My Doctor 18.1

1.3K 135 16
                                        

နောက်တစ်နေ့မနက် Saint အိမ်ကို Lai တို့ မိသားစု လာခဲ့တယ်။ Mean လည်း ခွင့်တစ်ရက် ယူပြီး Saint တို့နဲ့ အတူ ရှိနေပေးတယ်။ Mean လဲ Lai တို့ကို အိမ်ထဲဝင်ဖို့ ထွက်ကြိုရင်းနဲ့ Plan ကို တွေ့တော့
Mean-Baby က ဒီကို
Plan- Baby ရှင်းပြပါ့မယ် အိမ်ထဲ အရင်ဝင်ရအောင်နော်
အိမ်ထဲကို ဝင်လာကြပြီး ဧည့်ခန်းမှာ ထိုင်ကာ လူစုံပြီဆိုတော့မှ Plan က စကားစလိုက်တယ်.
Plan-တကယ်တော့ ကျွန်တော်က အားလုံးသိထားတဲ့ Plan မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေပြီဆိုပြီး သိထားတဲ့ Daniyal ပါ
Perth- Daniyal!!
Plan-ဟုတ်ပါတယ် Daniyal ပါ မားတို့ရဲ့ သားအငယ်ဆုံး Daniyal ပါ
Plan ကပဲ ဆက်ပြီးတော့ ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြလိုက်တယ်။
Saint-ဒါဆို ကလေးမှာလဲ အန္တရာယ်ရှိနေပြီပေါ့
Plan-ဟုတ်တယ် P’ Saint သူအခုလုပ်နေတဲ့ပုံစံက ကျွန်တော့်တုန်းကလိုမျိုးပဲ Perth ကို ကျွန်တော်လိုမျိုးပဲ လုပ်လိမ့်မယ်လို့ ထင်တယ်
Mean-အဲ့လိုလုပ်လို့ ဘယ်ရပါ့မလဲ ကိုတို့ အားလုံး ရှိနေတာပဲ Perth ကို ကာကွယ်ပေးလို့ရပါတယ်
Lai-မှန်ပါတယ် ဒါပေမယ့် အန်တီတို့သားကို အန်တီတို့ မျက်စိအောက်မှာမှ စိတ်ချလို့ပါ အန်တီ့စိတ်နားလည်မယ်လို့ ထင်ပါတယ
Saint-ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် ကျွန်တော့်ကို ဒီတစ်ရက်တော့ အချိန်ပေးပါ နက်ဖြန်ကျရင် ကျွန်တော် ကလေးကို လာပို့ပေးပါ့မယ်
Perth-နောက်ထပ် အားလုံးသိဖို့ လိုတာ တစ်ခုရှိသေးတယ်
Saint-ဘာကိုလဲ ကလေး
Perth-မနေ့က ကျွန်တော့်ကို Tam ပြောပြထားတဲ့ အကြောင်းအရာတစ်ခုရှိတယ် အထူးသဖြင့် ကိုကို သိမှ ရမှာမို့
Saint-ပြော ကိုကို နားထောင်နေတယ်
Perth-ကိုကို့ ရဲ့ မမကို ဖျက်ဆီးခဲ့တာ P’ Prum တို့ မဟုတ်ဘူး P’ Win ပဲ လုပ်ခဲ့တာ
Mean-ဒါဆို တရားရုံးမှာတုန်းက ဘာလို့ မပြောခဲ့ပဲ Saint တို့ မိသားစုကိုပဲ အရှက်ခွဲခဲ့တာလဲ
Perth-အဲ့ဒါတော့ ကျွန်တော်လဲ မသိဘူး Tam ပြောပြတာ ဒါအကုန်ပဲ
Mean-အခြေအနေတွေက ပိုရှုပ်လာပြီနော် Win က အားလုံးကို လုပ်ခဲ့တယ်ဆိုတာ တစ်မျိုးကြီးပဲ
Plan-ကိုက baby တို့ကို မယုံလို့လား
Mean-အဲ့လို မဟုတ်ဘူး baby ကို ဆိုလိုတာက သူတစ်ယောက်တည်း အားလုံးလုပ်နိုင်ပါ့မလား
Plan-အာာ..ဟုတ်တယ် သူတစ်ယောက်တည်းမဟုတ်ဘူး တစ်စုံတစ်ယောက်ပါဝင်နိုင်သေးတယ် ဘာလို့ဆို ကျွန်တော့်ကို ဖမ်းထားတုန်းက မိန်းမတစ်ယောက် ဝင်လာတာ တွေ့ဖူးတယ် ကျွန်တော်လည်း ဆေးအရှိန်နဲ့မို့ ဘယ်သူဘယ်ဝါဆိုတာတော့ မသိခဲ့ရဘူး
Mean-အဲ့ဒီလူကိုလည်း ဖော်ထုတ်ဖို့လိုတယ် baby တို့ ပြောသလို Perth ကို baby တို့နဲ့ ခဏထားရင် ပိုကောင်းမယ်ထင်တယ် Saint လည်း နောက်လလောက်ဆို ဘူဆန်ပြောင်းမှာမလား အဲ့ချိန်ကျရင် Perth ကိုပါ ခေါ်သွားပြီး ခြေရာဖျောက်နေလိုက်ကြပေါ့ ဒီအတောအတွင်းလဲ Win ရဲ့ လုပ်ရပ်တွေကို ဝိုင်းစုံစမ်းကြတာပေါ့
Saint-အင်းပါ ဒါဆို နက်ဖြန် နေ့ခင်းလောက်ကျရင် ကျွန်တော် Perth ကို အန်တီ Lai တို့ဆီ လာပို့ပေးပါ့မယ်
Plan-အော် P’ Saint
Saint-အင်း
Plan-Tam သတိရတာ P’ Win မသိစေနဲ့နော်
Mean-မသိနိုင်ပါဘူး Tam အသက်ရှင်နေသေးတယ် ဆိုတာတောင် သူ မသိဘူး
Lai-ဒါဆို အန်တီတို့ ပြန်လိုက်ဦးမယ်နော် နက်ဖြန်မှ တွေ့ကြတာပေါ့
Saint-ကောင်းပါပြီ
Mean-ငါလည်း ပြန်လိုက်ဦးမယ် နက်ဖြန်မှ လာခဲ့မယ် ပြီးတော့ Tam ကို အိမ်ပြန်ခေါ်တော့မလား လက်လျှောက်ကျင့်ဖို့က လွဲရင် အကုန် ပုံမှန်အတိုင်း ဖြစ်နေပြီပဲဟာ
Saint-ငါ စီစဉ်ထားတာက ဘူဆန်ပြောင်းမှ တစ်ခါတည်း ဆင်းမလားလို့
Mean-အင်းးး အဲ့ဒါလည်း ကောင်တာပါဘဲ  ဒါနဲ့ Perth
Perth-ဗျာ
Mean-အန်တီ Lai က Prum တို့ရဲ့ အမေအရင်းလား
Perth-ဟုတ်တယ်လေ
Mean-အော်
Perth-ဘာလို့လဲ P’
Mean-မဟုတ်ပါဘူး ရုပ်တွေ မတူလို့ မေးကြည့်တာ
Perth-အဖေတူတာနေမှာပါ
Mean-ငါပြန်ပြီ Saint သွားပြီနော် Perth
Saint-အေး အေး
Perth-ဟုတ်
အားလုံးပြန်သွားပြီးတော့ Perth က Saint ကို ကြည့်လိုက်တော့ မျက်နှာမကောင်းတာမို့
Perth-ဘာဖြစ်လို့လဲ ကိုကို
Saint-ဘာမှ မဖြစ်ပါဘူး ရင်ထဲ တစ်မျိုးကြီး ဖြစ်နေလို့
Perth-ကျွန်တော်နဲ့ ခွဲရမှာမို့လား
Saint-အဲ့ဒါကြောင့်လဲ ပါတယ် ပြီးတော့ ဘာမှန်း မသိပေမယ့် ရင်ထဲမှာ လေးနေသလိုဘဲ
Perth-ဘာမှ စဉ်းစားမနေပါနဲ့ ကိုကိုရယ် ကိုကို အပြင်လျှောက်သွားရအောင်လား ကိုကိုနဲ့ တစ်ခါမှ လျှောက်မသွားဖူးဘး နောက်ဆုံးအနေနဲ့ သွားရအောင်လား
Saint-ဟာ ဖတ် ဖတ် ဘာတွေ လျှောက်ပြောနေတာလဲ ကလေး နမိတ်မရှိ နမာမရှိ
Perth-ဘာပြောမိလို့လဲ ကိုကိုရဲ့
Saint-ဘာလို့ နောက်ဆုံးလို့ ပြောရတာလဲ ကိုကိုနဲ့ခွဲရ အလွန်ဆုံး ၁ လ ပဲလေ ဘာလို့ နောက်ဆုံး ဖြစ်ရမှာ
Perth-အော် ကိုကိုရယ် ဒီတိုင်း လွှတ်ကနည်း ပြောလိုက်မိတာပါ
Saint-နောက်ဆို အဲ့လိုမပြောနဲ့
Perth-ဟုတ်ကဲ့ပါ အခု သွားရအောင်လေ
Saint-ဟုတ်ပါပြီ ကဲ ကလေးက ဘယ်သွားချင်တာလဲ
Perth-ကစားကွင်းသွားမယ် Everland စီလေ
Saint-ကောင်းပါပြီဗျာ
Saint Perth တို့ everland ထဲ တစ်နေကုန် လျှောက်လည်ခဲ့ကြတယ်။ အရမ်းကိုလည်း ပျော်ရွှင်ခဲ့ကြတယ်။ နောက်ဆုံးတွေ့ဆုံခြင်းဆိုတာကို သူတို့ ၂ ဦးသာ သိခဲ့ရင်

ဒီအပိုင်းလေးက မပြီးသေးပါဘူးနော် သာသာမအားတာမို့ အားတဲ့ အချိန်လေး ပြီးသလောက်တင်လိုက်တာပါ ဒီရက်ပိုင်း မအားတာကြောင့် ပစ်ထားသလိုဖြစ်နေလို့ တောင်းပန်ပါနယ်နော်

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ