Perth;
သတိရလာတော့ တစ်ကိုယ်လုံး အင်အားကုန်ခန်းနေသလို ခံစားရတယ် လက်တစ်ဖက်ကလဲ တစ်ခုခု ဖိထားတာ ခံနေရတယ်လို ခံစားရလို့ ခေါင်းလေးစောင်းပြီး အသာ ကြည့်လိုက်တော့ ကိုကိုက ကျွန်တော့်လက်ကို စုပ်ကိုင်ထားရင်း အဲ့ပေါ်ကို ခေါင်းလေး မှောက်ပြီး အိပ်နေတာ တစ်ချိန်လုံး ဒီလိုနေနေတာလား ခါးတွေ နာနေတော့မှာပဲ
ကျွန်တော်ဘက်ကို မျက်နှာမူပြီး အိပ်နေတဲ့ ကိုကိုရဲ့ မျက်နှာလေးက အရမ်း ကြည့်လို့ကောင်းတယ် ယောက်ျားပီသတယ် တည်ကြည်တယ် ဖြူစင်တယ်
ကျွန်တော်လေ ပြောလိုက်ချင်တယ် အရမ်း ချစ်တယ်လို့
နေချင်တယ် အမြဲတမ်း ကိုကို့ရဲ့ ဘေးနားမှာပေါ့
ငိုလိုက်ချင်တယ် ကိုကို့ရင်ခွင်ထဲကို တိုးဝင်ရင်း ကျွန်တော် ခံစားနေရတာတွေ ပြောပြရင်းပေါ့
ငုံထွေးလိုက်ချင်တယ် ကိုကို့ရဲ့ နှုတ်ခမ်း ရဲရဲလေးတွေကို
ကျွန်တော်လေ မဖြစ်နိုင်မှန်း သိရက်နဲ့ ဟိုးအဝေးက ကြယ်လေးကို စွတ်ခူးမိချင်နေပြီနဲ့ တူပါတယ်။
ကျန်တဲ့အရာတွေ ဖြစ်မလာဘူး ဆိုရင်တောင် ကိုကို ကျွန်တော့်ကို မမုန်းဖို့တော့ မျှော်လင့်ချင်တယ် ဗျာ။
ကျွန်တော်တို့ သွေးသားချင်း ဖလှယ်ပြီး ကတည်းက ကျွန်တော် ပိုလောဘတက်လာတာလား မသိဘူး။
ကိုကို့ကို ပိုပြီး ပိုင်ဆိုင်ချင်လာတယ်။ ခုလည်း ကြည့်လေ သတိရရချင်း တွေးမိတာက ကိုကို့ကို ပိုင်ဆိုင်ချင်တယ်တဲ့လား
ကိုကိုရယ် ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဒီ ၃ နှစ်ဆိုတဲ့ အတိုင်းအတာမှာ ဒီထက်ပိုပြီး သံယောဇဉ် တွယ်သွားမိခဲ့ရင် ဘယ်လို ဆက်လုပ်ရမလဲ ကျွန်တော် သိတော့မှာ မဟုတ်ဘူး။
ခုတောင် ကျွန်တော့်ဘေးကနေ ကိုကိုပျောက်သွားမှာကို ကြောက်တယ်။ ကိုကို အလုပ်သွားမယ့် အချိန်တွေကို မုန်းတယ်။ ၂၄ နာရီလုံး ကိုကို့မျက်နှာလေးကို ထိုင်ကြည့်ချင်နေမိတယ်။
ကျွန်တော် လက်ကို အသာလေးဆွဲထုတ်တော့ ကိုကိုနိုးလာတယ်
Saint-အင်း သတိရပြီလား
Perth-ဟုတ်
Saint-ခေါင်းတွေကိုက်သေးလား
Perth-ဟင့်အင်း
Saint-ဆေးတော့ကုန်အောင် ဆက်ချိတ်ထားရမယ် ပြီးတော့ ခဏထ ဒီဆေးလေးသောက်လိုက် အာ နေဦး ငါ ဆန်ပြုတ်သွားလုပ်လိုက်ဦးမယ် အစာရှိမှ ဆေးသောက်လို့ရမှာ အိပ်ချင် ခဏ ပြန်အိပ်လိုက်ဦး
Perth-ဟုတ်
Saint တစ်ယောက် မီးဖိုခန်းကို လာပြီး ပုစွန်ရယ် မုန်လာဥနီလေးရယ် ရေဆေးသန့်စင်ပြီး ပုစွန်ဆန်ပြုတ်လေး တည်လိုက်တယ်။
ဆန်ပြုတ်တည်ထားတုန်း စားပွဲမှာ ထိုင်ကာ စဉ်းစားခန်း ဝင်နေမိတယ်။
ဒီကောင်လေးက ဘာလဲ စောစောက ငါ့ကို ကြည့်နေတဲ့ မျက်လုံးတွေက တစ်ခုခုကို ခံစားနေရတယ် ။ ငါစိတ်ထင်တာပဲလား။ ဒါမှမဟုတ် ဒါမှမဟုတ်ရင် ငါ့ကို။ ဟာ ဖြစ်နိုင်ပါ့မလား။ တကယ်လို့များ ငါစဉ်းစားတဲ့အတိုင်း ဖြစ်နေမယ်ဆိုရင် ငါတို့ နှစ်ယောက်က မဖြစ်နိုင်ဘူး ကောင်လေး။ ငါတို့ နှစ်ယောက်က နေ့ နဲ့ ညလိုဘဲ ။ နေ့မှာဆိုရင် ညက ပျောက်ကွယ်ပေးနေရသလို ညဆိုရင်လည်း နေ့က ပျောက်ကွယ်ပေးနေရလိမ့်မယ်။ မင်းအရွယ်က လေတိုက်တိုင်း သစ်ရွက်လေးတွေ လှုပ်တိုင်း ရင်ခုန်တတ်တဲ့ အရွယ်မို့ မင်း အတူနေလိုက်ရတဲ့ ငါ့ကို ရင်ခုန်မိတာနေမှာပါ။ တစ်နေ့နေ မင်း တကယ်ရင်ခုန်ရမယ် ကောင်မလေး တစ်ယောက်ကို တွေ့ရင် မင်း ငါ့ကို မေ့သွားမှာပါ။
ပြီးတော့ငါကလည်း မင်းကို ကလဲ့စားချေယုံသက်သက် ဝယ်ခဲ့တာ
အာ ကလဲ့စားချေမယ်ဆိုမှ ဟိုဟာကို သူ့မိသားစုဆီ ပို့ရဦးမှာပဲ သူ့ကြောင့်နဲ့ ငါ့လုပ်ရမယ့် အစီအစဉ်တွေတောင် မေ့ကုန်ပြီ နက်ဖြန်မနက်တော့ ပို့ဦးမှပါ ဒါမှ သူ့တို့ရဲ့ အသည်းနှလုံးလေး ဘဝဖျက်ခံလိုက်ရပြီဆိုတာ သိပြီး ရင်ထုမနာ ဖြစ်နေကြမှာ။
ဆန်ပြုတ်လဲ ကျက်ပြီမို့ ပန်းကန်ထဲ ထည့်ကာ ယူလာလိုက်တယ်။
Saint-ဆန်ပြုတ်သောက်ရအောင်
ပန်းကန်ကို ဘေးက စားပွဲပေါ် ခဏတင်ပြီး Saint Perth ကို ကုတင်ကို မှီနိုင်အောင် ကူပေးလိုက်တယ် ။ပြီးတော့ ဆန်ပြုတ်ပန်းကန်ကို လှမ်းပေးလိုက်တယ်။
Perth လည်း ဖြည်းဖြည်းချင်း မှုတ်ပြီး သောက်လိုက်တယ်
Perth-ဝါး ကောင်းလိုက်တာ
Saint-မင်းလို chef တစ်ယောက်က ချီးကျူးတာဆိုတော့ ငါ့လက်ရာ မဆိုးဘူးလို့ ပြောရမှာပေါ့ 55
Perth-တကယ်ကောင်းတာပါ ပြီးတော့ ကျွန်တော်က ပုစွန်ကြိုက်တယ်လေ
Saint-ဒါနဲ့ မင်း Win ကို သိလား
Perth- Winလား ဟုတ် သိတာပေါ့ ကျွန်တော့်သူငယ်ချင်းလေ ပြီးတော့ ကျေးဇူးရှင်လဲ ဟုတ်တယ်
Saint-ဒါဆို Tam ကိုရော
Perth-သူလည်း ကျွန်တော့ သူငယ်ချင်းပါဘဲ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ရုတ်တရက် ကျောင်းထွက်သွားပြီး အဆက်အသွယ်ပြတ်သွားတယ်
Saint-အဆက်အသွယ်ပြတ်သွားတယ် သူ့အိမ်ကိုကော သွားမကြည့်ဘူးလား
Perth-ကျွန်တော် သူ့အိမ်ကို မသိဘူး ပြီးတော့ Tam ထက် P’ Win ကို ပိုပေါင်းဖြစ်တယ် အပြင်သွားရင်လည်း P’ Win နဲ့ပဲ သွားဖြစ်တာ Tam က ခေါ်ရင်လည်း မလိုက်တာ များတယ် တစ်နေ့ကျတော့…
Saint-ဘာဖြစ်လဲ?
Perth-ဟိုလေ ကျွန်တော့်ကို လူရှင်းတဲ့တစ်နေရာကို ခေါ်ပြီး မေးတဲ့မေးခွန်းရှိတယ်
Saint-ဘာမေးတာလဲ
Perth- P’ Winကို ယုံလားတဲ့
ကျွန်တော်လည်း ယုံတယ်လို့ ဖြေလိုက်တယ် အဲ့တော့ ပြီးရော ဆိုပြီး ထွက်သွားတယ် အဲ့ဒါပြီး နောက်နေ့က စပြီး ကျွန်တော်တို့ မတွေ့ဖြစ်ဘူး ကျောင်းလာပေမယ့် ကျွန်တော်တို့ကို ရှောင်နေတယ် တစ်ပါတ်လောက်လဲ နေရော သူကျောင်းမလာဘူး ပထမတော့ ဖျားလို့ ကျောင်းမလာဘူး ထင်ခဲ့တာ ကျောင်းမလာတာ ၅ရက်လောက်ရှိပြီမို့ ဖုန်းဆက်ကြည့်တယ် ဖုန်းမကိုင်ဘူး ၁ လလောက်နေမှ သူ ကျောင်းထွက်သွားတယ်ဆိုတာ သိရတာ ဖုန်းလည်း လိုင်းဖျက်လိုက်တယ် ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး ဒါနဲ့ ဘာလို့မေးတာလဲဟင်
Saint-ဒီလိုပါပဲ မင်းကို ဝယ်ဖို့လုပ်တော့မင်း အချက်အလက်တွေ ပေးတယ်လေ အဲ့ထဲမှာ အဲ့ နာမည်တွေ ပါလာလို့မေးကြည့်တာ ဒါနဲ့ Win ကရော အခု ဘယ်မှာလဲ
Perth-အဲ့ဒီစာသင်နှစ်ပြီးကတည်းက သူ့မိဘတွေ ရှိတဲ့ ထိုင်းကို ပြောင်းသွားတယ် ပြောင်းခါစကတော့ ၁ နှစ်ကို ၁ ခါ ၂ ခါလောက် ပြန်လာလေ့ရှိတယ် နောက်ပိုင်းတော့ လိုင်းကနေဘဲ စကား ပြောဖြစ်တော့တယ် ကျွန်တော်လည်း အလုပ်ဝင်ရော အဆက်အသွယ်က မလုပ်ဖြစ်သလောက်ဘဲ
Saint-ကောင်းပါပြီ ရော့ ဆေးသောက်လိုက်ဦး
Perth-ဟုတ်
ဆေးသောက်ပြီး Perthကို ပြန်သိပ်ကာ Saint အောက်ထပ်ကို ဆင်းလာခဲ့တယ်
ဧည့်ခန်းမှာ ထိုင်ရင်း
Saint#ညီက ဘာလို့ Win ကို ယုံလားလို့ မေးသွားရတာလဲ တစ်ခုခုတော့ ရှိရမယ်#
Saint ဖုန်းကို ထုတ်ပြီး Mean ဆီကို ခေါ်လိုက်တယ်
Mean-အေးပြော
Saint- Win က ထိုင်းမှာလို သူပြောတယ် သူ့အကြောင်း သေချာစုံစမ်းပေးပါလား ငါ့တစ်ခုခုခံစားနေရတယ် ဘာလဲဆိုတာတော့ ငါမသိဘူး ပြီးတော့ ညီက သူ့ကို Win ကို ယုံလားလို့ မေးခဲ့တယ်တဲ့ ညီတစ်ခုခု သိထားတာဖြစ်မယ်ထင်တယ်
Mean- Win က Perthကို ကူညီခဲ့ရင်း ခင်ကြတာဘဲ ဘာကြောင့် N’ Tamက ဒီမေးခွန်းကို မေးခဲ့တာလဲ ငါတို့ မသိလိုက်တာ တစ်ခုခုတော့ ရှိနေပြီထင်တယ်။
Saint-ငါလည်း အဲ့လို ခံစားရတယ်
Mean-အေးပါ ငါစုံစမ်းထားလိုက်မယ် အော် ဒါနဲ့ နက်ဖြန် နေ့ခင်းတော့ မင်း OR တစ်ခု ဝင်ရလိမ့်မယ် ကျန်တဲ့အချိန်တွေတော့ ခွင့်ယူလို့ရတယ်
Saint-အင်း
~~~
Perth
နောက်တစ်နေ့ မနက်ရောက်တော့ လူလည်း တော်တော် လန်းလာပြီမို့ မနက်စာ ပြင်ဖို့ ထလိုက်တယ် ကိုကိုကတော့ ဘေးမှာ အိပ်ပျော်နေတုန်းဘဲ နိုးသွားမှာစိုးလို့ အသာလေး ခြေဖေါ့ပြီး အခန်းထဲက ထွက်လာခဲ့တယ်
လက်လုပ်ခေါက်ဆွဲပြုတ်လေး လုပ်ပေးမှာမို့ ဂျုံတွေကို စနယ်လိုက်တယ် ။ လိုအပ်တဲ့ ခေါက်ဆွဲမျှင်လေးတွေ ရလာမှာ ပုစွန် ဂုံး ယောက်မ တို့ကို ရေဆေးပြီး တယ်လိုက်တယ်။ ပြီးတော့ ရေဆူဆူနဲ့ ပြုတ်ထားပြီး မကျက်တစ်ကျက်ချိန်ရောက်မှ ခေါက်ဆွဲလေးတွေကို ထည့်လိုက်တယ်။ လိုအပ်တဲ့ အစာပလာလေးတွေ ထည့်ပြီး နောက်ဆုံး ကျက်မှ ကြက်သွန်မြိတ်လေး ရိတ်ရိတ်လှီးပြီး အုပ်လိုက်တယ်။
YOU ARE READING
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)