My Doctor 4💓Zawgyi&Unicode

1.9K 210 15
                                    

Zawgyi

လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်လာတုန်း လူတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။
Perth-တောင်းပန်ပါ…ဟင်
Dao-ငယ်လေး ဒါက ဘယ်လဲ
Perth-မမ ဟိုလေ
Dao-ပါးပါးဘေးမှာမနေဘဲ ဘယ်လျှောက်သွားချင်နေတာလဲ လာ
Daoဆိုတာ ကျန်တဲ့သူတော့မဟုတ်ပါဘူး ကိုကို့ရဲ့ ညီမ ကျွန်တော်ရဲ့ သွေးမတော်တဲ့ အမပေါ့
မမဆွဲခေါ်ရာနောက်ကို မလိုက်ချင်ဘဲ လိုက်လာရတယ်။ ပါးပါးရှိနေတဲ့ အခန်းကိုရောက်တော့ ဟိုမိန်းမကြီးကတော့ ငိုလို့ပေါ့ ဟန်ဆောင်မျက်ရည်တွေဆိုတာ ဘယ်သူက သိမှာလဲ ။ ကိုကိုက ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ကျွန်တော်လည်း အကြည့်ချင်း မဆုံရဲတာနဲ့ မျက်နှာတာ လွှဲနေလိုက်တယ်။
ကိုကိုက ကျွန်တော့်နားလာပြီး တိုးတိုးလေးပြောတယ်
Prum-အဆင်သင့်ဖြစ်နေပြီလား ငယ်လေး
Perth-ဘာ ဘာကိုလဲ
Prum-မေ့နေတာလား မေ့ချင်ယောင်ဆောင်နေတာလား ငယ်လေး ၁၈ နှစ်ပြည့်ရင် ဘာလုပ်ရမယ်ဆိုတာ မသိဘူးလား
Perth-ကျွန်တော် မလုပ်နိုင်ဘူး
Prum-မင်းမှာ ညဉ်းခွင့်မရှိဘူး ငယ်လေး ပြီးမှ ဆက်ပြောကြတာပေါ့ ခုတော့ ပါးပါးကို ကောင်းကောင်းမွန်မွန် လိုက်ပို့ကြတာပေါ့
ကျွန်တော်ဘာဆက်လုပ်ရမလဲ ပါးပါး ဈာပနာပြီးသွားရင် ကျွန်တော် ကိုကို့လက်က လွတ်မှာ မဟုတ်တော့ဘူး။ ဘယ်လိုလုပ်ရမလဲ ဘယ်သူ့ကို အကူအညီတောင်းရမလဲ ကျွန်တော့်မှာ ယုံကြည်ရနိုင်တဲ့ သူငယ်ချင်းလဲ မရှိဘူး။ ကျွန်တော့်ကို ကယ်ပေးနိုင်မယ့် တစ်ယောက်လောက်ရှိရင် သိပ်ကောင်းမှာဘဲ။
ဒီလိုနဲ့ ညရောက်လာတော့ ကျန်တဲ့သူတွေ ပြင်ဆင်စရာတွေ ပြင်နေကြတုန်း လေဟာဆောင်ကို တက်ခဲ့တယ်။ သက်ပြင်းရှည် တစ်ချက်ကိုချလိုက်ပြီး မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးမှာ တောက်ပစွာ ထွန်းလင်းနေတဲ့ လမင်းကြီးကို မော့ကြည့်ရင်း မွန်းကျပ်မှုတွေကို ဖြေဖျောက်ကြည့်နေမိတယ်။
#နက်ဖြန်ဆို ပါးပါးကို မီးသဂြိုလ်တော့မယ် အဲ့ဒါပြီး ပြာမှုန့်လွှင့်ပြီးရင်…ဟူးး ငါအများဆုံးရှောင်နိုင် ၁ ပါတ်ပေါ့ ဘယ်လိုလုပ်ရမလဲ အဲ့ဒါသာ လုပ်ရရင် ငါသေမှာ ဘယ်လို လူတွေကများ ဒါကိုထွင်ခဲ့တာလဲ ယောက်ျားချင်း ချစ်ကြိုက်ကြတာ မပြောပါဘူး ဒါပေမယ့် ဒါကြီးကတော့ မလွန်လွန်းဘူးလား ချစ်တယ် အတူနေတယ်ဆိုတာ အချစ်ဆုံးလူ တစ်ယောက်တည်းနဲ့တာ ဖြစ်ပေါ်နေထိုင်ရတဲ့ အရာတွေ မဟုတ်ဘူးလား ပြီးတော့ slave လူတစ်ယောက် သာယာမှုရဖို့အတွက် အခြားသူတစ်ယောက်က သေလောက်အောင် နာကျင်ပေးရတာကို slave လို့တောင် ခေါ်လို့ရလို့လား မသိဘူးကွာ ငါအဲ့ဒါကို လုံးဝမလုပ်နိုင်တာဘဲ သိတယ်#
Saint-ဒီမှာ ဘာရပ်လုပ်နေတာလဲ
Perth-Dr.
Saint-အစ်ကိုလို့ဘဲ ခေါ်ပါ
Perth-ဟုတ် ဒီတိုင်းပါဘဲ လေကောင်းလေသန့်လေး ရှုချင်လို့
Saint-မင်းရဲ့ ဆုံးရှုံးမှုတွက် စိတ်မကောင်းပါဘူး
Perth-ဟုတ်
Saint-တခြား စိတ်ရှုတ်စရာရှိနေသေးလို့လား
Perth-ကျွန်တော်…
#ငါ ပြောပြရမလား ဟာ ခုမှ စသိတဲ့သူကို ဘယ်လို ယုံပြီး ပြောရမှာလဲ#
ဘာမှ မဟုတ်ပါဘူး
Saint-စိတ်ညစ်စရာရှိရင် ရင်ဖွင့်လို့ရတယ်နော်
Perth-မရှိပါဘူး ခင်ဗျ
~~~
ဈာပနာပွဲတောက်လျှောက်ကနေ ပြီးသည်အထိ ကိုကိုက ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။ နက်ဖြန်ဆို ဈာပနာပွဲက ပြီးပြီ။ ဘယ်လိုလုပ်ရပါ့မလဲ။ ကျွန်တော်တကယ်ဘဲ sex slave လုပ်ရမှာလား။
Dao-ငယ်လေး မမနောက် ခဏလိုက်ခဲ့
Perth-ဟုတ်
မမခေါ်ရာနောက်လိုက်လာတော့ လူရှင်းတဲ့ တစ်နေရာရောက်တော့ ဟိုမိန်းမကြီး ရပ်စောင့်နေတာကို တွေ့ရတယ်
Lai-သားငယ် လာပါဦး ဒီနားကို
Perth-ဘာပြောစရာရှိလို့လဲ အန်တီ
ကျွန်တော် အနားကို ရောက်သွားတော့ ကျွန်တော့်နားနားကပ်ပြီး
Lai-နင် အရမ်းလည်နေတယ်ပေါ့ ဟုတ်လား
Perth-ဘာကို ဆိုလိုတာလဲ အန်တီ
‘ဖြန်း’
ကျွန်တော့် ပါးတစ်ဖက် ပူထူသွားတာဘဲ သူ့လက်သည်းနဲ့ နည်းနည်း ခြစ်မိသွားတယ် ထင်တယ် ကိုင်ကြည့်လိုက်တော့ စပ်ဖျင်းဖျင်း ဖြစ်နေတာ။
Lai-အဲ့လို ယုန်သူငယ်လေး ပုံစံ ဟန်ဆောင် မနေစမ်းပါနဲ့ နင် ကို့ကို ဘာတွေ ကပ်ပြီး စည်းရုံးခဲ့တာလဲ
Perth-အန်တီပြောနေတာ ကျွန်တော် ဘာတစ်ခုမှ မသိဘူး နားလည်း မလည်ဘူး
Lai-နားမလည်ဘူးပေါ့ အေး အိမ်ရောက်ရင် သေချာ နားလည်အောင် ငါရှင်းပြမယ် သွားတော့
ကျွန်တော် သူ့တို့အဝေးကို အမြန်ဆုံး ထွက်လာခဲ့တယ်။
လမ်းတစ်ဝက်လောက် ရောက်တော့
Prum-ငယ်လေး
Perth-ဗျာ
Prum-ဘယ်တွေ လျှောက်သွားနေတာလဲ ကိုကိုက ပျောက်လို့ လိုက်ရှာနေတာ ဟင် မျက်နှာက ဘာဖြစ်တာလဲ
Perth-ကိုကို့အမေ…
Prum-အော် မားကတော့လေ နက်ဖြန် ပြရမှာပါဆိုနေ မျက်နှာကို ဒဏ်ရာရှိနေအောင် လုပ်လိုက်ပြန်ပြီ ဒီလောက်ပြောထားတာကို မတတ်နိုင်ဘူးလေ မိတ်ကပ်နဲ့ဘဲ ဖုံးရတော့မှာပေါ့ သွားသွား ဧည့်သည်တွေဆီ သွားလိုက်ဦး အော် ဒါနဲ့ ထွက်ပြေးဖို့ မကျန်နဲ့နော် ငယ်လေး ကိုကို့လက်က မလွတ်တာ သိတယ်မလား
Perth-ဟုတ်
~~~
Saint-စုံစမ်းခိုင်းတာ ရပြီလား
Boy-ဟုတ် ရပါပြီ ဒီထဲမှာ အချက်အလက်တွေ အားလုံးပါ ပြီးတော့ နောက်ဆုံး အချက်က နက်ဖြန် လုပ်မယ် ကြားပါတယ်
Saint- ငါဖတ်ကြည့်လိုက်မယ် သွားလို့ရပြီ
Boy-ဟုတ်
Mean-ဘာတွေလဲ Saint
Saint-ဟိုကောင်လေးအကြောင်းတွေ
Mean-အော် ငါလည်း ဖတ်လို့ရတယ်မလား
Saint-မရစရာမှ မရှိတာ
Mean တစ်ယောက် Saint စားပွဲပေါ်က ဖိုင်ကို ယူပြီး သေချာဖတ်လိုက်တယ်။
Mean-ဟင်!
Saint-ဘာဖြစ်တာလဲ
Mean-အဲ့မိသားစု ကျပ်မပြည့်တာ မှန်တယ်ကွ
Saint-ရှင်းရှင်းပြောစမ်းပါ
Mean-နက်ဖြန် မင်းကောင်လေးကို သူ့အစ်ကို gp မှာ sex slave အဖြစ် တင်သွင်းမယ်တဲ့။ Master ဖြစ်ချင်တဲ့သူတွေ စာရင်းပေးလို့ရပြီတဲ့
Saint-ဘာကြီးလဲ
Mean-အဲ့လောက က ရှုတ်ထွေးတယ် ငါလည်း နှိုက်နှိုက်ချွတ်ချွတ်တော့ မသိဘူး ဒါပေမယ့် ဒီမှာကြည့်လိုက်ကွာ
Mean Saintကို BDSM တစ်ခုကို google မှာ ရှာပြီး ပြလိုက်တယ်။
Saint လည်း ကြည့်ပြီး မျက်လုံးတောင် ပြူးသွားတယ်။
Saint-ဟာ ဘာတွေလဲ ပိတ်လိုက်စမ်းပါ
Mean-မင်းမသိလို့ ငါက ပြရတာလေ
Saint-လူကြည့်တော့ ကလေးလိုနဲ့ သူလည်း ဒီပုတ်ထဲက ဒီပဲပါဘဲလား
Mean-ဟေ့ကောင် ငါအကြံရပြီ
Saint-ဘာအကြံလဲ
Mean-သူ့ကို မင်းဝယ်လိုက်လေ
Saint-သေဖို့ ဝယ်ရမှာ အလကားဘာလို့ ငါ့ပိုက်ဆံတွေ ဖြုန်းပစ်ရမှာလဲ
Mean-ဟာ မင်းကလဲ စဉ်းစားကြည့်လေကွာ မင်းသူ့ကို slave အနေနဲ့ ဝယ်လိုက်ရင် မင်းက သူ့သခင်ဖြစ်ပြီ ပြီးတော့ မင်းသူ့ကို ကြိုက်သလိုလုပ်လို့ရပြီ မင်းကလဲ့စားချေလို့ ရပြီလေ သူတို့ကလည်း စာချုပ်နဲ့ ရောင်းမှာဆိုတော့ မင်းကို သူတို့ ဘာမှ ပြောလို့ မရတော့ဘူးလေ ကြည့်ရတာ သူတို့ gp က ခုနာမည်ကျနေလို့ တစ်ဖက်လှည့်နည်းနဲ့ နာမည်ရအောင် ယူမလို့နေမှာ တကယ်slave လုပ်ခိုင်းတာမျိုးမဟုတ်ဘဲနဲ့လေ သူတို့အတက်နဲ့ သူတို့ဆူးအောင် လုပ်လိုက်စမ်းပါ။ သူတို့ရဲ့ အသည်းကျော်လေး တကယ့် slave ဖြစ်သွားတာ သိသွားရင် သူတို့ ဘယ်လိုခံစားသွားရမလဲ မင်းတွေးကြည့်ပေါ့
Saint-မင်းပြောတာတော့ ဟုတ်သလိုဘဲ ဒါပေမယ့် ဘယ်လိုရအောင် ဝယ်ရမလဲ
Mean-အဲ့ဒါတော့မပူနဲ့ ငါ့မှာလူတွေ ရှိတယ်
Saint-အင်း ဒါဆိုရင်တော့ ငါ့ကို အဲ့ကောင်လေး ရအောင် ဝယ်ပေး
Mean-စိတ်ချစမ်းပါ
Saint #မကြာခင် ငါတို့ မိသားစု ခံစားရသလို မင်းတို့မိသားစုလည်း ပြန်ခံစား ရစေရမယ်#
Saint-ဒါဆို ငါ round လှည့်လိုက်ဦးမယ် မင်းလူနာရော ICU က ထွက်ရပြီလား
Mean-စိတ်မချရသေးလို့ မပြောင်းပေးသေးဘူး
Saint-အော် အင်းပါ ငါသွားဦးမယ်
Mean-အေး အေး

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Où les histoires vivent. Découvrez maintenant