My Doctor (ဇာတ်သိမ်းပိုင်း)

2.7K 130 19
                                    

Zan#လိုက်ခဲ့မယ်လို့ ပြောလိုက်ပေမယ့် စိတ်ထဲကတော့ လိုက်ဖို့ ဝန်လေးနေမိတယ်။ ခင်ဗျားတို့ ပြန်ဆုံမှုကို ကြည့်ပြီး ဘေးကနေ လက်ခုတ်တီးပေးဖို့ အင်အားရှိပါ့မလားလို့ စိုးရိမ်မိတယ်။ ဟန်ဆောင် ပြုံးပြဖို့လည်း ဟန်မဆောင်နိုင်မှာကို ကြောက်တယ်။ ပထမဆုံး ရင်ခုန်မိတဲ့သူကို ခဏလေးအတွင်းမှာ စွန့်လွှတ်လိုက်ရမယ်လို့ မထင်ထားခဲ့ဘူး#
Perth#မနက်တွက်ကို စိုးရိမ်နေမိတယ် ကိုကို စိတ်ပျက်သွားမှာကိုလည်း စိတ်ပူမိသလို ကိုကို စိတ်ဆိုးနေမှာကိုလည်း ကြောက်မိတယ် ပြီးတော့ ကိုကို့ကို သွားတွေ့သင့်ရဲ့လားလို့လဲ တွေးပူမိတယ်#
~~~
Ph Ring
Saint:Hello Mean
Mean: နက်ဖြန်မင်း ဆေးရုံမှာပဲ ရှိမှာလား
Saint:ဟုတ်တယ်လေ ဘာလို့လဲ
Mean: နက်ဖြန် မင်းဘဝတွက် ပျော်စရာတစ်ခု ငါယူလာခဲ့ပေးမယ်
Saint:ပျော်စရာ ဘာများလဲ
Mean: ကြိုပြောရင် ဘယ်ပျော်စရာ ကောင်းတော့မလဲကွ သိချင်ရင် စောင့်ပေါ့
Saint: အေးပါကွာ
Mean:ပြီးတော့ ငါ မင်းကို တစ်ခုလောက် မေးချင်သေးတယ်
Saint:မေးလေ
Mean:တကယ်လို့များလေ Perth အသက်ရှင်နေသေးတယ်ဆိုရင် မင်း ဘာလုပ်မလဲ
Saint :ငါရူးသွားလိမ့်မယ် ထင်တယ်
Mean : သူဘယ်လို အခြေအနေဘဲ ဖြစ်နေဖြစ်နေ မင်းလက်ခံနိုင်လား
Saint : ငါသူ့ကို ချစ်တယ်ဆိုတာ Perth ဖြစ်နေလို့ကို ချစ်တာ သူ ယောက်ျားလေး တစ်ယောက်မှန်း သိနေလျက်ကို ချစ်တာ ရင်ထဲမှာ နင့်နေလောက်အောင်ကို ချစ်တာ
Mean : သူ့နေရာကို အစားထိုးဖို့ရော စဉ်းစားဖူးလား
Saint : အစားထိုးရမယ် ဟင်းဟင်း ငါ့ခန္ဓာ သေဆုံးသွားရင်တောင် ငါ့ရဲ့ စိတ်ဝိညာဉ်က သူ့ကိုပဲ ဆက်ချစ်နေဦးမှာ
Mean : ဟုတ်ပါပြီ မင်းလဲ နားတော့လေ ငါ နက်ဖြန် လာခဲ့မယ်
Saint : အင်းး bye
Mean : bye
~~~
next day
Mean တစ်ယောက် Perth တို့ကို ခေါ်ပြီး ဘူဆန်ကို လာခဲ့တယ်။ Win လည်း လိုက်ချင်တယ်လို့ ပြောနေတာကြောင့် ခေါ်ခဲ့လိုက်ရတယ်။  ကားပေါ် အတင်း ဘေးကို ကပ်ထိုင်နေတဲ့ Win ကြောင့် Zan တစ်ယောက် စိတ်ရှုတ်ရသည်ကတော့ အမှန်
Zan : ဘာလို့ ဒီဘက် အတင်းတိုးနေတာလဲ ဟိုဘက်မှာ အကျယ်ကြီးကို ဟိုဘက်တိုး သွား
Win : ကို ကားမူးနေလို့ပါ ပခုံး ခဏငှားနော်
ဟိုဘက်တိုးခိုင်းကာမှ ကားမူးတယ်ဆိုပြီး ပခုံးကို လာမှီနေတဲ့ သူကြောင့် စိတ်ညစ်ရပြန်တယ်။
ချစ်ရသူကို ချစ်တယ်ဆိုတာတောင် မဖော်ပြရသေးခင် ဆုံးရှုံးရတော့မှာမို့ အသဲကွဲပါတယ်ဆိုမှ ဘေးက အကောင်ကြောင့် ကောင်းကောင်း အသဲမကွဲရဘဲ ဖြစ်နေတာမို့ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်မိတယ်။
Win : ဘာလို့ နှုတ်ခမ်းကို ကိုက်နေတာလဲ ကလေး
Zan : Zan ဘာ Zan ဘာလုပ်လုပ် မင်းနဲ့ ဘာဆိုင်လဲ
Win : စိတ်ချည်းပဲကွာ ကြည့်စမ်း နှုတ်ခမ်းက သွေးထွက်နေပြီ
စကားလုံးတွေရဲ့ အဆုံး ထိတွေ့လာတဲ့ နှုတ်ခမ်း တစ်စုံကြောင့် Zan မျက်လုံးကို စုံမှိတ်လိုက်တယ်။ မိမိနှုတ်ခမ်းက သွေးတွေကို စုတ်ယူနေမှန်းသိသော်လည်း မရုန်းဖယ်မိပဲ ငြိမ်ခံနေမိတဲ့ ကိုယ့်စိတ်ကိုယ်တော့ နားမလည်မိသား
Win #မိမိရဲ့ နမ်းရှိုက်မှုကို ငြိမ်ခံနေတဲ့ ကလေးငယ်ကြောင့် နမ်းနေရင်းနဲ့ ပြုံးလိုက်မိတယ်။#
အချိန်ခဏကြာမှ အသက်ရှုကျပ်မှုကြောင့်လား လက်မခံချင်တော့တာကြောင့်လား မသိ လက်သေးသေးနုနုလေးတွေကို ရင်ဘတ်ကို တွန်းလာတာကြောင့် နှုတ်ခမ်းနှစ်လွှာကို ကွာခြားခွင့်ပေးလိုက်တော့တယ်။
ပြီးမှ သူ့ရဲ့ ပခုံးလေးပေါ် ပြန်မှီရင်း
Win : ကို မင်းကို ချစ်တယ် ကလေး
Zan : Zan ကတော့ မချစ်ဘူး
Win : တကယ်လား ဒါဆို ဘာလို့
Zan : Zan အိပ်ချင်ပြီ စကားတွေ မများပါနဲ့လား
ကားဘေးဘောင်ကို ခေါင်းလေးမှီပြီး မျက်လုံးလေး မှိတ်ထားတဲ့ ကလေးကြောင့် ပခုံးပေါ်က ဖယ်ခွာပြီး ကလေးရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်။
Mean#ကားနောက်မှန်က မြင်ကွင်းကြောင့် မသိမသာလေး ပြုံးလိုက်မိတယ် Win  တစ်ယောက် ပုံမှန်တိုင်း ပြန်ဖြစ်လာပြီမို့ ပျော်မိတာလဲ ပါသလို လူတစ်ယောက်ကို အကဲခတ်နိင်စွမ်း မြင့်တဲ့ ကိုယ့်လို လူတစ်ယောက်အတွက် အသဲကွဲတော့မယ့် လူတစ်ယောက်ဘေးမှာ သူ့ကို ချစ်ပေးမယ့် လူတစ်ယောက်ရှိနေပေးမယ်ဆိုတာ သိရလို့ ဝမ်းသာမိတာကြောင့်လဲ ပါပါတယ်#
Perth#လမ်းတစ်လမ်းလုံး စိတ်တွေလှုပ်ရှားခဲ့ပေမယ့် ဘူဆန်နဲ့ နီးလာလေ ရင်ဘတ်ထဲက အကောင်က အပြင်ကို ခုန်ထွက်တော့မယ့် အလား ပိုခုန်နေလေ ဖြစ်နေတယ် ကိုကို့ကို ပြောစရာတွေ အများကြီး ရှိနေတယ်လို့ ခံစားရပေမယ့် ဘာကို ပြောရမလဲဆိုတာကို တွေးမရဘူးဖြစ်နေတယ် ကိုကို့ကို တွေ့တာနဲ့ ရင်ခွင်ထဲ ပြေးခိုဝင်ချင်မိတာတော့ သေချာတဲ့ အရာတစ်ခုဘဲ#
Sanorita ဆိုတဲ့ ဆေးရုံဝင်းလေးထဲကိုဝင်လာတဲ့ ကားတစ်စီးကို ဂျူတီကုတ်လေး ဝတ်ပြီး စမတ်ကျကျရပ်နေတဲ့ ကောင်လေး တစ်ဦးက ပြုံးပြီး ကြည့်နေတယ်။ သူအတွက် ပျော်ရွှင်စရာတွေ သယ်လာတဲ့ ကားလေးဆိုတာ မသိသေးတာတောင်မှပေါ့။
ကားလေး ဆင်ဝင်အောက် ရပ်ပြီးတာနဲ့ ဆင်းလာတဲ့ Mean ကို Saint လက်လှမ်းပြလိုက်တယ်။
Saint : ပြောတော့ နေ့ခင်းမှ ရောက်မှာဆို
Mean : အားလုံးပြီးနေတာနဲ့ စောစောဘဲ ထွက်ခဲ့လိုက်တာ
Saint : အော် ဧည့်သည်တွေ ပါလာတာလား
Mean : အင်း ဆိုပါတော့ အော် ဒါနဲ့ Saint ရေ ဟိုလေ ရှေ့ခန်းမှာ ကောင်လေးတစ်ယောက်ပါတယ် သူ့က အောက်ပိုင်းမလှုပ်ရှားနိုင်တာကြောင့် မင်း ကူပြီး ခေါ်ခဲ့ပေးပါလား
Saint : ဝှီးချဲ မပါလာဘူးလား
Mean : နောက်ဖုံးထဲမှာ ပါတယ် ငါ ခါးနည်းနည်း မျက်ချင်နေတာကြောင့် ကူညီပါဦး သူငယ်ချင်းရာ
Saint : အေးပါကွ မင်းတို့ အရင်သွားနှင့်လေ ငါ့အဆောင်ကို သိတယ်မလား
Mean : ဟိုတစ်ခါလာတုန်းက အခန်းဘဲ မလား
Saint : အေး ငါ ခေါ်ပြီး နောက်က လိုက်ခဲ့လိုက်မယ်
Mean : ဒါဆို ငါတို့ သွားနှင့်ပြီ Win နဲ့ Zan အစ်ကို့နောက်က လိုက်ခဲ့နော်
Zan : ဟုတ်
ကျွန်တော့ကို မမှတ်မိတာလား ခင်ဗျားရယ် အနည်းဆုံးတော့ ပြုံးပြသင့်တယ်မလား ခင်ဗျားပြုံးတာလေးကို ကျွန်တော် မြင်ဖူးချင်လို့ပါ
Mean : Zan လာလေ
Zan : ဟုတ် ဟုတ်
သူ့ကို ငေးပြီး တွေးနေမိတာမို့ P’ Mean တို့ နောက်ကို လိုက်ဖို့ မေ့နေတာ P’ Mean နောက်ပြန်လှမ်းခေါ်မှ  သတိဝင်ပြီး နောက်က ပြေးလိုက်သွားမိတယ်။
Saint လည်း Mean တို့ ထွက်သွားပြီး ကားပေါ်က ကောင်လေးကို ခေါ်ထုတ်ဖို့ ကားတံခါးဖွင့်လိုက်တယ်။
ကားတံခါးဖွင့်ပြီး မြင်လိုက်ရတဲ့ ရင်းနှီးနေတဲ့ မျက်နှာလေးကြောင့် ခဏတာ ရပ်တန့် သွားမိတယ်။
Saint : Perth တကယ်ဘဲ Perth လား
Perth : ဟုတ်ပါတယ်
ပြန်ဖြေလိုက်တဲ့ စကားသံက တိုးလွန်းတာကြောင့် Saint ကောင်းကောင်း မကြားခဲ့ရဘူး။
Saint ကားတံခါးကို ပြန်ပိတ်ပြီး Mean တို့ဆီ အပြေးတစ်ပိုင်းလာမိတယ်။ ဝုန်းခနဲ တံခါးဖွင့်သံကြောင့် အားလုံး တံခါးဆီကို ကြည့်လိုက်မိတယ်။
အပေါက်ဝမှာ ဂဏှာမငြိမ်ဖြစ်နေတဲ့ မျက်လုံးနဲ့ ရပ်နေတဲ့ Saint ကို Mean အရှေ့တည့်တည့်ကနေ ရပ်ပြီး
Mean : Saint ဘာဖြစ်လို့လဲ ငါခေါ်ခဲ့ခိုင်းတဲ့ ကောင်လေးရော
Saint : အဲ့ အဲ့ဒါက ဟို…ဟို
Mean : မှန်တယ် အဲ့ဒါ မင်းရဲ့ Perthပဲ
Saint : Per t h
Mean : ဟုတ်တယ် ငါဒီနေ့ မင်းကို ပေးချင်တဲ့ ပျော်ရွှင်ခြင်းလက်ဆောင်ဆိုတာ အဲ့ဒါဘဲ
  ဒီမှာ ဘာရပ်လုပ်နေတာလဲ မင်း ကလေး မင်းသွားခေါ်လေ ဒါပေမယ့် တစ်ခုတော့ ရှိတယ် Saint သူ့ရဲ့ ခြေထောက်တေါက အရင်လို မလှုပ်ရှားနိုင်သေးဘူး အချိန်တော့ ယူရလိမ့်မယ်
Saint : ငါ ငါ သွားလိုက်ဦးမယ်
Saint ကားဆီကို တစ်ခေါက်ပြန်လာပြီး ကားတံခါးကို တစ်ဖြန်ပြန်ဖွင့်လိုက်တယ်။အထဲမှာ ငိုနေတဲ့ Perth ကြောင့် Saint တစ်ယောက် ပြာယာခတ်သွားတယ်
Saint : ကလေး ဘာဖြစ်လို့လဲ ကလေး ဘာလို့ ငိုနေတာလဲ
Perth : ကိုကို ကျွန်တော့်ကို မုန်းသွားပြီမလား
Saint : ဘာလို့ မုန်းရမှာလဲ ကလေးရယ်
Perth : ကျွန်တော်က အခု … ကျွန်တော်က
Saint : ရှူး ဘာမှ မပြောနဲ့တော့ အခန်းထဲသွားမယ်
Perth : နောက်ခန်းမှာ…
Saint : စကားမပြောနဲ့လို့ ပြောထားတယ်လေ
အာဏာပြင်းလှတဲ့ Saint ကြောင့် Perth ပါးစပ်ကလေး ပိတ်ကာ Saint ရဲ့ ပွေ့ချီရာနောက်ကို လိုက်ခဲ့ရတော့တယ်။
အခန်းထဲရောက်တော့ သက်တောင့်သက်တာ ထိုင်နိုင်မယ့် ထိုင်ခုံတစ်ခုပေါ်ချပေးပြီး Perthရှေ့ ဒူးတစ်ဖက်ထောက်ထိုင်လိုက်တယ်
Saint :  ပြောစမ်းပါဦး ၁ နှစ်ကျော်လောက် အကြောင်းမကြားဘဲ ပျောက်နေတဲ့ အကြောင်းအရင်းလေ
Perth : အဲ့ဒါကလေ ကျွန်တော်က
Saint : မင်း ကို့ကို မယုံခဲ့ဘူးဘဲ
Perth : အဲ့လို မဟုတ်
Saint : ကို ဘယ်လောက်ခံစားခဲ့ရလဲ သိလား
Perth : ရင်မဆိုင်ရဲခဲ့လို့ပါ သတ္တိနဲခဲ့လို့ပါ အတွေးကြောင်ခဲ့လို့ပါ တောင်းပန်ပါတယ် ကိုကိုရယ် ကျွန်တော် မရည်ရွယ်ပါဘူး
Saint : အဲ့လို ပြောမယ်လို့ ထင်လို့လား
Perth : ဗျာ
Mean : မင်းကလည်းကွာ ကလေးကို မစပါနဲ့ ဟိုမှာ ငိုနေပြီ
Saint : ငိုပါစေ သူငိုရင် သုတ်ပေးမယ့် လက်တစ်စုံရှိတယ်ဆိုတာ သူ ပိုသိသွားတာပါ
Perth : ကျွန်တော့်ကို ဖက်ပေးပါ
Saint ပြုံးလိုက်ပြီးမှ Perth တောင်းဆိုမှုကို လိုက်လျောပေးလိုက်တယ်
Perth : လွမ်းနေခဲ့တာ ကိုကိုနဲ့ ခွဲရတဲ့ တစ်ချိန်လုံး
ကြောက်နေခဲ့တာ ကိုကို့ကို ဒုက္ခပိုစေခဲ့မှာကို
Saint : အရမ်းတွေးလွန်းတယ် ကလေးရယ် ကိုကို ချစ်တာ Perth ဆိုတဲ့ ကလေးကို ကျန်တဲ့ ဘယ်အကြောင်းအရာမှ မပါဘူး
Perth : ကျေးဇူးပါနော် ကိုကို
ပွေ့ဖက်ရင်းပြုံးလာတဲ့ Saint ကို Zan ငေးကြည့်ရင်း
ခင်ဗျားရဲ့ အပြုံးအစစ်အမှန်တွေက သူအတွက် သီးသန့်ပဲတဲ့လား။ ဒါပေမယ့် Zan ကျေနပ်ပါတယ်။ ကျွန်တော် နာကျင်ရမယ်ဆိုရင်တောင် ကျွန်တော်ချစ်တဲ့ သူရဲ့ မျက်နှာမှာ အပြုံးလေးတစ်ပွင့် ဖြစ်ပေါ်လာတာမို့ ကျွန်တော် ကျေနပ်တယ်
တကယ်ပျော်မယ်ဆိုရင် ကျွန်တော့် နှလုံးသားကို နင်းလျှောက်လို့ သွားလို့ ရပါတယ် ခင်ဗျားရယ်။
Zan ရဲ့ နှလုံးသားကို ခင်ဗျားတို့ နှစ်ယောက်တွက် လမ်းအဖြစ် ခင်းကျင်းပေးပါမယ်။
Mean#မဖြစ်နိုင်တဲ့ အချစ်ကို မမှန်းဘဲ ဘေးမှာရှိနေတဲ့ သူကို လှည့်ကြည့်လိုက်ပါလား ကောင်လေးရေ ဒါဆို မင်း ပျော်ရွှင်ရမှာပါ မင်းတို့နှစ်ယောက်ပျော်ရွှင်ဖို့ ငါတွက် အလုပ်တစ်ခု ဖြစ်လာပြန်ပြီပေါ့ကွာ 555#
My Doctor The End
28October 2019
author by Thae Thae
အကြာကြီး ပစ်ထားခဲ့မိလို့ သာသာ တောင်းပန်ပါတယ်နော် သာသာ အလုပ်ရတာမို့ စစလုပ်ခြင်းဆိုတော့ ဒီဘက် မလှည့်နိုင်ဘူးဖြစ်နေတယ်။ ဇာတ်သိမ်းလေး ပေါ့သွားရင်လဲ တောင်းပန်ပါတယ်နော်။ ကြိုးစားမှုတွေနဲ့ အတူ If can buy love နဲ့ ပြန်လာခဲ့ပါ့မယ်နော်။ မကောင်းမငန်း ဇာတ်လမ်းလေးကို 19K ဖြစ်အောင်ထိ အတူတူ အားပေးလာခဲ့တဲ့ ဒါဒါတစ်ယောက်ချင်းစီကို ကျေးဇူး အများကြီးတင်ပါတယ်။ မကောင်းမှန်းသိသော်လည်း ဆက်လက်ပြီး ကြိုးစားပြီး fanfic လေးတွေ ရေးသွားဦးမှာမို့ မျက်နှာပျောင်တိုက်စွာဖြင့် အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်နော် Hee





Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Oct 28, 2019 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ