပြီး သောက်ဖို့ ဖရဲသီး ဖျော်ရည်လေးရယ်။
ကျွန်တော်လည်း တစ်ခါမှ တကူးတက လုပ်မစားဖူးတဲ့ မနက်စာကို အဝ စားလိုက်တယ်။
ပြီးမှ သူ့ကို မေးချင်တာလေးကို မေးလိုက်တယ်
Saint-ညက အိမ်မက်ဆိုးတွေမက်နေတာလား
Perth#ဟင် ကိုကို ဘယ်လိုသိတာပါလိမ့်#
Saint-အိပ်ရင်း ငိုနေလို့မေးကြည့်တာ
Perth-မမှတ်မိတော့ဘူး
#ကျွန်တော်မှတ်မိပါတယ် ဒါပေမယ့် ဒီလို စိတ်ညစ်စရာတွေကို ကိုကို့ကို မပြောပြချင်ဘူး# ကျွန်တော့် အိမ်မက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ကျွန်တော့် မိထွေးကို ခေါင်းခြောက်အောင် Hair မှုတ်ပေးရတယ် ကျွန်တော် တစ်ခါမှ မလုပ်ဖူးတာကြောင့် တစ်နေရာထဲကို အကြာကြီး မှုတ်လိုက်မိတယ်
Lai-အမလေး သေပါပြီး ပူလိုက်တာ ဘယ်လိုလုပ်နေတာလဲ ငါ့ဆံပင်တွေ လောင်ကုန်ပြီလားတောင်မသိဘူး နင်က တမင်သက်သက် ငါ့ကို လာရွဲ့နေတယ်ပေါ့ဟုတ်လား
Prum လာစမ်း
Prum-ဘာဖြစ်တာလဲ မား
Lai-အဲ့ကောင်ကို အင်္ကျီချွတ်ပြီး ချုပ်ထားစမ်း
Prum-ဟုတ်
Prum က ကျွန်တော့်အင်္ကျီကို ဆွဲချွတ်ပြီး လက်ကို ချုပ်ထားတယ် ကိုကို Prumက အားသန်သူမို့ ကျွန်တော် ရုန်းလို့ မရဘူး။ ဟိုမိန်းမကြီးကတော့ ကျွန်တော့်ကျောကို hair dryer နဲ့ ထိပြီး မှုတ်နေတာ အရမ်ကို ပူတယ် နောက်ကျောတစ်ခုလုံး မီးလောင်နေသလို ခံစားရတယ်။အဲ့ခံစားမှုကို ကျွန်တော်တစ်သက်လုံးမေ့မှာ မဟုတ်ဘူး ။ ကျောပြင်မှာ မီးလောင်ဒဏ်ရာလို ထင်နေမှ ကျွန်တော့်ကို လွှတ်ပေးတယ်။ ကျွန်တော်လေ ဒီအကြောင်းတွေကို ပါးပါးကို ပြန်တိုင်ချင်တယ်။ ဒါပေမယ့် မတိုင်ရဲဘူး ။ တိုင်လိုက်ရင် နောက်နေ့ ပါးပါး အိမ်မှာ မရှိရင် ဒီထက်ပိုဆိုးတဲ့ အရာတွေနဲ့ ထပ်နှိပ်စက်ဦးမှာလေ။ နှုတ်ဆိတ်နေခြင်းက ကျွန်တော့်အတွက် အသက်သာဆုံးနည်းပါ။
Saint- ငါဆေးရုံသွားတော့မယ် နောက်တစ်ပါတ်လောက်မှ ပြန်လာဖြစ်မယ် ဒါ ငါ့ဖုန်းနံပါတ် အကြောင်း တစ်ခုဆို ဖုန်းဆက်လိုက်
Perth- ဟုတ်
ကိုကိုထွက်သွားပြီးတော့ ပန်းကန်တွေဆေး အိမ်သန့်ရှင်းရေးလေး အနည်းငယ်လုပ်လိုက်တယ်။
Perth -ဒီတစ်ပါတ်လုံးတော့ ပျင်းနေတော့မှာဘဲ။ ဟင် ငါ ကိုကို့ဆီ ထမင်းဘူးပို့ပေးလို့ ရတာဘဲဟာ
တော်လိုက်တဲ့ ငါလေးပါလားနော်
သီချင်းလေး ညဉ်းရင်း ကိုကို့တွက် နေ့လည်စာကို ချက်ပြုတ်နေလိုက်တယ်။
At hospital
Mean-ဟေ့ကောင် မနေ့က အခြေအနေလေး
Saint-ဘာမှ မလုပ်ဖြစ်ပါဘူးကွာ
Mean-ဟာ မင်းသူ့ကို အလှထားဖို့ ဝယ်တာတော့ မဟုတ်ဘူးမလား
Saint-ဘာလို့ အလှထားရမှာလဲ ငါ အဆင်သင့်မဖြစ်သေးလို့
Mean-ဘယ်တော့မှ အဆင်သင့်ဖြစ်မှာလဲ
Saint-ဒါကတော့ကွာ
အော် ဒါနဲ့လေ သူက အတိတ်ဆိုးတွေဘာတွေများရှိလား
Mean-ဘာလို့တုန်း ငါသိရသလောက်ကတော့ ဖူးဖူးမှုတ်ခံထားရတဲ့ ကလေးပါ
Saint-မနေ့ညက အိမ်မက်ဆိုးတွေ မက်ပြီး ထယောင်နေလို့ကွ
Mean-ဟန် တကယ်ကြီးလား အိမ်မက်ဆိုးမက်တယ် ယောင်တယ်ဆိုတာ တကယ် နာကျင်စရာတွေ ရှိခဲ့တဲ့သူမှ ဖြစ်တတ်တဲ့ အရာမလား
Saint-အင်း အဲ့ဒါကြောင့် ငါ စဉ်းစားနေတာ
Mean-အေးပါ ငါလည်း နည်းနည်းစုံစမ်းကြည့်ဦးမယ်
Saint-အင်း ငါ လူနာသွားကြည့်လိုက်ဦးမယ်
Mean-မင်းညီဆီလည်း သွားလိုက်ဦး
Saint-အင်း
ကျွန်တော် Tam ထားတဲ့ အခန်းကို လာခဲ့တယ်။
Saint- ညီ မင်းမကောင်းဘူးကွာ ဘာလို့ အဲ့လောက် အိပ်နေရတာလဲ ကိုကို့ကို စကားလဲ ထမပြောဘူး ညီဒီလိုလုပ်နေတာ ကိုကိုပျော်မယ်ထင်နေတာလား ကိုကို့ကို ထပ်စိတ်မကောင်း ဖြစ်စေချင်ရင် နိုးထလာခဲ့တော့နော်
Tam ရဲ့ လက်လေးကို စုတ်ကိုင်ရင်း စကားတွေ ပြောနေမိတယ်
လွန်ခဲ့သော ၂နှစ်ခန့်က
Tam-ငါ့ကိုလွှတ်စမ်း ငါအဲ့လို လူစားမဟုတ်ဘူး
boys-5555
Tam-လွှတ်လို့ ငါပြောနေတယ်နော်
boy-မလွှတ်တော့ ဘာဖြစ်ချင်လဲ ပြီးတော့ မင်း ဒီည ငါတို့နဲ့ လိုက်အိပ်ရမယ် 555
Tam-မအိပ်ဘူး မင်းတို့လို ကောင်တွေနဲ့ ငါက ဘာလို့ အိပ်ရမှာလဲ
boy-အိပ်ရမယ်လေ မင်းက …ဘဲဟာ
Tam-မဟုတ်ဘူး မဟုတ်ဘူး အဲ့ဒါ အဲ့ဒါက
#အဲ့ဒီအမဲစက် ကျွန်တော့်ဘဝတွက် ဘယ်တော့မှ ဖျောက်လို့မရတော့တဲ့ အမဲစက်ဘဲ ခုလဲ အကြီးတန်းက အစ်ကိုကြီးတွေက ကျွန်တော့်ကို ကျောင်းအပြန် လူပြတ်တဲ့ လမ်းကြားထဲကို အတင်းချုပ်ပြီး ခေါ်လာတာ ပြီးတော့ ကျွန်တော့်ကို သူတို့နဲ့ အိပ်ဖို့ အတင်းပြောနေတာ ကျွန်တော် ငြင်းတယ် ထွက်ပြေးဖို့လည်း လုပ်တယ် မလွတ်ဘူး သူတို့လက်ထဲက မလွတ်မြောက်ခဲ့ဘူး နောက်ပိုင်း သူတို့ ညှိမရတာ သိတော့ အတင်း ဖမ်းချုပ်ပြီး တိုက်ခန်းတစ်ခုကို ခေါ်သွားတော့တယ် အဲ့ အခန်းထဲမှာဘဲ ကျွန်တော့်ကို ဝိုင်းအနိုင်ကျင့်ကြတယ် အရမ်းလည်း ကြောက်တယ် ရှက်လည်း ရှက်တယ် နာလည်းနာတယ် သေမတတ်နာကျင်တယ် သူတို့ ဆန္ဒတွေလည်း ပြည့်သွားရော ကျွန်တော့်ဘေးကို ၅ထောင်တန် တစ်အုပ် ပစ်ချပေးတယ် #
boy-အဲ့မှာ ၅သိန်း ငါတို့ ၅ယောက်စာ Trum ပြောတာတော့ တစ်ယောက် ၁သိန်းတဲ့ မင်းက အသစ်မဟုတ်တော့ အဲ့လောက်တော့ မရသင့်ပေမယ့် ငါ့တို့ ခံစားချက်ကို ကောင်းကောင်းဖြည့်စည်း ပေးလို့ အပြည့်ပေးတာ နောက်နေ့ လိုရင် ဆက်သွယ်လိုက်မယ် ဒါ ငါတို့ တိုက်ခန်း ဒီညတော့ ဒီမှာဘဲ အိပ်လိုက် မနက်ကျမှ ပြန်ပေါ့ အော် ပြီးတော့ ဗီရိုထဲမှာ အဝတ်တွေရှိတယ် ယူဝတ်လို့ရတယ် မင်းအဝတ်တွေက ပြဲသွားတော့ ဝတ်ရတော့မှာ မဟုတ်ဘူး
သူတို့ ပြောချင်ရာပြောပြီးတော့ ထွက်သွားတယ်။ သူတို့ ထွက်သွားပြီးတော့ ကျွန်တော် ချုံးပွဲချ ငိုကျွေးလိုက်တယ်။ ခန္ဓာအောက်ပိုင်းကလည်း သွေးတွေ တော်တော်ထွက်နေတယ်။ ဆေးခန်းသွားရမှာ သိပေမယ့် ကျွန်တော် မသွားချင်တော့ဘူး။
ကိုကို့ကို ထားမသွားချင်ပေမယ့် ဒီလိုဘဝ ဒီလို အခြေအနေကြီးမှာ ကျွန်တော် အသက်ဆက်မရှင်ချင်တော့ဘူး။ နာကျင်စရာတွေကို မေ့ဖျောက်ပြီး လောကကြီးကနေ အပြီးပိုင်ထွက်သွားချင်တယ်။
ကိုကိုဖုန်းခေါ်နေတာသိပေမယ့် လျှစ်ယူရှုထားခဲ့တယ်။ ကုတင်ပေါ်မှာပဲ မျက်လုံးကို တင်းအောင်ပိတ်ထားပြီး နာကျင်မှုကို တွန်းလှန်နေခဲ့တယ်။ အဲ့နောက်ပိုင်း ဘာဆို ဘာမှ မသိတော့ဘူး အဖြူရောင် ပတ်ဝန်းကျင်အသစ်ကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်း ပြေးလွှား ပျော်မြူးနေခဲ့တယ်။ ပျော်တယ် အတင်းပြောသံတွေ ရှုံ့ချတဲ့ အကြည့်တွေ ရွံမုန်းတဲ့ပုံစံတွေ မရှိဘူး တစ်ယောက်ထဲ ဆိုပေမယ့် ပျော်တယ်။ အနိုင်ကျင့်ချင်တဲ့သူတွေလည်း မရှိဘူး ။ ကိုကို့ကို လွမ်းတာက လွဲရင်ပေါ့။ ကိုကို ဒီချိန်ဆို ကျွန်တော့ကို သတိရနေမလား။။
Saint
ကျွန်တော်ညီလေးဆီဖုန်းခေါ်တယ် မကိုင်ဘူး။ ဖုန်းဝင်တယ် မကိုင်တာ ။ ကျောင်းပြန်လာရမယ့် အချိန်ထက် တော်တော်နောက်ကျနေပြီ။ ည၁၀နာရီတောင် ထိုးတော့မယ်။ ဒီကလေး တစ်ခါမှ ဒီလောက် နောက်မကျဖူးဘူး။ အန္တရာယ်များ ဖြစ်နေသလဲ။ ဒါမှမဟုတ် ဘာများဖြစ်နေသလဲ။
စိတ်အရမ်းပူလာတာကြောင့် Mean ကို ခေါ်ပြီး လိုက်ရှာခဲ့တယ်။ ညီက အမြဲ GPS ဖွင့်ထားတတ်တဲ့သူမို့ ဖုန်းကတစ်ဆင့် ရှာခဲ့တော့ မြို့ပြင်နားက တိုက်ခန်းတစ်ခုဆီမှာ ပြနေတာ။
ညီက ဒီကို ဘာလာလုပ်တာလဲ။ သူ့သူငယ်ချင်းတွေလည်း ဒီမှာနေတယ် မကြားဖူးပါဘူး။ပြီးတော့ ဟိုကိစ္စဖြစ်ပြီး ကတည်းက ညီက ဘယ်သူငယ်ချင်းနဲ့မှ မပေါင်းတော့တာ။
စဉ်းစားတာတွေကို ရပ်ပြီး ညီ GPS က ပြနေတဲ့ အခန်းဆီကို လာခဲ့တယ် အခန်းရှေ့ရောက်တော့ တံခါးကို ခေါက်လိုက်တယ် ။တစ်ခါခေါက်လည်း ထွက်မလာ နှစ်ခါခေါက်လည်း ထွက်မလာ။
Saint-ညီ တံခါးလာဖွင့်စမ်း ညီအထဲမှာ ရှိတာ ကိုကိုသိတယ်နော် အခုချက်ချင်း တံခါးလာဖွင့် မဟုတ်ရင် ကိုကို တံခါးဖျက်ဝင်လာမှာနော် ညီ!
ကျွန်တော်တို့ ဘယ်လောက်အော်ခေါ်ခေါ်ထွက်မလာတာကြောင့် လှေကားနားမှာ ရှိတဲ့ မီးသတ်ဆေးဘူးနဲ့ တံခါးကို ရိုက်ဖွင့်လိုက်တယ် ။ ပြီးတော့ အခန်းထဲကို ပြေးဝင်ခဲ့တယ်။ ညီကို ကြည့်ပြီး ကျွန်တော် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိတယ်။
ကုတင်ပေါ်က အိပ်ရာခင်း ဖြူဖြူလေးပေါ်မှာ သွေးတွေအလိမ်းလိမ်းနဲ့ မေ့မျော့နေတဲ့ ကျွန်တော့်ညီလေး။
နာကျင်တယ် ကျွန်တော်ရင်တွေ ကွဲထွက်သွားသလိုဘဲ ငိုဖို့တောင် မေ့နေသလိုဘဲ မျက်ရည်တွေတောင် မကျလာတော့ဘူး။ ရင်ထဲမှာတော့ မီးမြှိုက်ထားသလို လောင်ကျွမ်းနေတာ။
မေ့နေတဲ့ ညီကို ပွေ့ချီပြီး အနီးဆုံးဆေးရုံကို လာခဲ့တယ်။
လောကကြီးက ကျွန်တော်တို့ မိသားစုကို နှိပ်စက်လို့ မဝသေးဘူးထင်တယ်။
ဆရာဝန်ပြောကြားချက်ကတော့ အနိုင်ကျင့်ခံလို့ သွေးထွက်လွန်နေတာတဲ့ အတွင်းနံရံတွေလည်း တော်တော် ပျက်စီးသွားတယ်တဲ့ အူအချို့လည်း ထိခိုက်ထားတယ်တဲ့ ကြောက်လန့်မှုကြောင့် သတိမေ့သွားတာ စစ်ဆေးချက်အရ နှလုံးလည်း ထိထားတာမို့ လူနာကိုယ်တိုင် နိုးထချင်မှ နိုးထလာနိုင်တော့မယ်တဲ့ တစ်နည်း ပြောရမယ်ဆိုရင် ကိုးမား ဝင်သွားတာတဲ့ဗျာ
ကျေနပ်ကြလား ကျေနပ်ကြရဲ့လား လောကကြီးရယ်။ ခု ကျွန်တော့်ဘေးမှာ တစ်ယောက်မှ မရှိတော့ဘူး ။ ပျော်ကြတယ်မလား။ အေး မင်းတို့ကို ဒီထက်ပိုပျော်အောင် ငါ လုပ်ပေးမယ် Trum
CZYTASZ
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)