Perth
ကျွန်တော်တောင် Zan တို့အိမ်ရောက်တာ တစ်ပါတ်ရှိလာပြီ။ ကိုကို့ကိုလည်း သေလောက်အောင် တွေ့ချင်နေပြီ။ ဒီနေ့ ကုထုံးသွားလုပ်ပြီးလို့ ခြေထောက်တွေ ကောင်းသွားရင် သိပ်ကောင်းမှာပဲ။ ကျွန်တော် ကိုကို့ကို သွားတွေ့လို့ ကျွန်တော် ဒီလိုဖြစ်တာ သိသွားရင် ကိုကို စိတ်မကောင်းဖြစ်သွားမလား။ သွားမတွေ့ပြန်တော့ရော ကိုကို ကျွန်တော်မရှိတော့ဘူး ထင်ပြီး ငိုများ ငိုနေမလား။
လောကကြီးရယ် ဘာလို့များ ကျွန်တော့်အပေါ် ဒီလောက်ရက်စက်ရတာလဲဗျာ။ ကျွန်တော့်အပေါ်ကို ရက်စက်ချင်ရင်တောင်မှ ဘာမှ အပြစ်မရှိတဲ့ ကိုကို့ကို ဘာလို့ ဆွဲသွင်းချင်ရတာလဲဗျာ။ ရပ်တန့်ပေးပါတော့ ကျွန်တော် နာကျင်ရလွန်းလို့ပါ။
Saint
ကလေးကို မတွေ့ရတာ တစ်ပါတ်တောင် ကျော်သွားပြီ။ ဘယ်တွေများ သွားနေတာလဲ ကလေးရယ်။ ကိုကို့ဆီ ပြန်လာပါတော့ကွာ။ ကိုကို ကလေးကို လွမ်းရလွန်းလို့ ရူးတော့မယ်။ ကိုကို ကလေးကို သိပ်ချစ်တာ သိရဲ့သားနဲ့ ဒီလိုကြီးတော့ မရက်စက်ပါနဲ့ကွာ။ ကလေး မသေသေးဘူးဆိုတာကို ကိုကို ယုံတယ်။ ကလေးပြန်လာမယ့် တစ်နေ့ကိုလည်း ကိုကိုစောင့်နေတယ်။ ကိုကို အသက်ရှင်နေတဲ့ ကာလပတ်လုံး ကလေးကို ကိုကိုစောင့်နေမှာ။ အဲ့ဒီ မျှော်လင့်ချက်တစ်ခုတည်းနဲ့ပဲ ကိုကို ဆက်အသက်ရှင်နေမိတာ။ ပြီးတော့ ကိုကိုမျှော်လင့်ချက်ကလည်း အဓိပ္ပာယ်မမဲ့ဘူးဆိုတာကို ကိုကို သိနေတယ်။ ပြန်လာခဲ့ပေးပါ ကျေးဇူးပြုပြီး ပြန်လာခဲ့ပေးပါ။ ကလေးက ကိုကို့အပိုင်လေ။ ကလေး ပြန်ကို ပြန်လာရမယ်။ အဲ့ဒါ ကိုကို့ရဲ့ တစ်ချက်လွှတ် အမိန့်ဘဲ။
Mean- Saint… Saint!... Saint!!!!
Saint-ဘာလို့ သေအောင် အော်နေတာလဲ
Mean-မင်းဘာတွေ တွေးနေတာလဲ ငါခေါ်နေတာကြာလှပြီ
Saint-ဒီလိုပါပဲ
Mean- Perth အကြောင်းလား
Saint-ဆိုပါတော့
Mean-မင်း Transfer ကျပြီးနော် နောက်လတွင်း ပြောင်းရမယ်တဲ့
Saint-ဟုတ်လား
Mean-အင်း ခုလေးတင် ဆေးရုံအုပ်ခန်း သွားရင်း ငါ့ကို မှာလိုက်တာ
Saint-အော် ဒါဆို ငါပြောင်းသွားလို့ ကလေးရောက်လာခဲ့ရင် ငါ့လိပ်စာပေးပြီး လိုက်လာခဲ့လို့ ပြောပေးနော်
Mean- Saintရာ
Saint-ငါ ယုံတယ် ကလေး ငါ့ဆီ ပြန်လာလိမ့်မယ်ဆိုတာ ငါယုံတယ်
Mean-မင်း ဘယ်လို ခံစားနေရတယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် တစ်ခါတစ်လေမှာ ခံစားချက်ထက် အခြေအနေမှန်ကို ဦးစားပေးရတာမျိုး ရှိတယ်။ အဲ့ဒါကို မင်း လက်ခံနိုင်ဖို့ လိုတယ်
Saint-ငါ..ငါသိပါတယ် ဒါပေမယ့် ဒါပေမယ့် ငါမှ…
ဝဲတက်လာတဲ့ မျက်ရည်စ တစ်ချို့ကို ပါးပေါ် စီးမကျလာစေရန် မျက်တောင်တို့ဖြင့် တားဆီးထားမိတယ်
Mean-အချိန်… အချိန်အတိုင်းအတာ တစ်ခုတော့ မင်း ယူရမှာပေါ့ကွာ အစားအသောက်တော့ မှန်မှန်စားပါ ကိုယ့်ကိုကိုယ် ထိခိုက်မခံပါနဲ့ကွာ ငါတစ်ခုလောက်ပြောမယ် မင်းစိတ် အဆင်သင့်ဖြစ်ရင် မင်းမပြောင်းခင် မင်းကလေးရဲ့ အုတ်ဂူကို သွားလိုက်ပါ သူ မင်းကို မျှော်နေရောပေါ့
Saint-ငါ အချိန်ခဏတော့ ယူချင်တယ်ကွာ
Mean-ငါလည်း အခုချက်ချင်းကို မဆိုလိုပါဘူး မသွားခင်လေး နှုတ်ဆက်တဲ့ သဘောလေးပေါ့ ပြီးတော့ ငါဖြစ်စေချင်တာက မင်း ဘူဆန်ကို ရောက်သွားရင် စိတ်သစ် လူသစ်အနေနဲ့ စစေချင်တယ် လူဆိုတာ သေမျိုးပါ ငါတို့ ကျန်ခဲ့တဲ့ သူတွေဘဲ ဖြေသိမ့်နိုင်အောင် ကြိုးစားရမှာပေါ့ နော်
Saint-အင်း
Mean- ငါ OR ဝင်လိုက်ဦးမယ် စိတ်ကို အတတ်နိုင်ဆုံးဖြေပါကွာ
ငါလည်း စိတ်ကို လျှော့လိုက်ချင်ပါတယ် ဒါပေမယ့် ကလေးမရှိတော့ဘူးလို့ နည်းနည်းလေး တွေးလိုက်တာနဲ့ ငါကမ္ဘာကြီး ပြိုပျက်သွားသလိုကို ခံစားရတယ် ငါ လက်ခံချင်ပေမယ့် လက်ခံလို့ မရဘူး ဖြစ်နေတယ် ဒါတွေ အားလုံးက ကျွန်တော် လုပ်ယူတာမှ မဟုတ်တာ
ကျွန်တော် ဘူဆန်ကို ပြောင်းဖို့ ၃ ရက်လောက် အလိုမှာ ကလေးရဲ့ အုတ်ဂူဆိုပြီး သတ်မှတ်ထားတဲ့ နေရာကို ကျွန်တော် လာဖြစ်တယ်။ လာတယ်ဆိုတာကလဲ ကလေးမရှိတော့ဘူးလို့ ကျွန်တော် တစ်ထစ်ချ သတ်မှတ်လိုက်တာမျိုးတော့ မဟုတ်ဘူး။ တကယ်လို့သာ ဆိုတဲ့ အတွေးကြောင့်သာ ကျွန်တော် ကလေးကို လာနှုတ်ဆက်မိတာ
Saint-ကလေး ကိုကိုလာတွေ့တာ ကလေး ဒီလောကကြီးမှာ ရှိသေးလား မရှိတော့ဘူးလားတော့ ကိုကို မသိဘူး ကိုကို ဒီကို လာရတာက ကလေးများ ဒီမှာ ရှိလို ရှိငြားဆိုပြီး လာခဲ့တာ။ ကလေးပြန်လာမှာကို ကိုကို စောင့်နေတယ်။ ထာဝရလည်း စောင့်နေမှာ ။ ကလေးလုပ်ရမှာ တစ်ခုလေးဘဲ ဘယ်လိုမျိုးဘဲ ဖြစ်ဖြစ် ကိုကို့ဆီ ရောက်အောင်တော့ ပြန်လာခဲ့ပေးပါ။ ကိုကို စောင့်နေမယ်။ အော် ပြီးတော့ ကိုကို နောက်၂ရက်နေရင် ဘူဆန်ကို ပြောင်းတော့မှာ ။ ကလေးလာမယ် ဆိုရင် Mean ဆီက လိပ်စာယူပြီး လိုက်လာခဲ့နော်။ ထပ်ပြောမယ်နော် ကိုကို စောင့်နေတယ်ဆိုတာကို မမေ့ပါနဲ့။ ကိုကိုပြန်လိုက်ဦးမယ်။
Perth#ဒါကိုကို့အသံဘဲ#
ဒီနေ့ Zanလေးရဲ့ မိဘတွေရဲ့ နှစ်ပတ်လည်နေ့လေ။အဲ့ဒါကြောင့် သူ့မိဘတွေဆီကို လာခဲ့တာ ။ ပထမ ကျွန်တော် မလိုက်ဘူး ပြောပေမယ့် Zanလေးက သူ့မိဘတွေကို မိတ်ဆက်ပေးချင်တယ် ဆိုလို့ လိုက်လာခဲ့တာ။ Zanလေး သူ့မိဘတွေကို ကန်တော့နေတုန်း ကြားလိုက်ရတဲ့ စကားသံလေး။ ကိုကိုမှ ကိုကိုရဲ့ အသံစစ်စစ်။ ဒါဆို ကိုကိုတို့က ကျွန်တော့်ကို သေလူဆိုပြီး သိထားတာပေါ့။ ဒါပေမယ့် ကိုကိုပြောနေပုံအရ ကိုကိုက ကျွန်တော် သေပြီဆိုတာကို လက်မခံသေးတဲ့ပုံပဲ။ သွားကြည့်ချင်ပေမယ့် ကျွန်တော့်ကို တွေ့မှာ ဆိုးတာကြောင့် ဦးလေးKim ကို ခေါင်းမူနေလို့ ကားဆီ လိုက်ပို့ပေးပါလို့ ပြောပြီး ကားထဲမှာပဲ ထိုင်နေလိုက်တယ်။ ခဏကြာတော့ ကျွန်တော်ရဲ့ ဘဝလေးက ကားပါကင်ကို လမ်းလျှောက်လာတာ တွေ့ရတယ်။ မတွေ့ရတဲ့ ခဏလေး အတွင်းမှာ ပိန်သွားလိုက်တာ ကိုကိုရယ်။ မျက်ဝန်းတွေကလည်း ငိုထားတယ် ထင်ပါရဲ့။ ရဲပြီး မို့နေပြီ။ တောင်းပန်တယ် ကျွန်တော့်ကြောင့် ကိုကို့ကို ခံစားစေခဲ့ရလို့။ ဒါပေမယ့် တစ်ခုတော့ ကောင်းပါတယ် ကိုကို ကျွန်တော့်ကို သေသူအဖြစ် လုံးဝသတ်မှတ်လိုက်ရင် ကျွန်တော် ကိုကို့ကို နှစ်ခါ မနာကျင်စေတော့ဘူးပေါ့။ အခုအခြေအနေကပဲ အကောင်းဆုံး အခြေအနေလို့ ကျွန်တော်ထင်တယ်။ တစ်နေ့နေ့တော့ ကိုကို ကျွန်တော့်ကို မေ့နိင်သွားမှာပါ
တောင်းဆိုပါရစေ ကျေးဇူးပြုပြီး ကျွန်တော့်ကို မေ့ဖျောက်ပေးပါ ကိုကို
Time flash end
Zan တစ်ယောက် သီချင်းလေး ညဉ်းကာ ဆံပင်ကို စိတ်တိုင်းကျ ပုံသွင်းနေတယ် ။ ဂျယ်ကို လက်မှာ အနေတော်ထည့်ပြီး ခါတိုင်း ချနေကျ ဆံပင်လုံးလုံးလေးကို လှန်တင်ထားလိုက်သည်။ P’ Saint က သူ့ကို ကလေးတစ်ယောက်လို ထင်နေမှာမျိုး မဖြစ်ချင်ဘူးလေ။ ကိုယ့်ကိုကိုယ်သာ ရှယ်သနေတယ် တွေ့ရ မတွေ့ရက မသေချာသေး ။ ဒါပေမယ့် တွေ့လိုတွေ့ငြား သွားမှာတောင် ရင်တွေက ဗရမ်းဗတာကို ခုန်နေတာ ။ ခုန်နေတဲ့ နှလုံးသားကို ထိန်းချုပ်ပြီး စီးနေကျ ပြိုင်ကား အနီလေးကို ယူကာ ထွက်လာခဲ့တယ်။ ဖေဖေ မေမေတို့ အုတ်ဂူရှေ့ရောက်တော့ လူက ရှက်ကိုးရှက်ကန်း ဖြစ်လာတယ်။ တစ်ခါမှ ဖေဖေတို့ဆီ ၁လကို ၂ ခါ မလာမိဘူးလေ။
Zan-ဟီး ပါးပါးနဲ့ မားမား Zan ဒီနေ့ရော လာလို့ အံ့သြနေတာလား တကယ်တော့လေ … အင်းး… Zan ကို စိတ်မဆိုးနဲ့ Zan လူတစ်ယောက်ကို လာရှာတာပါ ပါးပါးတို့ဆီ လာတာမဟုတ်လို့ စိတ်မဆိုးပါနဲ့နော်
ဖေဖေ မေမေတို့ကို တောင်းပန်ပြီးတော့ မနေ့က P’ Saint ကို တွေ့တဲ့ အုတ်ဂူနားဆီ သွားကြည့်လိုက်တယ်။ မျှော်လင့်ထားသလိုတော့ P’ Saint ရှိမနေခဲ့ပါ
အဲ့ဒါနဲ့ အုတ်ဂူလေးနဲ့ မနီးမဝေးက သစ်ပင်အောက်လေးမှာ ထိုင်စောင့်နေလိုက်တယ်။
၁ နာရီ…… သူမရောက်လာဘူး
၂ နာရီ…… ရောက်မလာပြန်ဘူး
၃ နာရီ……ရောက်မလာသေးဘူးပဲ
ဇွဲရှိရှိနဲ့ စောင့်နေပေမယ့် ညနေ နေဝင်ခါနီးထိ ရောက်မလာခဲ့ဘူး။
အကြောင်းမရှိဘဲ မျက်ရည်ကျမိပြန်တော့ အမြန်ဘဲ လက်ခုံနဲ့ ပွတ်သုတ်လိုက်မိတယ်။
Zan-ဘာလို့ ရောက်မလာခဲ့တာလဲ ခင်ဗျားရယ်
#အဟိ ခင်ဗျားတဲ့ … ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတာလဲ သိတယ် ကျွန်တော်ကလည်း ယောက်ျားလေး တစ်ယောက်ဆိုတာလဲ သိတယ် ဒါပေမယ့် ခင်ဗျားကို ခင်ဗျားလို့ပဲ ခေါ်ချင်မိတယ် ဗျာ ခွင့်ပြုပေးနော်#
နေလည်ဝင်သွားပြီးမို့ စိတ်လျှော့ပြီး အိမ်ပြန်မယ်အလုပ် စိတ်က တစ်ခုကို သတိရသွားတယ်။
#ခင်ဗျား ဘယ်သူ့ဆီ လာတာဘာလိမ့် ခင်ဗျားကောင်မလေးဆီများလား ဟာ မဖြစ်နိုင်တာ#
သိချင်စိတ်ကြောင့် သူလာခဲ့တဲ့ အုတ်ဂူရှေ့ကို သွားကြည့်လိုက်တယ် ။ နာမည်က မြက်ပင်လေးတစ်ချို့နဲ့ ဖုံးနေတာမို့ မမြင်ရဘူး
ဘေးနားမှာ ချထားတဲ့ ပန်းစည်းလေးကို ကြည့်လိုက်တော့ အဖြူရောင်ကျူးလစ်ပန်းလေးတွေ
YOU ARE READING
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)