ကစားကွင်းက ပြန်ရောက်ပြီးတော့ ရေမိုးချိုးပြီး အနားယူဖို့ လုပ်ကြတယ်။ Perth ရေချိုးပြီး ကုတင်ပေါ်လှဲနေတဲ့ Saint ရင်ခွင်ထဲကို တိုးပြီး ဖက်ထားလိုက်တယ်။
Saint-ကလေး ခေါင်း ခြောက်အောင် သုတ်ဦးလေ
Perth-ခဏလေးပါ ဒီလိုလေးနေချင်လို့
Saint-ဟုတ်ပါပြီ ဒါပေမယ့် သဘက် ကိုကို့ကိုပေး ကိုကို သုတ်ပေးမယ် တော်ကြာ ကလေး ခေါင်းကိုက်နေမှာစိုးလို့
Perth သဘက်ကို Saint ကိုပေးလိုက်တော့ Saint က Perth ရဲ့ ခေါင်းကို ဖွဖွလေးသုတ်ပေးတယ်
Perth-မခွဲချင်ဘူး ကိုကိုရယ် အဟင့်
Saint-၁လထဲပါ ကလေးရယ် ကိုကိုလည်း ဘယ်ခွဲချင်ပါ့မလဲ ဒါပေမယ့် ကလေးရဲ့ အသက်က ပို အရေးကြီးတယ်လေ
Perth-ကိုကို ကျွန်တော့်ကို လာတွေ့ပါနော်
Saint-စိတ်ချ နေတိုင်းလာတွေ့မယ် Prum နဲ့လည်း စကားပြောရဦးမယ်
Perth-ကျွန်တော်လေ P’ Win ကို အဲ့လို လူမျိုးလို့ လုံးဝ မထင်ခဲ့ဘူး သိလား
Saint-လူတစ်ယောက်ကို အပေါ်ယံကြည့်ယုံနဲ့ သူ့အတွင်းစိတ်ကို မသိနိုင်ဘူးလေ
Perth-အပေါ်ယံကြည့်ခဲ့တာ မဟုတ်ပါဘူး ကျွန်တော့်အပေါ် တကယ်ကို ကောင်းခဲ့တာ ခုထိ မယုံနိုင်သေးဘူး ဖြစ်နေတယ်
Saint-ကလေးဘေးနား ဘယ်သူမှ မရှိချိန် သူရှိနေပေးခဲ့လို့ ကလေး အဲ့လို ထင်နေတာပါ
Perth-ဒါနဲ့လေ Plan ပြောပုံအရ နောက်တစ်ယောက်ရှိသေးတယ် ဆိုတော့ အဲ့တာ ဘယ်သူဖြစ်နိုင်လဲဟင်
Saint-ကိုကိုလည်း အဲ့ဒါ စဉ်းစားနေတာ ဘယ်သူများဖြစ်နိုင်မလဲလို့ ဒါပေမယ့် Win ကို တွေ့တိုင်း တစ်ယောက်တည်းပဲ တွေ့ဖြစ်တာ ဘယ်သူနဲ့မှ သူ အတူတူလာတာ မတွေ့ဖူးဘူး
Perth- နောက်တစ်လကို မြန်မြန်ကုန်ချင်ပြီဗျာ ကိုကို မရှိဘဲ ကျွန်တော် ဘယ်လို နေရမလဲဗျာ
Saint-ကလေးရယ်
#ကျွန်တော် ကလေးကို ဖြေသိမ့်ပေးဖို့ စကားရှာမတွေ့ဘူး ကျွန်တော်ကိုယ်တိုင်လဲ ကလေးနဲ့ ခွဲနေရမယ်ဆိုတာ သိကတည်းက ရင်ထဲမှာ မွန်းကြပ်နေလို့ပါ တစ်လတည်းပါလို့ ဖြေသိမ့်နေပေမယ့်လည်း တစ်ရက် တစ်နာရီ တစ်စက္ကန့်လေးတောင် ခွဲမနေချင်ဘူး ဆိုရင် ကျွန်တော် လွန်များ နေမလား #
ကလေးနဲ့ ကျွန်တော် စကားပြောရင်း အိပ်ပျော်သွားခဲ့ကြတယ် ။ နောက်တစ်နေ့ကို ရင်ဆိုင်ဖို့ ရှိသမျှ အင်အားတွေစုကာ နိုးထလာခဲ့ရတယ်။
ဒီနေ့ အချိန်တွေ ကုန်မြန်နေသလိုဘဲ ဘာလိုလိုနဲ့ နေ့ခင်း တောင် ရောက်ခါနီးနေပြီ
ကျွန်တော်လည်း ကလေးကို သွားပို့ဖို့ ပြင်ဆင်ပြီး အောက်ကို ဆင်းလာခဲ့တယ်။ကလေး မျက်နှာမကောင်းတာ သိပေမယ့် မမေးခဲ့ဘူး ။ ဘာလို့ဆို မေးလိုက်လို့ ကလေးက မသွားချင်ဘူးလို့ ဖြေခဲ့ရင် ကျွန်တော် ဒီစိတ်ကို ဆက်တင်းနိုင်မှာ မဟုတ်လို့ဘဲ။
နောက်တော့ ကလေးကို ခေါ်ပြီး အန်တီ Lai တို့ဆီ သွားပို့လိုက်တယ်။
ပြန်လာတဲ့လမ်းမှာ ကျွန်တော့် နှလုံးသား မပါလာခဲ့ဘူး တစ်လဆိုတာကို ကျော်ပစ်လို့ရရင် သိပ်ကောင်းမှာပဲ။
အိမ်လည်း ပြန်ချင်စိတ်မရှိတာကြောင့် ဆေးရုံကိုပဲလာခဲ့တယ်။ Mean ကတော့ အရေးကြီး OR ဝင်ရမှာမို့ဆိုပြီး မနက်က ရောက်မလာခဲ့ဘူး။ ဆေးရုံရောက်တော့ မျက်နှာမကောင်းတဲ့ ကျွန်တော့်နားကို လာပြီး နှစ်သိမ့်ပေးနေခဲ့တဲ့ Mean ကြောင့် အနည်းငယ်တော့ စိတ်သက်သာရာ ရတယ်။ ငယ်ငယ်တည်းက ဆိုးတူ ကောင်းဖက်ဆိုတော့ သူရှေ့ဆို ဟန်မဆောင်ဘဲ ရင်ထဲမှာ အရှိတိုင်း နေထိုင်ရတော့ ပိုပြီး စိတ်သက်သာစေတယ်။
စိတ်ညစ်နေလို့ ကော်ဖီလေး သောက်မလို့ လုပ်နေတုန်း ရောက်လာတဲ့ Win ကြောင့် ပို စိတ်ရှုပ်ရတယ်။
Saint-အော် Win ပါလား
Win-ကျွန်တော်လာတာ အနှောက်အယှက်ဖြစ်သွားလား
Saint-ရပါတယ် ဒါနဲ့ လာရင်းလေးက
Win-ပထမတော့ ကျွန်တော် မပြောဘူးလို့ ထားမလို့ဘဲ ဒါပေမယ့် သေချာပြန် စဉ်းစားတော့ ပြောသင့်တယ် ထင်လို့ပါ
Mean ကတော့ အနောက်ကရပ်နေရင်း ဘာတွေ ရွှီးဦးမလဲ မသိဘူး ဆိုတဲ့ မျက်နှာလုပ်ပြတယ်
Saint-ဟုတ် ပြောပါ
Win-Daniyal မသေသေးဘူး
Saint-အော် ဟုတ်လား
Win- Saint ကြည့်ရတာ မအံ့သြသလိုဘဲနော်
Saint-ဒီလိုပါပဲ ကျွန်တော်နဲ့က ပတ်သက်မှု မရှိခဲ့ဖူးတော့
Win-အော် ခုပြောမယ့်စကားကတော့ Mean နဲ့ သက်ဆိုင်မယ်ထင်တယ်
Mean-ဘာများလဲ ဗျ
Win-အခု လက်ရှိ Mean တွဲနေတဲ့ Plan ဆိုတာ Daniyal မို့လို့ပါ
Mean-ဗျာ!!
Mean တစ်ယောက် အံ့သြချင်ယောင်ဆောင်လိုက်တာ ကျွန်တော် ရယ်တောင် ရယ်ချင်မိသွားတယ်။ တကယ်ဆို သူသိပြီးသား အကြောင်းအရာကို အဲ့လောက် အံ့သြပြစရာ လိုလို့လား
Mean-ဒါနဲ့ ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ ဟင်
Win-ကျွန်တော် အဲ့ဒါကို ပြောပြဖို့ အတွက်ဆိုရင် အချိန်နည်းနည်းတော့ ယူရလိမ့်မယ် Mean နဲ့ Saint အချိန်ရနိုင်မလား
Saint-ရပါတယ် ပြောပါ
Win-ဟုတ် တကယ်တော့ ကျွန်တော် လူကောင်းတစ်ယောက် မဟုတ်ဘူး ကျွန်တော် လူမဆန်တဲ့ အလုပ်တွေလဲ အများကြီး လုပ်ခဲ့ဖူးတယ် ရှင်းရှင်းပြောရမယ်ဆိုရင် လူသတ်ဖို့တောင် ပါဝင်ခဲ့ဖူးတယ်
ပြီးတော့ အခုပြောမယ့် အကြောင်းအရာအားလုံးရဲ့ အဓိက အကြောင်းအရာကတော့ အန်တီ Lai က Daniyal တို့ရဲ့ အမေရင်း မဟုတ်ဘူး ဆိုတာပဲ
Mean-အမေရင်း မဟုတ်ဘူး
Win-ဟုတ်ပါတယ် အမေရင်း မဟုတ်ပါဘူး အန်တီ Lai က တစ်ချိန်တုန်းက Cloud Dream ဆိုတဲ့ မိဘမဲ့ကျောင်းက ကျောင်းပိုင်ရှင်တစ်ဦးပါ အရမ်းကို တည်ကြည်တယ် ဂရုနာတရား ရှေ့ထားတတ်တဲ့ သူ တစ်ဦးလို အားလုံးထင်ခဲ့ကြတယ်။ တကယ်တမ်း သူ့အစ်ကိုဆိုတဲ့သူ ရောက်လာတော့မှ သူက စိတ္တဇ ဝေဒနာရှင်တစ်ဦးဆိုတာ သိခဲ့ရတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အဲ့ မိဘမဲ့ကျောင်းက ကလေးတစ်ယောက်ပဲ။ ကျွန်တော်ရယ် Prum ရယ် Dao ရယ် အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ဖြစ်ခဲ့ဖူးတယ် ။ကျွန်တော်တို့ ၉နှစ်အရွယ်လောက်မှာ Daniyal လေးကို ကျောင်းကို ခေါ်လာတယ်။ အဲ့တုန်းက Daniyal လေးက မွေးခါစပဲရှိသေးတာ မွေးပြီးပြီးချင်း ဆေးရုံမှာ ပစ်သွားတာတဲ့။ အန်တီ Lai က Daniyal ကို ပိုချစ်တယ်။ ဘာလို့ပိုချစ်လဲ ဆိုတာ နောက်မှ သိရတယ်။ သူက သူ့ကလေးကို ဆုံးရုံးခဲ့ရပြီးနောက် ဒီ မိဘမဲ့ဂေဟာကို ဖွင့်ခဲ့တာတဲ့။ တစ်နေ့ ကျွန်တော့်တို့ ကလေးသဘာဝ မီးပန်းတွေ ဆော့ခဲ့တယ်။ ဖြစ်ချင်တော့ မီးပွားလေးတစ်ခုက Daniyal ကုတင်ဘေးလေးကျပြီး အဝတ်တစ်ခုကို မီးဆွဲခဲ့တယ်။ အဲ့ဒါကို မြင်သွားတဲ့ အန်တီ Lai က အခြားတစ်ယောက်လို ပြောင်းလဲသွားတယ်။ လုံးဝ ကျွန်တော်တို့ မမြင်ဖူးတဲ့ လူတစ်ယောက်လို…
Ring Ring
Saint-ခဏနော် hello
Plan- P’ Saint အိမ်ကို အမြန်လာခဲ့ပါနော် အိမ် အိမ်မီးလောင်နေတယ် အထဲမှာ အထဲမှာ Perth Perth
Saint-ဘာ!! P’ အခုလာခဲ့မယ်
Mean-ဘာ ဘာဖြစ်တာလဲ Saint
Saint-ကလေး ကလေး…
Mean-ဘာဖြစ်တာလဲ စိတ်အေးအေးထားစမ်း Saint ငါ့ကိုပြော ဘာဖြစ်တာလဲ
Saint-ကလေး ကလေးတို့ အိမ်မီးလောင်နေတယ်တဲ့ အထဲမှာ ကလေးလဲ ရှိနေတယ်တဲ့ ငါ ငါ ဘာလုပ်ရမလဲ
Mean-မင်းစိတ်ကို အေးအေးထား ငါတို့လိုက်သွားမယ် ဟုတ်ပြီလား ဘယ်သူမှ ဘာမှ ဖြစ်မှာ မဟုတ်ဘူး နော် စိတ်ကို အေးအေးထား
Mean Saint ကို စိတ်အေးအောင်ထားခိုင်းပြီး Perth တို့ဆီကို ကားမောင်းထွက်ခဲ့တယ်။ စိတ်ထဲကလည်း ဘာမှ မဖြစ်ပါစေနဲ့ လို့သာ ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်။ Saint ကိုယ်တိုင်လဲ ‘ကိုကို လာနေပြီနော် ကလေးဘာမှ မဖြစ်ရဘူး’ ဆိုတာကိုသာ တတွတ်တွတ် ပြောနေတော့တယ်။
~~
Perth-ကိုကို ကျွန်တော့်ကို ကယ်ပါဦး ကျွန်တော်ကြောက်တယ်
Part 18 End
2019September 5
Author by Thae Thae
ESTÁS LEYENDO
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)