My Doctor 10 💓(Zawgyi & Unicode)

2.2K 198 28
                                    

Zawgyi

အိမ်ရှေ့ကားရပ်လိုက်တာနဲ့ Mean ကိုတောင်မစောင့်ဘဲ အိမ်ထဲကို အပြေးဝင်ခဲ့မိတယ်။ အခန်းထဲထိ အပြေးတစ်ပိုင်း လာခဲ့တယ်။ အခန်းထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်သွားရတယ်။
***ကနေ ချစ်ရည်တစ်ချို့နဲ့ သွေးအနည်းငယ် ထွက်နေကာ ခွေခွေလေး ရေချိုးခန်းရှေ့မှာ အဝတ်မဲ့စွာ သတိလစ်နေတဲ့ Perth ကို မြင်တော့ လူက လန့်ပြီး အနည်းငယ်ယိုင်သွားတာမို့ နောက်က လိုက်လာတဲ့ Mean က ဝင်ထိန်းပေးရတယ်။
Saint-ညီ
Mean-သတိထားလေ
Perthပုံစံကို မြင်လိုက်တော့ အတိတ်က ညီငယ်ရဲ့ ပုံရိပ်တွေ မျက်လုံးထဲ ပြန်မြင်ယောင်လာရတယ် ။ Mean သတိပေးမှ ခေါင်းကို အနည်းငယ်ခါပြီး Perth နားကို သွားလိုက်တယ်။ ပခုံးကနေ အသာလှည့်လိုက်တယ်။ နဖူးကို စမ်းကြည့်တော့ ကိုယ်ငွေ့ငွေ့ရှိနေတယ်။
Saint-ငါ သန့်ရှင်းရေးလုပ်ပေးလိုက်ဦးမယ် အောက်ထပ်က ဘီရိုထဲမှာ ဆေးတွေရှိတယ် ။ drip သွင်းဖို့ လုပ်ပေးထားနော်
Mean-အေးပါ
Mean ထွက်သွားတော့မှ Perthကို ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားတယ်။ ပြီးတော့ bathtub ထဲ ရေကို နွေးနွေးလေး စပ်ပြီး အသာအယာထည့်ကာ သန့်စင်ပေးလိုက်တယ် ။ နောက် သဘက်နဲ့ပတ်ပေးပြီး ကုတင်ဆီ ပွေ့ချီခေါ်လာပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။
ပြီးတော့ အဆင်ပြေနိုင်မယ့် အဝတ်တစ်စုံကို ထုတ်ပြီး ဝတ်ပေးလိုက်တယ်။ Mean ယူလာပေးတဲ့ ဆေးတွေကို စပ်ပြီး drip ချိတ်ပေးလိုက်တယ်။ နဖူးပေါ်လဲ ရေပတ်ဝတ်အုပ်ပေးထားလိုက်တယ်။
Saint-ငါ ဒီရက်ပိုင်း ခွင့်ယူမှ ရမယ် ထင်တယ်
Mean-အင်း နည်းနည်းတော့ ဂရုစိုက်ပေးလိုက်ပါ virgin ဆိုတော့ နည်းနည်း shock ဖြစ်သွားတယ် ထင်တယ်
Saint-အင်း လိုက်ကူပေးတာ ကျေးဇူးကွာ လာ အောက်ထပ်ဆင်းရအောင်
Ring ~
အောက်ထပ်ကို ဆင်းလာရင်း Meanဖုန်းလာတာမို့ ကိုင်လိုက်တယ်
Mean-အေး ပြော
-………
Mean-သိရသလောက် mail ပို့လိုက်လေ ထပ်လည်း သိရင် သိရသလောက် စုံစမ်းပေးပါ
-………
Mean-အေး ငါစစ်လိုက်မယ်
Saint ငါ မင်း laptop ခဏသုံးချင်တယ်
Saint-အော် ဒါဆို ငါယူခဲ့မယ် ဆင်းနှင့်လိုက်နော်
Saint အခန်းထဲ ပြန်ပြီး laptop ယူရင် Perth ကို ကြည့်လိုက်မိတယ်
သတိမေ့နေတဲ့ မျက်နှာလေးပေါ် လရောင် ဖြာကျနေပုံက တကယ်ကို လှပလွန်းတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ
Saint လည်း ကိုကိုယ်တိုင်တောင် သတိမထားမိဘဲ အပြုံးလေး တစ်ခုကို ဖန်တီးလိုက်မိတယ်
Saint-ငါ ပြုံးလိုက်မိတာလား ဒီလို မပြုံးဖြစ်တာတောင် ဘယ်လောက်ကြာပြီလဲ ကောင်လေးရာ မင်းက ဘယ်လိုလူလဲ မင်းက တော်တော်စဉ်းစားရခက်တာဘဲ
Saint အောက်ထပ်ကို ပြန်ဆင်းလာပြီး Mean ကို laptop လှမ်းပေးလိုက်တယ်။
Meanလဲ လှမ်းယူပြီး mail ကို စစ်ကြည့်လိုက်တယ်
Mean-Ai Saint ဒီဟာကို လာကြည့်စမ်း
Saint လဲ Mean အခေါ်ကြောင့် ကြည့်လိုက်မိတယ်။ ဓာတ်ပုံလေး တစ်ပုံ။ ညီနဲ့ Perth တို့ရဲ့ ပုံလေး ။ ပုံထဲမှ နှစ်ယောက်လုံးက ဖြူစင်စွာ ပြုံးရယ်နေကြတာ။
Saint-ဒါဆို ညီနဲ့ Perth နဲ့က သူငယ်ချင်းတွေပေါ့
Mean-ဟုတ်မယ်ထင်တယ်
Saint-ညီရဲ့ အဖြစ်မှာ သူရော ပါဝင်နေခဲ့တာလား
Mean-အဲ့လိုတော့ ဖြစ်မယ် မထင်ဘူး
Saint-ဘာလို့လဲ
Mean-နောက်တစ်ပုံကို ဆက်ကြည့်လိုက်လေ
Saint-ဒါ ဟိုကောင်ဘဲ
Mean-အင်း video ပါတယ်ကွ ဖွင့်ကြည့်ရအောင်
mail ထဲက ပါလာတဲ့ video ကို ဖွင့်ကြည့်လိုက်တယ် ။
~~~
Time back
ကျောင်းယောက်ျားလေး အိမ်သာထဲတွင်
Perth တစ်ယောက်အပေါ့သွားရင်း ဝင်လာတဲ့သူတွေကြောင့် အမြန်လက်စသတ်လိုက်တယ်။ ဘောင်းဘီကို အသေအချာ ပြန်ဝတ်ပြီး ထွက်မလို့ အလုပ် တစ်ယောက်က လှမ်းဆွဲတာမို့ ရပ်လိုက်တယ်။
Perth-P Prum
Prum-Ai Perth မင်း အရှက်ကွဲတယ်ဆိုတာ ဘယ်လိုလဲဆိုတာ သိလား
Perth ဘာမှ ပြန်မဖြေဖြစ်
Prum-အိုးဟို ငယ်လေးက နှုတ်စိတ်နေပါ့လား ကောင်းပြီလေ နောက်ဆုံးထိ အဲ့တိုင်းပဲနေ အသံတစ်ခုထွက်ရင် အခြေအနေက တစ်ဆင့် ပိုဆိုးသွားလိမ့်မယ် OK
Perth ခေါင်းကိုသာ အတင်းငုံ့ထားတယ်
ထိုအချိန် လူကို လာချုပ်တဲ့ ကျောင်းသားနှစ်ယောက်ကြောင့် လန့်သွားတယ်
Perth-လွှတ် လွှတ်ပါ ဘာလုပ်တာလဲ
Prum-ငယ်လေးက ကိုကိုပြောတာ နားမလည်ဘူးနဲ့ တူတယ် မင်းကို ငါ ပါးစပ်ပိတ်ထားလို့ ပြောထားတယ်လေ!!!
Prum အော်လိုက်တာမို့ Perth အနည်းငယ် တုန်သွားတယ်
Prum-ဟေ့ကောင်တွေ စတော့
Prum အချက်ပေးလိုက်တာနဲ့ ကျောင်းသားတွေက Perth ရဲ့ အဝတ်တွေကို ဆွဲချွတ်ကြတယ်
Perth အတင်းရုန်းပေမယ့် ၃ ယောက် ၁ ယောက်ဆိုတော့ ဘယ်လိုမှ မနိုင်ဘူး
Perth ရုန်းလိုက်တဲ့ တစ်ချက်မှာ ကျောင်းသားတစ်ယောက်ရဲ့ လက်ကို လက်သည်း နဲ့ ကုတ်လိုက်သလို ဖြစ်သွားပြီး သွေး အနည်းငယ် စို့သွားတယ်
B-ခွေးကောင် ငါ့ကို ကုတ်တယ် ဟုတ်လား ကဲကွာ
ပါးကို အားပြင်းပြင်းနဲ့ ရိုက်ခံလိုက်ရတာကြောင့် Perth ပစ်လဲသွားတယ်။ နှုတ်ခမ်းကလဲ သွေးတစ်ချို့ ထွက်လာတယ်
လဲကျသွားတဲ့ Perth ကျောင်းသားတွေက ပြန်ချုပ်ပြီး အဝတ်တွေ ကုန်သွားအောင် ဆွဲချွတ်လိုက်ကြတယ်။
နာကျင်မှုထက် ရှက်ရွံမှုက ပိုသွားတော့ ဒူးခေါင်းလေးထောင် ခြေကို ပြန်ပိုက်ပြီး ခေါင်းကို မှောက်ကာ ငိုနေမိတော့တယ်။ ခြေချောင်းလေးတွေကလဲ ကြမ်းပြင်ကို ကုတ်ထားမိတယ်။ တစ်ခါမှ မကြုံဖူးတဲ့ အရာကြောင့် တုန်လှုပ်မိတယ်။
ပြီးတာနဲ့ အကုန်လုံး အပြင်ကို ပြန်ထွက်သွားတယ်
Perth- P Prum ကျွန်တော့် အဝတ်လေးတွေ ပြန်ပေးခဲ့ပါ
Prum-လိုချင် လိုက်ခဲ့ပေါ့
လို့ဆိုပြီး မချိုမချဉ်ပြုံးပြပြီး ထွက်သွားတယ်
ခုတော့ Perth ငိုရုံက လွဲလို့ ဘာမှ မတတ်နိုင် တစ်စုံတစ်ယောက် ဝင်လာမှာလဲ အရမ်းစိုးရိမ်တယ်။
လူ၎ယောက်ရှေ့ အရှက်ကွဲရရင် လုံလောက်ပြီမလား ဒီထက် ပိုပြီး အရှက်ကွဲ မခံနိုင်တော့ဘူး
ကျောင်းဆင်းချိန်ထိ တစ်ယောက်မှ ဝင်မလာလို့ တော်သေးသည်ဟု ဆိုရမည်။
ဒါပေမယ့် အိမ်ကို ဘယ်လို ပြန်ရမလဲလို့ စဉ်းစားမိတော့ ငိုချင်မိသွားတယ်။ ညမိုးချုပ်တဲ့ထိ ထိုင်စောင့်နေပြီးမှ ညဥ့်တော်တော်နက်မှ toilet ထဲက အသာလေး ထွက်လာခဲ့တယ်။
ကျောင်းခန်းတွေ အားလုံးလဲ သုတ်သုတ် သုတ်သုတ်ဖြတ်လာမိတယ်။
ရုတ်တရက် အခန်းမီးတွေ အားလုံး လင်းသွားတော့ လန့်သွားမိတယ် ပြီးမှ လူတွေ အများကြီး ထွက်လာတာမို့ လာလမ်းတိုင်း ပြန်လှည့်ပြေးမလို့ လုပ်တော့ Prum တို့က အနောက်ကနေ ပိတ်ရပ်ထားတယ်
အရမ်းရှက်တာမို့ ငုတ်တုတ်ထိုင်ချပြီး ခေါင်းမှောက်ပြီး ငိုလိုက်မိတယ်။
သေလိုက်ချင်တယ် ဘာလို့ ဒီလောက် ရက်စက်ကြတာလဲ လဲ နားမလည်ဘူး
ဘယ်လိုဖြစ်မှ ကျေနပ်မှာကြမှာလဲ
ကျောပေါ်ကို ရောက်လာတဲ့ စောင်ပါးပါးလေးတစ်ထည်
-ထ
ကျွန်တော်ကို ဆွဲထူပေးပြီး စောင်ကို လုံအောင် ပတ်ပေးနေတဲ့ သူ
-မငိုနဲ့နော် အရှက်ကွဲတာမှန်ပေမယ့် အဲ့လို လုပ်တဲ့သူတွေကမှ ပို ရှက်ဖို့ ကောင်းတာ
Prum-ဟေး မင်းက hero ဝင်လုပ်တာလား
-ဒါကို Hero လုပ်တယ်လို့ မခေါ်ဘူး လူ ကို လူလို ဆက်ဆံတာလို့ ခေါ်တယ် မင်းတို့ မရှက်ဘူး ခွေးလို ဦးနှောက်နဲ့ ရွံစရာ လုပ်ရပ်တွေကို လုပ်နေတာ ကျန်တဲ့ခွေးတွေကလဲ ခွေးခေါင်းဆောင်ခိုင်းတဲ့အတိုင်း အားလုံး အမှီးနန့်ပြီး လိုက်လုပ်နေကြတာ လာသွားမယ်
Prum-ဟေး မင်းဒီနေ့ပြောတာတွေတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သိထားပါ မင်း ကာကွယ်ပေးလိုက်မိတာ မှာပြီးဆိုတဲ့အတွေးကို တစ်နေ့ဖြစ်လာအောင် ငါ ဖန်တီးပေးမယ်
-အချိန်မရွေးဘဲ
~~~
Toilet ထဲက video ကို ကြည့်ပြီး Saint တို့ အံ့သြနေမိတယ်
Saint- Prumက ဘာလို့ ဒီလိုလုပ်တာပါလိမ့်
Mean-ဇာတ်လမ်းက ပိုရှုပ်လာသလိုဘဲ
Saint-ဒါနဲ့ လာခေါ်သွားတာ ဘယ်သူလဲ
Mean-အဲ့ဒါ စုံစမ်းနေတယ်
Saint-သူ့တွေ့ရင်တော့ အကြောင်းအရာ တစ်ခုကို သိရမယ် ထင်တယ်
~~~
Perth သူခေါ်လာတဲ့ အတိုင်း လိုက်လာခဲ့တယ်။ သစ်ပင်တစ်ပင်အောက်က ထိုင်ခုံလေးမှာထိုင်လိုက်ကြပြီး
Perth-ကျေးဇူးတင်ပါတယ်
-မလိုပါဘူး မျက်စိရှေ့ အမြင်မတော်လို့ ဝင်ပြောရုံသက်သက်ပါ
Perth-ဒါနဲ့ ဒီကျောင်းကဘဲလား
-အဲ့လိုဘဲပြောရမှာပေါ့
Perth-အော် ငါ့ကြောင့်နဲ့ မင်း ဒုက္ခရောက်တော့မယ် P Prum က ဒီတိုင်း လွှတ်ပေးမှာ မဟုတ်လောက်ဘူး
-အဲ့တွက် မစိုးရိမ်စမ်းပါနဲ့
Perth-နာမည်ဘယ်လို ခေါ်လဲ
-Win ပါ
Perth-ငါ့နာမည်က Perth
Win-မှတ်ထားပါ့မယ် ဒါနဲ့ အိမ်လိုက်ပို့ပေးမယ်လေ ငါ့အိမ်က ကား ဟိုနားမှာ ရပ်ထားတယ်
Perth-ကျေးဇူးပါ
~~~
Mean-ငါ ပြန်လိုက်ဦးမယ် မင်းတွက် ခွင့်တင်ပေးထားမယ်
Saint-အေးပါကွာ ငါလည်း အားကိုးစရာမင်းဘဲ ရှိတယ်
၂ရက်လောက်တော့ တင်ပေးနော်
Mean-အင်းပါ အကြောင်းတွေ ထပ်သိရင် ငါ ပြောမယ် သူ့ကိုလည်း နည်းနည်းမေးကြည့်ပါ့လား
Saint-အင်း
Mean ပြန်သွားပြီးတော့ Saint အပေါ်ပြန်တက်ပြီး Perth နဖူးလေးကို စမ်းလိုက်တယ်
Saint-ကိုယ်ပူတော့ ကျသွားပြီ မင်းဘဝက ဘာလဲ ဘာလို့ အဲ့လို ရှုပ်နေတာလဲ
မင်းကို ကလဲ့စားချေအဖြစ် လုပ်ရတာ ငါဆေးကျောင်းစာတွေ ကျက်တာထက် ပိုခက်တယ် သိလား ကောင်စုတ်လေးရဲ့

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Where stories live. Discover now