My Doctor 13💓

1.9K 156 16
                                        

Win-အဲ့တော့ မင်းက မကျေနပ်ဘူးလား
Prum-ဆေးကုလိုက်ပါကွာ နော်
Win-ငါက ဘာကို ကုရမှာ ငါမှ ဘာမှ မဖြစ်တာ
Prum-ဒါဆိုလည်း Perth ကို သူ့ဘာသူ လွှတ်ထားပေးလိုက်လေ
Win-စကားတွေ သိပ်တတ်နေတယ် ဟုတ်လား ဘာလဲ Perth က Daniyal နဲ့ တူနေလို့လား
Prum-မဆိုင်လိုက်တာ Perth နဲ့ Daniyal နဲ့ တူတာ ဘယ်နေရာမှ မရှိဘူး
Win-ရှိတာပေါ့ သိပ်ရှိတာပေါ့ Perth က မင်းရဲ့ ညီ ဖြစ်လာတယ်လေ
Prum-ညီအရင်းမှ မဟုတ်တာ ငါ သူ့ကို ညီလို့လဲ မသတ်မှတ်ဘူး
Win-သိပ်ရယ်ရတာဘဲ ဒါဆို ဘာလို့ စိုးရိမ်နေတာလဲ
Prum-အဲ့….
Win-ရှုး ပါစပ်လေးကို ပိတ်ပြီး အေးဆေးနေ အဲ့ဒါဆို မင်းတို့ မိသားစု ဘာမှ မဖြစ်ဘူး ဟုတ်ပြီလား bye ငါပြန်တော့မယ် အော် ရဲတွေနဲ့ ရှုပ်တာလဲ ငါမကြိုက်ဘူးနော် Prum လေး လိမ်လိမ်မာမာနေ ဟုတ်ပြီလား မလိမ္မာရင် ငါ ဘာလုပ်တတ်လည်း မင်းသိပါတယ် 30 သိပ်လှတဲ့ သူ့မျက်ဝန်းလေး ရဖို့ လ ၃၀ဘဲ လိုတော့တယ် မစောင့်နိုင်တော့ဘူးကွာ 5555
Prum#ငါ ဘာလုပ်ရမလဲ ငါလုပ်ရပ်တိုင်းသူ ကြိုသိနေတာ ငါဘယ်လိုလုပ်ရလဲ ငါ နောက်ထပ် ညီတစ်ယောက်တော့ အဆုံးရှုံး မခံနိုင်တော့ဘူး#
Prum တစ်ယောက်အိမ်ကို ပြန်ရောက်တော့ Dao ခန်းထဲ ဝင်ခဲ့တယ်
Prum-P’
Dao- Prum
ရှုတ်တရက် လာဖက်ပြီး ငိုကြွေးနေတဲ့ Prum ကြောင့် Dao တစ်ယောက် ကြောင်သွားတယ်
Dao-ဘာဖြစ်လာတာလဲ Prum
Prum-အဟင့် ကျွန်တော် ဘာဆက်လုပ်ရမလဲ P’ Win က Win က
Dao- Win ဘာဖြစ်လို့လဲ
Prum- Perth ကို Daniyal လို လုပ်ဖို့ သူ ရည်ရွယ်နေပြီ
Dao- Perth က Saint ဆီမှာမလား
Prum-ဟုတ်တယ် ဒါပေမယ့် စာချုပ်ပြည့်သွားရင် Perth ကို ခေါ်သွားပြီး Daniyal လို လုပ်လိုက်လိမ့်မယ် ကျွန်တော် အဲ့လို အဖြစ်မခံနိုင်ဘူး အဲ့လို မဖြစ်စေချင်လို့ သူ့စိတ်တိုင်းကျ Perth ကို နှိပ်စက်ခဲ့ပေးပြီးပြီ သူမရှိတဲ့ အချိန်အတောတွင်းမှာလဲ Perthကို သူနဲ့ဝေးရာကို ပို့ဖို့ လုပ်ပြီးပြီ ဒါပေမယ့် သူက လက်ဦးသွားတယ် ကျွန်တော့် အစီအစဉ်တွေ အားလုံးသိနေပြီ
Dao- P’ တို့ ခေါင်းအေးအေးထားပြီး စဉ်းစားကြတာပေါ့ Saint နဲ့တော့ စကားပြောဖို့ လိုပြီလို့ ထင်တယ်
Prum-ဟုတ်တယ် Perthကို ကယ်နိုင်မှာ Saint တစ်ယောက်ဘဲ ရှိလိမ့်မယ် ဒါပေမယ့် Saint က အတွေ့မခံရင်ရော
Dao-ကြိုးစားရမှာပေါ့ကွယ်
Prum-ခုတော့ ခဏလောက်ငိုပါရစေ P’
Dao-ငါတို့ မောင်နှမတွေလည်း ဘယ်တော့များ ဒီဝဋ်က လွတ်ပါ့မလဲနော်
ရင်ခွင်ထဲတိုးပြီး ငိုနေတဲ့ Prum ရဲ့ ကျောလေးကို လက်လေးနဲ့ ပွတ်သတ်ရင်း လွန်ခဲ့တယ် ၆နှစ်လောက်က အတိတ်ဆိုးကြီးကို ပြန်မြင်ယောင်လာမိတယ်
~~~
6 years ago
Prum- P’ ရေ P’ ကယ်ပါဦး Daniyal သားကို လိုက်ရိုက်နေတယ်
Daniyal-ကိုကို မပြေးနဲ့နော် ဟာ မပြေးပါနဲ့ဆို
Dao- ဟဲ့ဘာတွေ ဒီလောက်ဆူနေကြတာလဲ
Daniyal-ကိုကိုပေါ့ သားချိုချဉ်တွေ လုစားသွားတယ်
Prum-လုစားတာ မဟုတ်ပါဘူး ယူစားတာပါ ငယ်လေးရယ် ငယ်လေးလည်း စားလို့ ကုန်တာမှ မဟုတ်တာ
Daniyal-အဲ့တာ သားစားဖို့ ဝယ်ထားတာမှ မဟုတ်တာ
Prum-ဟင် စားဖို့ဝယ်တာ မဟုတ်ရင် ဘာတွက်လဲ ငယ်လေးရဲ့
Daniyal-ကိုကို Win ကို ပေးဖို့
Prum-ဟွန့် ငါတို့ကျ ဝယ်မကျွေးဘူး
Daniyal-သားက ကိုကို Win တစ်ယောက်ထဲဘဲ ဝယ်ကျွေးချင်တာ
Dao-ငယ်လေးက Win ကို တော်တော်ချစ်တာပဲ
Daniyal-ချစ်တာပေါ့ ကိုကို Win က သားကို အမြဲ အလိုလိုက်တယ်လေ
Dao-မမတို့ကရော အလိုမလိုက်လို့လား
Daniyal-အလိုလိုက်ပေမယ့် ကိုကို Win လောက်တော့ မဟုတ်ဘူးလေ အော် ဒါနဲ့ နောက်တစ်ပါတ်ကျရင် ကိုကို Win က သားကို စင်ကာပူလိုက်ပို့မယ်တဲ့
Lai-မသွားရဘူး!
Daniyal-ဘာလို့လဲ မားရဲ့
Lai-နောက်တော့ ပြောပြမယ် ခု စာသွားလုပ်တော့
Daniyal-ဟွန့် ဘာမှန်းလဲ မသိဘူး
ခြေစောင့်ကာ တက်သွားတဲ့ Daniyal ကို Dao တို့ ပြုံးပြီးတော့သာ ကြည့်နေမိတယ်
Prum-မား မျက်နှာ မကောင်းပါလား မနက်ကတည်းက ထွက်သွားတာ ခုမှ ပြန်လာတာလား
Lai-သားတို့ မား ပြောစရာရှိတယ် အခန်းထဲ ခဏလိုက်ခဲ့
Dao & Prum-ဟုတ်
အခန်းထဲရောက်တော့ အခန်းထဲက ခုံမှာ ထိုင်လိုက်ကြတယ် မားကတော့ ကုတင်ပေါ်မှာ ထိုင်လျက်ပေါ့
Lai-အခု မား Win တို့အိမ်က ပြန်လာတာ
Dao-ဘာဖြစ်လို့လဲ မား
Lai- Winမှာ ကိုယ်ရည်သွေးတဲ့ စိတ်မူမမှန်တဲ့ ရောဂါ ရှိနေတယ်တဲ့
Prum-ဗျာ ကျွန်တော် နားကြားမှားတာ မဟုတ်ပါဘူးနော်
Lai-မမှားဘူး သားလတ် အခုလေးတင် သူ့အမေကိုယ်တိုင် ပြောလိုက်တာ ဆေးရုံဆို ခြေဦးတောင်မလှည့်တဲ့ Win ကို ဆေးရုံတင်ဖို့ တော်တော်ခက်ခဲနေတယ်
Dao- Win ကို ကြည့်ရတာ အဲ့လိုပုံမပေါက်ပါဘူး
Lai-သူတို့လည်း သိတာ မကြာသေးဘူး ဟိုတစ်နေ့ သူ့ခွေးလေးကို သူ သတ်လိုက်မှ သိရတာ family doctor ခေါ်တော့ စိတ်ကျန်းမာရေးစစ်ကြည့်ရင်ကောင်းမယ်ဆိုလို့ ဆေးရုံကို ဇွတ်ခေါ်ပြီး သွားပြီး စစ်ဆေးမှ သိခဲ့ရတာတဲ့
Dao-ဒါဆို ငယ်လေးကို Win နဲ့ ခွဲထားမှ ဖြစ်မယ်ထင်တယ်
~
Win- Daniyal!
Daniyal-ဟာ ကိုကို Win လာလည်တာလား
Win-ဟင့်အင်း
Daniyal-ဒါဆို
Win-ချိုချဉ်ကြွေးမယ်ဆို အဲ့တာကြောင့်လာယူတာ
Daniyal-သားက ဝယ်ထားပါတယ် ဒါပေမယ့် ကိုကို Prum က လုစားသွားတယ်
Win-ဒါဆို သွားထပ်ဝယ်ကြမယ်လေ
Daniyal-ဟုတ် သွားမယ်လေ
ထိုအချိန် လှေကားပေါ်က ဆင်းလာတဲ့ Prumက
Prum-ငယ်လေး ဒါက ဘယ်လဲ
Daniyal-ချိုချဉ်သွားဝယ်မလို့ ကိုကိုဘဲ ယူစားသွားတာလေ အဲ့တော့ ပြန်သွားဝယ်ရတော့မှာပေါ့
Prum-ငါသွားဝယ်ပေးမယ်
Win-ငါနဲ့ တူတူ သွားဝယ်မှာပါ Daniyal လေးကို တစ်ယောက်တည်း မလွှတ်ပါဘူး
Prum#မင်းနဲ့မို့ကို စိတ်မချတာ#
နောက်က ရောက်လာတဲ့ Dao က
Dao- Prum ငါ့ခေါင်းလျှော်ရည်ကုန်နေလို့ လမ်းထိပ်က စတိုးမှာ သွားဝယ်ပေးစမ်းပါ
Prum-ဟာ P’ ကလည်း
Win-ကျွန်တော်တို့လဲ ခုလေးတင် အဲ့သွားမလို့ ဘာတံဆိတ်လဲ ကျွန်တော်တို့ ဝယ်ခဲ့ပေးမယ်လေ
Prum-ရတယ် ငါဘဲ ဝယ်ပေးလိုက်မယ် အားလုံးတူတူသွားကြတာပေါ့ လာ ငယ်လေး
Prum Daniyal လက်ကို ဆွဲပြီး ထွက်မလို့ အလုပ်ကို Win က ကြားဝင်လိုက်ပြီး Daniyal လက်ကို ကိုင်လိုက်တယ်
Daniyal လည်း Win လက်ကို ပြန်ကိုင်ထားရင်း ရှေ့ကနေ လျှောက်သွားလေရဲ့
Prum ကတော့ သူတို့ နှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းချမိတယ်
Daniyal-ကိုကို Win
Win-ပြောလေ Daniyal
Daniyal-မားက သားကို စင်ကာပူ မသွားရဘူးတဲ့
Win-ဟင် ဘာလို့လဲတဲ့
Daniyal-မသိဘူး မသွားရဘူး လို့ဘဲပြောတာ
Win-ကိုကိုပြောကြည့်ပါဦးမယ်
(မရရင် ခိုးသွားကြတာပေါ့)ဆိုတဲ့ စကားကိုတော့ Daniyal နားနားလေး ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်
Daniyal က ခေါင်းလေး ငြိမ့်ပြပြီး ပြုံးနေတယ်
Prum- Win
Win-အင်း
Prum-မင်း ဘာလို့ ငယ်လေးကို စင်ကာပူခေါ်သွားချင်တာလဲ
Win-ဘာရယ်လို့တော့ မဟုတ်ပါဘူး Daniyal လေး စာမေးပွဲပြီးရင် အပန်းဖြေလို့လဲရ ပျော်လို့လဲ ရအောင်ပါ
Prum-ဘယ်နှယောက်သွားကြမှာတုန်း
Win-ငါနဲ့ Daniyal နှစ်ယောက်တည်း
Prum-အပန်းဖြေ ခရီးထွက်တာ လူများမှ ပိုကောင်းတာ မဟုတ်ဘူးလား
Win-အင်း ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့် ငါ့မှာ သူငယ်ချင်းမှ မရှိတာ
Prum-ငါတို့ကရော
Win-အချိန်ရရင် လိုက်ခဲ့လေ
Daniyal-ဟုတ်တယ် ဟုတ်တယ် ကိုကို Prumရော မမ Dao တို့ပါလိုက်ခဲ့ အဲ့ဒါဆို ပျော်စရာကြီးနေမှာနော့် ကိုကို
Win ရဲ့ လက်မောင်းကို ဆွဲလှုပ်ရင်း မေးနေတဲ့ Daniyal ခေါင်းလေးကို ပုတ်ရင်း ပြုံးပြီး ခေါင်လေးပြန်ငြိမ့်ပြလိုက်တဲ့ Win
Win-မင်းတို့လိုက်မယ်ဆို ငါ လက်မှတ်ဝယ်ထားလိုက်မယ်လေ ငါ့ကို passport ပေးလိုက်
Prum-အင်း မားကိုတော့ ပြောရဦးမယ် လွှတ်မလွှတ်တော့ မသိသေးဘူး
Win-အင်းပါ ငါနားလည်ပါတယ်
~~~
Lai-ဘာပြောတယ် မသွားရဘူးနော် Prum ငါ ခွင့်မပြုဘူး
Prum-ကျွန်တော်သိပါတယ် Win လည်း တဇွတ်ထိုး မလုပ်အောင် ငယ်လေးလည်း စိတ်ချမ်းသာအောင် ပြောခဲ့တာပါ ငယ်လေး စာမေးပွဲပြီးရင် ကျွန်တော်တို့ မိသားစုလိုက် နာမီကို သွားကြမယ်လေ အဲ့ဒါဆို ငယ်လေးလည်း Win နဲ့ သွားဖို့ ကိစ္စမေ့သွားလိမ့်မယ်
Dao-ပြန်လာလို့ သွားမယ်ဆိုရင်ရော
Prum-အဲ့ချိန်ကျရင် ခရီးပန်းလာတာတို့ ဘာတို့ တစ်ခုခု အကြောင်းပြကြမယ်လေ
Lai-အင်း သားလတ် စဉ်းစားထားတာ မဆိုးပါဘူး
Dao-မဆိုးတာမဟုတ်ဘူး မား အဲ့လိုဘဲ လုပ်ရအောင်
Lai-အေးပါ ဒီလိုဘဲလုပ်ကြတာပေါ့
သူတို့ပြောနေတာတွေ ကောင်လေးတစ်ယောက်ကြားသွားတယ်ဆိုတာ သူတို့သိခဲ့ရင်
~~~
Ring Ring
Win-ပြော Daniyalလေး
Daniyal-………
Win-တကယ်ပဲလား
Daniyal-………
Win-စိတ်မပူပါနဲ့ ကိုကို စင်ကာပူကို ရအောင် ခေါ်သွားမယ် ဟုတ်ပြီလား ခုညနက်နေပြီ အိပ်တော့နော်

Part 13 End

2019July31

author by Thae Thae

Daniyalလေးကို Win ဘယ်လိုသတ်လိုက်တာပါလိမ့်

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Место, где живут истории. Откройте их для себя