My Doctor 12💓

2.1K 183 25
                                        

Saint ခွဲစိတ်မှုပြီးတော့ အခန်းထဲခဏပြန်ပြီး duty coat ကို ချွတ်ပြီး ပြန်ဖို့ ပြင်နေတုန်း Mean ရောက်လာတယ်
Mean -ပြန်တော့မှာလား
Saint-အင်း အိမ်မှာ Rae ရောက်နေလို့ ဟိုကောင်လေးနဲ့ ထားခဲ့တယ်
Mean-မင်း Rae အပေါ် ချစ်နေတုန်းလား
Saint-ငါ့နှလုံးသားက မချစ်တတ်တော့တာ ကြာပြီ
Mean-ဒါဆို Rae နဲ့ နည်းနည်းတော့ ဆင်ခြင်ပေါ့ ကျောင်းတုန်းက မင်းကို ဒီလောက် ချေမွှန်းနေတဲ့သူက အခု မင်း ဆရာဝန်လဲဖြစ်ရော လာကပ်တယ် ဆိုတော့ ပြီးတော့ ဒီလောက်လေးနဲ့ဘဲ မင်းနား ရောက်လာတယ်ဆို တော်သေးတယ်  တခြားအကြံတွေ ရှိနေရင်တော့
Saint-မင်း စိုးရိမ်တဲ့အရာကို ငါနားလည်ပါတယ်
Mean-အော် ပြောဖို့မေ့နေတာ Win တောင် နောက်တစ်ပါတ် ကိုရီးယား ပြန်လာမယ်တဲ့ ငါတွေ့လို့ရအောင် လုပ်ထားမယ် သူနဲ့ တွေ့ဖြစ်ရင် အဖြေတစ်ခုခုတော့ ရမှာပါ
Saint-အင်း ငါသွားလိုက်ဦးမယ်
Mean-အေး အေး
~~~
Perth မြန်မြန်ဘဲ TV ရှေ့သွားပြီး ကွယ်ထားလိုက်တယ် ဒါပေမယ့် TV က ကြီးတာကြောင့် အကုန်ကွယ်လို့ မရတာက တစ်ကြောင်း အသံတွေက ကြားနေရတာ တစ်ကြောင်းကြောင့် Perth ရှက်ပြီး မျက်နှာနဲ့ နားရွက်တွေ ရဲလာတယ်
Perth-ပိတ် ပိတ်လိုက်ပါ
Rae-ဟမ် ဘာ ဘာကိုလဲ
Rae လည်း မြင်လိုက်ရတဲ့ အရာကြောင့် ကြောင်အမ်းအမ်းဖြစ်သွားတယ် ပြီးမှ စိတ်တွေကို ပြန်စုစည်းလိုက်ပြီး
Rae-ဒါကဘာတွေလဲ နင်ပြောတော့ နင်တို့က ညီအစ်ကိုတွေပါဆို ဒါကဘာလဲ ညီအစ်ကိုတွေက ဒီလို လုပ်လား ဘာလဲ ဘင်္ဂလား ညီအစ်ကိုလား ဟမ် ဖြေလေ
Perth ဘာပြန်ဖြေရမလဲ စဉ်းစားလို့မရ ခုချိန်မှာ ကျွန်တော့် ဦးနှောက်ထဲ ရှိနေတဲ့ အရာက Rae ကိုကို့ကို အထင်သေးသွားမှာကို
ပြီးတော့ ကိုကိုကလည်း Rae ကို ချစ်နေတုန်းပဲမလား
ကျွန်တော် ဘယ်လို ဖြေရှင်းရမလဲ မသိတော့ဘူး ဖြစ်နိုင်ရင် ဒီနေရာကနေ ကွယ်ပျောက်သွားချင်တယ်
Rae-ဟဲ့ ဘာလို့ နင့်ပါးစပ်က ပိတ်နေတာလဲ ဖြေလေ နင်တို့က ဘာလို့
Saint-ငါတို့က လက်ထပ်ထားတာ
Rae- Saint..
ဘယ်ချိန်က ပြန်ရောက်နေမှန်း မသိတဲ့ Saint က ဝင်ပြောလိုက်ခြင်းသာ
Saint-ငါတို့က လက်ထပ်ပြီးပြီ လက်ထပ်ထားတဲ့သူနှစ်ယောက် အတူတူနေ အတူတူဆက်ဆံတာ ဆန်းလို့လား
Rae-ဘယ်တုန်းကလဲ ဘယ်ချိန်က လက်ထပ်ခဲ့တာလဲ နင် ငါ့ကို ချစ်ခဲ့တာ မဟုတ်လား နင်ငါ့ကို ၂ နှစ်တောင်
Saint-အဲ့ဒါ အတိတ်ကလေ အဲ့တုန်းကသာ Rae လက်ခံခဲ့ရင် ခုချိန် သူ့နေရာမှာ Rae ဖြစ်ချင် ဖြစ်နေမှာ
Rae-နင်ဘယ်ချိန်တုန်းက ခြောက်သွားတာလဲ
Perth-ကိုကိုက အခြောက်မဟုတ်ဘူး
Rae-အဟက် အခြောက်မဟုတ်ဘူး ဟုတ်လား ပြောရဲတယ်နော် အခြောက်မဟုတ်ရင် ယောက်ျားအချင်းချင်း လက်ထပ်ကြမယ်တဲ့လား
Perth-မဟုတ်ဘူး ကိုကိုက ကျွန်တော့်ကို ဝယ်ထားတာ
Rae-ဝယ်ရအောင် …ဘာ ဘာပြောလိုက်တယ်
Perth-ကျွန်တော်က slave …
Saint- Perth Tanapon!!!
Saint အအော်ကြောင့် နှစ်ယောက်လုံး လန့်သွားကြတယ်
Saint- Rae ငါတောင်းပန်တယ် ခု ပြန်ပေးလို့ ရမလား
Rae-ပြန်မှာပါ နှင်စရာမလိုပါဘူး
Rae အိတ်ကို ကောက်ယူပြီး အိမ်အပြင်ကို ဒေါသနဲ့ ထွက်လာခဲ့တယ်။
Perth လည်း Saint ကို မဝံမရဲ ကြည့်လိုက်တယ်။ Saint ရဲ့ မျက်နှာပေါ်က မဲ့ပြုံးတစ်ခုကို တွေ့လိုက်တယ်။
Saint-ကျေးဇူးပဲ
Perth-ဘာကိုလဲ
Saint-မင်းက Tanapon က ဆိုတာ သိအောင် သတိပေးလို့
Perth-သတိပေးတယ်? သခင် ကျွန်တော်တို့ မိသားစုနဲ့များ တစ်ခုခု ပတ်သက်တာရှိလို့လား
Saint-ဟန်ဆောင်တယ်ဆိုတာ တော်ရုံပဲကောင်းတယ်
Perth-သခင်နဲ့ ကျွန်တော့်ကြားမှာ တစ်ခုခုတော့ လွဲနေပြီ ထင်တယ်
Saint-လွဲနေတယ် ထင်ရင်လဲ လွဲနေတယ်ပေါ့
Perth- ဒါဆို ကျွန်တော် မေးခွန်းတစ်ခုမေးမယ် ကျွန်တော့်ကို ဘာလို့ ဝယ်တာလဲ
Saint-မုန်းလို့
Perth#ဟင့်အင်း ဒါကိုကိုပြောလိုက်တာမဟုတ်ဘူး မဖြစ်နိုင်ဘူး ကိုကိုက ငါ့ကို မုန်းရအောင် ငါမှ ကိုကို့ကို ဘာမှ မလုပ်ထားတာ#
Perth-ဘာလို့မုန်းတာလဲ
Saint-မင်းဖြစ်နေလို့ကို မုန်းတာ
Perth-ကျွန်တော်ရဲ့ ဖြစ်တည်မှုကို မုန်းတာပေါ့
Saint-ဟုတ်တယ်
Perth အပေါ်ကို ပြေးတက်ပြီး အခန်းထဲ ဝင်သွားတယ်။ အခန်းထဲရောက်မှ ကြမ်းပြင်ပေါ် ထိုင်ချပြီး ဒူးပိုက်ကာ ငိုနေလိုက်တယ်
#ဘာလို့လဲ ကျွန်တော်ဘဝမှာ ကိုကို့ တစ်ယောက်တည်းဆီက အချစ်ကိုလိုချင်တယ်လို့ တောင်းတခဲ့ဖူးတာပါ ဘာလို့ ဒီတစ်ခုလေးကိုတောင် ဖြည့်စည်းမပေးကြတာလဲ ကျွန်တော် လောဘများ သိပ်ကြီးသွားလို့လား
အစတည်းက မဖြစ်နိုင်မှန်းသိပေမယ့် လိုချင်နေခဲ့မိတာပါ ခုတော့ အချစ်ဆိုတဲ့ အရာကို မရတဲ့အပြင် မုန်းနေတယ်တဲ့လား
တော်ပါတော့ လောကကြီးရယ် ကျွန်တော့်အပေါ် ဒီလောက်ရက်စက်ရရင် တော်ရောပေါ့#
Saint တစ်ယောက် ဧည့်ခန်းမှာ ထိုင်နေရင်း စိတ်တွေ မွန်းကြပ်လာသလို ခံစားရတယ်။
#ဘာလို့ ဒီလောက် မွန်းကြပ်နေရတာလဲ ငါ သူ့ကို အမှန်တိုင်းဖြေလိုက်တာလေ ဘာတွေလဲကွာ စိတ်ရှုပ်လိုက်တာ#
~~~
1 week later
Mean- Saint ဒီနေ့ မင်းအားတယ်မလား  ငါ Win နဲ့ တွေ့ဖို့ ချိန်းထားတယ်
Saint-ဟုတ်လား အားတယ်လေ ဘယ်ချိန်သွားရမှာ
Mean-ခဏနေချိန်းထားတာဆိုတော့ အခု သွားကြမယ်လေ
Saint-အင်း
Mean နဲ့ Saint ချိန်းထားတဲ့ coffee shop ကို လာခဲ့လိုက်တယ်
ဆိုင်ထဲကို ရောက်တော့ Mean လှမ်းပြတဲ့ဝိုင်းကို လှမ်းကြည့်လိုက်တယ်
Mean-ဟိုမှာ
အသားဖြူဖြူ ၊ အရပ်ရှည်ရှည် ၊ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် အချိုးအစား ၊ မျက်ခုံးနက်နက် ၊ မျက်ဝန်းလှလှ ၊ ရွှေအိုရောင် ဆံပင်ကို ခောတ်စတိုင် တစ်ဝက်ချ တစ်ဝက်ထောင်ထားသည်က မျက်နှာ သွယ်သွယ်နဲ့ လိုက်ဖက်ညီလှသည်။ ချုံပြောရမယ်ဆိုရင်တော့ ပျိုတိုင်းကြိုက်မယ့် နှင်းဆီခိုင်ပေါ့
Mean- Win
Win-အော် Mean ထိုင်ပါ
Mean-ဒါ ကိုယ်ပြောထားတဲ့တစ်ယောက်ပါ Saint တဲ့
Win-တွေ့ရတာ ဝမ်းသာပါတယ် Saint ကျွန်တော်က Win ပါ
Saint-ဟုတ် နာမည်ကတော့ ကြားဖူးပါတယ် လူကတော့ ခုမှ တွေ့ဖူးတယ်
Win-ဟုတ် Perth အကြောင်းသိချင်တာဆို
Saint-ပြောရမှာက…
Saintပြောရခက်နေတာကို ရိပ်မိတဲ့ Win က
Win-ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် Perth က ကျွန်တော့်မိသားစုဆိုရင်တောင် မမှားပါဘူး
Saint-တကယ်က ကျွန်တော် Perth ကို ဝယ်ထားတာပါ
Win ရဲ့ မျက်လုံးလေး တစ်ချို့ တစ်ခဏ ပြူးကျယ်သွားတယ်
Win-ဘာအနေနဲ့ ဝယ်တာလဲ
Saint-sex slave အနေနဲ့ပါ
ဒီတစ်ခါတော့ Win ရဲ့ မျက်နှာ ပျက်ယွင်းသွားတယ်
Saint-သူ့အစ်ကို ကိုယ်တိုင်ရောင်းတာပါ
Win- Prumကလား
Saint-ဟုတ်ပါတယ်
Win-အစွန်းအစွန်ထိကို လုပ်ကြတာပါလား
Saint-ဘာကိုလဲ
Win-သူ့တို့ ညီမဟုတ်တော့လဲ ဒီလို…
Saint-ညီ မဟုတ်ဘူး
Winရဲ့စကားကို အံ့သြတာကြောင့် စကားမဆုံးခင် မေးခွန်းဖြတ်မေးမိခြင်းသာ
Win-အခုလက်ရှိ Perth ရဲ့အမေဆိုတဲ့ အန်တီ Lai က မိထွေးပါ Prumနဲ့ Daoကလည်း အန်တီ Laiနဲ့ ပါလာတဲ့ သားသမီးတွေပါ အရင်ကတော့ Perth ပါးပါးရှိနေတော့ uncle အိမ်မှာ မရှိတဲ့ချိန်တွေဘဲ အနိုင်ကျင့်လေ့ရှိကြတယ် အန်တီ Lai ကလည်း ဝင်မတားတဲ့အပြင် မြှောက်တောင် မြှောက်ပေးသေးတယ်လေ နောက်ပိုင်း uncle လည်း မရှိတော့ရော သူတို့လုပ်ရပ်တွေက အဆုံးအစွန်ထိဖြစ်လာတယ် ခုပဲကြည့်လေ slave တစ်ယောက်အနေနဲ့ ရောင်းစားတဲ့ အထိတောင်ပေါ့
Saint-ကျွန်တော်ကို ခွင့်ပြုပါဦး ဆေးရုံက ခေါ်နေလို့
Mean-နောက်မှ ထပ်တွေ့ကြတာပေါ့ ခွင့်ပြုဦးနော်
Win-ဟုတ် ရပါတယ် ခင်ဗျ နှုတ်ဆက်ပါတယ်
Saint ဆိုင်အပြင်ကို ထွက်ခဲ့တယ်။ ပျက်ယွင်းနေတဲ့မျက်နှာအခြေအနေကြောင့် Mean ကပဲ လက်ဆွဲပြီး ကားဆီခေါ်သွားတယ်။ကားထဲရောက်တော့
Saint-ငါတို့ မှားကုန်ပြီနဲ့ တူတယ် ဘာမှ ဘာမှ အပြစ်မရှိတဲ့ ကလေးကို
Mean-မှားရင် ပြင်လို့ရပါတယ်ကွာ အနည်းဆုံးတော့ သူ့မိထွေးနဲ့ မောင်နှမတွေရဲ့ အနှိပ်စက်ခံရတာက လွတ်တာပေါ့
Saint-ဒါပေမယ့် ငါက သူ့ကို…ဟာကွာ
Mean-စိတ်လျော့ပါကွာ ဘာဆက်လုပ်မလဲဘဲ စဉ်းစားရအောင် ဖြစ်ပြီးတာတွေ ထားလိုက်တော့ မင်းသူ့ကို ၃ နှစ်လောက် ကယ်ထားတယ်လို့ သတ်မှတ်လိုက်ပေါ့
~~~
ရုတ်တရက်ပြန်ရောက်လာတဲ့ Saint ကြောင့် Perth ကြောင်အမ်းအမ်းဖြစ်နေတယ်
Perth-သခင်ပြန်လာတာလား
ဘာမှ ပြန်မဖြေဘဲ အပေါ်တက်သွားတဲ့ Saintကို Perth မျက်စိတစ်ဆုံးလိုက်ကြည့်နေမိတယ်
Perth-မျက်နှာလည်း မကောင်းပါလား ဆေးရုံမှာ တစ်ခုခုဖြစ်လို့များလား
Perthမီးဖိုခန်းထဲဝင်ပြီး နို့ကြက်ဥလေး ဖျော်လိုက်တယ် ပြီးတော့ အခန်းထဲကို ယူလာလိုက်တယ်။ အခန်းထဲဝင်လာတော့ ကုတင်မှာ ထိုင်ပြီး မျက်နှာကို လက်နဲ့အုပ် ခြေထောက်ပေါ် တံတောင်ထောက်ကာ ထိုင်နေတဲ့ Saint ကို
Perth-သခင် နေမကောင်းဘူးလား နို့ကြက်ဥလေးလုပ်လာတယ် နွေးတုန်း သောက်လိုက်ပါလား
Saint-မင်း ငါ့ကို အရင်က ဘယ်လိုခေါ်တယ်
Perth-သ ခင်
Saint-အဲ့ဒါမဟုတ်ဘူးလေ
Perth-……
Saint-မေးနေတယ်လေ
Perth-ကိုကိုလို့ ခေါ်ဖူးပါတယ်
Saint-အင်း အဲ့တိုင်းဆက်ခေါ်
Perth-ဗျာ😳
Saint-အဲ့အတိုင်းပဲခေါ်လို့ နှစ်ခါမမေးနဲ့ကွာ ဖြေရတာ မောတယ်
Perth-ဟုတ် သောက်လိုက်ပါဦး
Saint-ပေး ပေး
Perth#ကိုကို ဘာဖြစ်လာပါလိမ့် အရင်ကဘဲ ကိုကိုလို့ ခေါ်တာ မကြိုက်ဘူးပြောတယ် ခုကြ ကိုကိုလို့ ခေါ်တဲ့ အမျိုးမျိုးဘဲ 😒ဒါပေမယ့် ကိုကို တစ်ခုခုဖြစ်လာတာတော့ သေချာတယ်#

~~~

-မင်းတို့ကို မင်းတို့ လည်လှပြီ ထင်နေတာလား မင်းတို့ အဲ့လို လုပ်လိုက်ရုံနဲ့ Perth က ငါ့လက်က လွှတ်မယ်လို့ မင်းတို့ထင်နေတာလား အဲ့လိုထင်ရင် မင်းတို့ သိပ်မှားတယ်ဆိုတာ ငါ သက်သေပြမယ်
Prum-ငါ့ ငါ့ညီကို မလိုဘူးဆိုတာ မှန်တယ် ဒါပေမယ့် မင်းလောက်တော့ မကောက်ကျစ်ဘူး

Part 12 End

2019July27

author by Thae Thae

Perth ကို သိမ်းပိုက်ချင်နေတာ ဘယ်သူဖြစ်နိုင်လောက်လဲ

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Donde viven las historias. Descúbrelo ahora