Zawgyi
Arrpa ရဲ့ ဈာပနာတော့ ကောင်းကောင်းမွန်မွန်နဲ့ ပြီးသွားခဲ့တယ်။ Omma ကတော့ သားသမီး နှစ်ယောက်တွက်ရော ယောက်ျားကပါ ဆုံးရှုံးရတာမို့ စိတ်နဲ့ လူနဲ့ မကပ်အောင်ကို ငိုနေတော့တာ
ကျွန်တော်လည်း လုပ်စရာတွေ လုပ်နေရတာရယ် ကံမကောင်းမှုတွေ စုပုံရောက်လာတာရယ်ကြောင့် ငိုဖို့တောင် အင်အား မရှိတော့ဘူး
ညီလေးကတော့ ဘေးက ကူလုပ်ပေးနေပေမယ့် သူစိမ်း လူငယ်လေးတွေ တွေ့ရင် လန့်နေတယ်ဆိုတာ သတိထားမိတယ် ။ သူ့အကြောင်းများသိတဲ့သူ ဖြစ်နေမလားဆိုပြီး စိုးရိမ်နေတယ် ထင်ပါတယ်။
မမကတော့ ဆေးရုံတင်ထားရတယ်။ အုပ်စုလိုက်ဆိုတော့ တော်တော်ကို ပြန်ကုယူမှ ရလိမ့်မယ်။ ဈာပနာပြီးတာနဲ့ အဲ့ကောင်ကို တရားစွဲဖို့တော့ စဉ်းစားထားတယ်။
~~~
1 month later
ဒီနေ့ တရားရင်ဆိုင်ရမယ့်နေ့ မမလည်း ပြန်ကောင်းနေပြီမို့ တရားရုံးကို မိသားစု အကုန်လာခဲ့တယ်။
တရားရုံးပေါက်မှာ ထိပ်တိုက်တွေ့ကြပါပြီ
လုပ်နေတဲ့ရုပ်ကိုက ကောက်ရိုက်ချင်စရာ သူ့သူငယ်ချင်းတွေလည်း သူ့အတိုင်းဘဲ အင်းပေါ့ အကျင့်တူလို့ ပေါင်းလို့ရကြတာပေါ့
မျက်နှာမြင်နေရင် ဆွဲထိုးမိတော့မှာမို့ Omma ကို တွဲပြီး အထဲကို ဝင်ခဲ့တယ်။
တရားရင်ဆိုင်နေတဲ့ အချိန်တွေမှာ စိတ်တော်တော် လှုပ်ရှားရတယ်။ ကျွန်တော်တို့ ငှားထားတဲ့ ရှေ့နေက တော်တယ်ဆိုပေမယ့် ဟိုဘက်က ငွေကြေးရော အာဏာရော သာတဲ့သူနဲ့ ပြိုင်ရတာမို့ အခက်အခဲတော့ ရှိတယ်။
နောက်တစ်ပါတ်ရက်ချိန်းပေးပြီး တရားရုံးရပ်နားခဲ့တယ်။
တရားရုံးက ထွက်တော့ ဟိုကောင်က ကျွန်တော့်ကို စကားပြောဖို့ လာခေါ်တယ်။ ကျွန်တော်လည်း ဘာပြောမယ်ဆိုတာ သိချင်တော့ ခဏလိုက်သွားလိုက်တယ်။
Saint -ဘာပြောစရာရှိလို့လဲ
Prum- ငါမင်းကို အကောင်းပြောမယ် တရားဆွဲတာ ဖျက်သိမ်းလိုက်ပါ
Saint-ဘာလဲ ရှုံးမှာ ကြောက်လို့လား
Prum-ဟင့်အင်း မင်းတို့ ပို အရှက်ကွဲစရာတွေ ဖြစ်လာမှာစိုးလို့ ငါ သတိပေးပြီးပြီနော် ဖျက်သိမ်းတာ မသိမ်းတာတော့ မင်းအပိုင်းဘဲ ငါသွားပြီ
ပခုံးကို ပုတ်ပြီး ထွက်သွားတဲ့သူကို နောက်က လိုက်ပြီး ဆွဲထိုးချင်တာ စိတ်ကို မနည်းထိန်းထားရတယ်။
နောက်တစ်ပါတ် ရက်ချိန်းရောက်တော့
တရားစီရင်ဖို့ စတင်တော့တယ်။ ဒီလိုဖြစ်မယ်မှန်းသိခဲ့ရင် ကျွန်တော် တရားစွဲမိမှာ မဟုတ်ဘူး အခုတော့....
တဖက်က ရှေ့နေက video တစ်စုပါတဲ့ file ကို တင်ပြတယ်။ ပြီးတော့ ညီလေးကို အယူတော် ဝင်ခိုင်းတယ်။
video တစ်ခုကို ဖွင့်ပြပြီး ဒီထဲက ကောင်လေးက ညီလေး ဟုတ် မဟုတ်မေးခြင်းပါ။
ယုတ်မာတယ် တအားယုတ်မာကြတယ် ဒီလို အရာကို ဒီလို နေရာမှာ ဖွင့်ပြစရာလား ကျွန်တော်ဘက်က ရှေ့နေက ပိတ်ခိုင်းမှ ပိတ်တယ်။
ပြီးတော့ သူတို့က Yein ကိုယ်တိုင် သူတို့ဆီလာတာပါ ကျွန်တော်တို့ မိသားစုက ယောက်ျားလေးရော မိန်းကလေးရော ဒီလို လုပ်စားနေတာပါဆိုပြီ တစ်ဖက်စီးနင်းပြောကြတယ်။
တရားသူကြီးလည်း သူတို့ဘယ်လောက်တောင် ပေးထားတယ် မသိ။ အမိန့်ချတော့ သူတို့မှာ အပြစ် မရှိဘူးပေါ့။ ကျွန်တော်တို့ကသာ သူတို့ကို နာမည်ပျက်စေတယ်ဆိုပြီး လျှော်ကြေးပေးဆောင် ရမယ်တဲ့လေ။ တရားရဲ့လားဗျာ။
Yein လည်း အမိန့်ချပြီးရော ရှက်ပြီး တရားရုံးထဲက ထွက်ပြေးသွားတာ လိုက်ဆွဲတာ မမှီလိုက် အရှိန်နဲ့ ကားလမ်းမပေါ်ပြေးထွက်တာကြောင့် လာနေတဲ့ ကားနဲ့ တိုက်မိတာကြောင့် နေရာမှာတင် အသက်ပျောက်ခဲ့တယ်လေ။
Omma လည်း သူ့သမီး ဖြစ်သွားတဲ့ မြင်ကွင်းကို မြင်ပြီး သွေးဆောင့်တက်ကာ ထိုနေရာမှာဘဲ သူ့သမီးနောက်ကို လိုက်သွားတယ်လေ။
ကျွန်တော် ဘယ်လောက်စိတ်တင်းတင်း ဒီလောက် အဖြစ်အပျက်တွေကိုတော့ ကျွန်တော် ခံနိုင်ရည် မရှိတော့ဘူး ကျွန်တော် သတိမေ့ခဲ့တယ် ထင်တယ်။ ကျွန်တော် မျက်လုံးဖွင့်ကြည့်တော့ ဆေးရုံမှာရောက်နေတာ။ ဘေးမှာ Mean က ကျွန်တော်ကို ထိုင်ကြည့်နေတယ်။
Mean-ဟေ့ကောင် Saint သတိရပြီလား ငါခေါ်တာ ကြားလား
Saint-အင်း ညီလေးရော
Mean-သူလည်း သတိမေ့နေတာ ခုထိ သတိမရသေးဘူး
Saint-ဘယ်မှာလဲ
Mean-ဟိုဘက်အခန်းမှာ
Saint-ငါ့ကို လိုက်ပို့ပေး ညီလေးဘေးမှာ ငါရှိနေမှ ရမှာ
Mean-ခုတော့ ခဏနားပါဦးကွာ ငါရှိနေတာဘဲ ငါကြည့်ပေးမှာပေါ့
ဒါ ကျွန်တော် သူတို့ပေါ် အငြိုးထားရတဲ့ အကြောင်းအရာဘဲ ကျွန်တော် အငြိုးထားသင့်ပါတယ်နော်
သူတို့ကို လက်တုံပြန်ဖို့ သူတို့မိသားစု အကြောင်းကို စုံစမ်းခဲ့တယ်။ သူတို့မှာ အငယ်ဆုံး Perth ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်တဲ့ ။ကျွန်တော့်ညီလေးနဲ့ အသက်တူတူဘဲ အတန်းလည်း တူကြတယ်လို့ ပြောတယ်။ သူလေးကတော့ ကျွန်တော့်ရဲ့ ကလဲ့စားချေ ပစ်မှတ် ဖြစ်လာခဲ့တယ်။ first year နဲ့ second year ကတော့ စာတွေ ပိနေတာကြောင့် ကလဲ့စားချေတဲ့ ဘက်ကို သိပ်မလှည့်ဖြစ်ဘူး။
အခု Third year ရောက်မှ အချိန်နည်းနည်းရလို့ သူအကြောင်းလေးတွေ စုံစမ်းခဲ့တယ်။
သူအိမ်ကတော့ သူ့ကို အငယ်ဆုံးလေး အချစ်ဆုံးလေးတဲ့ ။ အဲ့တော့ ကျွန်တော့်တွက်ပိုကောင်းတာပေါ့။ မဟုတ်ဘူးလား။
ခုလည်း ကံကြမ္မာက ကျွန်တော့်ဆီ ပြန်ရောက်လာပြီ ထင်ပါတယ်။ သူ့ဘာသူ ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ တစ်ခုဘဲ နည်းနည်းများ ဒီကောင်လေးက ကလေးဆန်သလားလို့ ။ သူ့အစ်ကိုလိုတော့ ယုတ်မာတဲ့ ပုံစံမဟုတ်ပေမယ့် စွာတေးလေးလိုဘဲ။ အဲ့ဒါကြောင့်လဲ သူ့အိမ်က ချစ်တာ နေမှာပေါ့။
~~~
Perth နိုးလာတော့ အဖေ့အကြောင်းဘဲ ခေါင်းထဲ ရောက်လာတာမို့ မျက်ရည်က ပြန်ကျလာတယ်။
ကျွန်တော့်ဘဝမှာ ဖေဖေတစ်ယောက်ဘဲ ရှိခဲ့တာကို လောကကြီး ခေါ်ထုတ်သွားတာတော့ မတရားဘူးဗျာ။
သူများအမြင်တွေမှာတော့ ကျွန်တော်က တစ်အိမ်လုံးရဲ့ အသည်းတုံးလေး အငယ်ဆုံးလေး အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လို့ ထင်ကြလိမ့်မယ် ။
တကယ်က ကျွန်တော့်ဘဝက အဲ့လောက် မသာယာဘူးဗျ
ကျွန်တော် ၇ နှစ်လောက်မှာ မေမေဆုံးသွားတယ်။ သိပ်မကြာလိုက်ဘူး နောက်ထပ် မိန်းမတစ်ယောက်က ကျွန်တော့် မေမေနေရာကို ဝင်ယူသွားတယ်။ အဲ့မိန်းမမှာ ကလေး ၂ယောက်ပါလာတယ်။ ကျွန်တော့်ထက် ၂ ယောက်လုံးက ကြီးတယ်။ အကြီးတွေသာ ဖြစ်တယ် ကျွန်တော့်ကိုဆို အမြဲ အနိုင်ကျင့်တယ်။ သူတို့ လုပ်လို့မကျေနပ်ရင် သူ့တို့အမေကို အကြောင်းပြချက်ပေါင်းများစွားနဲ့ သွားသွားတိုင်တယ်။ အဲ့လိုဆိုရင် အဲ့မိန်းမက ကျွန်တော့်ကို ဖေဖေ့ခါးပတ်နဲ့ ရိုက်တတ်တယ်။ အဲ့လောက်နဲ့လည်း ပြီးမသွားဘူး အခန်းထဲ ပိတ်ပြီး အစားမစားခိုင်းဘဲ တစ်နေ့လုံးနေခိုင်းတယ်။ ဖေဖေအိမ်မှာ မရှိတဲ့ အချိန်ဆိုရင်ပေါ့ ။ ဖေဖေပြန်လာရင်လည်း ပြန်မတိုင်ရဲဘူး။ တိုင်လို့ရှိရင် နောက်နေ့ ဖေဖေရုံးသွားရင် ထပ်ရိုက်ခံရမယ်ဆိုတာ ကျွန်တော်သိတာပေါ့။ သူတို့က တအားလည်းတယ် လူတွေ မြင်နိုင်တဲ့ နေရာတွေကို မရိုက်ဘူး။
ခုတော့ ကျွန်တော် လွတ်လပ်ပါတယ် ဘာလို့ဆို အလုပ်အကြောင်းပြပြီး အဆောင်မှာ နေဖြစ်လို့လေ။
မနေလို့လည်း မရဘူး။ ကိုကိုပြောထားတဲ့ စကားတစ်ခွန်းကို ကျွန်တော် ခုထိမမေ့သေးဘူး။
Prum-မင်းအခုတော့ အသက်မပြည့်သေးလို့ နေနှင့်ဦး မင်း အသက်ပြည့်တာနဲ့ ငါ့ထောင်ထားတဲ့ group ရဲ့ slave လုပ်ရမယ်
Perth-ဘာ group လဲ ဘာကို လုပ်ရမှာလဲ
Prum-ငါထောင်ထားတာ porn group လေ ဟိုကောင်မရှိတော့ ကြည့်ရှု့သူကျနေတာ ခုတော့ slave တစ်ယောက်တော့ထားမှ ရတော့မယ်လေ ဒါပေမယ့် slave တစ်ယောက်က အသက်ပြည့်မှ ရမှာလေ ဒါကြောင့် မင်းအခုသက်သာနေတယ် မှတ်ပါ
Perth-ပါးပါးဆီ ခွင့်တောင်းကြည့်ပြီးပြီလား
Prum-ဟား ဟား ငယ်လေးရာ ရယ်စရာ သိပ်ပြောတာဘဲ မင်းကို ဒီလိုလုပ်တာ ပါးပါးကို ပြောစရာလား ငါသတ်ခံရမှာပေါ့ မင်းလည်း ပြန်ပြောရဲ ပြောကြည့် ငါ့အကြောင်းမင်းသိပါတယ်
ပြောပြီး အခန်းထဲက ထွက်သွားမလို့လုပ်ပြီးမှ ကျွန်တော့်ဆီ ပြန်လှည့်လာပြီး
Prum-အော် ပြောဖို့ ကျန်သွားလို့ မင်းလုပ်ရမယ့် slave က sex slave နော်
ဘာကိုပြောတာလဲ ကျွန်တော်မသိဘူး sex slave ဆိုတာကရော ဘာကြီးလဲ။ ကိုကိုထွက်သွားတော့မှ google မှာ ခေါက်ရှာကြည့်တော့မှ ကျွန်တော် တော်တော်လန့်သွားတယ်။ အဲ့လိုမျိုးကြီး လုပ်ရမှာလား။ ဟင့်အင်း အဲ့လိုတော့ အဖြစ်မခံနိုင်တော့ဘူး။ ငါ ၁၈ နှစ်မပြည့်ခင် ဒီက ထွက်လို့ရအောင် ကြိုးစားရမယ်။
အဲ့လိုနဲ့ ကျွန်တော် နည်းလမ်းရှာတွေ့ပြီး ပါးပါးကို မရမက ခွင့်တောင်းကာ အိမ်က ထွက်လာခဲ့တာ ၁ နှစ်တောင်ရှိတော့မယ်။ နေနေတဲ့ အဆောင်ကိုလည်း ဘယ်သူ့မှ အသိမပေးဘူး ။ပါးပါးကိုလည်း အဆောင်လွဲပြောထားတယ်။
ခုကျွန်တော် ဆေးရုံက သွားမှ ဖြစ်မယ်။ သူတို့ရောက်လာတော့မယ်လေ ။ သူတို့နဲ့ တွေ့လို့ မဖြစ်ဘူး။ ကျွန်တော် အဲ့တာတော့ မလုပ်နိုင်ဘူး။
ဒါကြောင့်နိုးနိုးချင်း ဆေးရုံက အမြန်ထွက်ခဲ့တယ်။
လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်လာတုန်း လူတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။
Perth-တောင်းပန်ပါ...ဟင်
VOCÊ ESTÁ LENDO
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)