Mean-ငါဝင်ခဲ့မယ်နော်
Saint-မင်းကလည်း ပြောစရာလိုလို့လား
Mean-ငါ သူ့ဆီသွားတုန်းကဆို တကယ်ကို ကြောင်နေခဲ့တာ သတိရလာမယ်လို့ မထင်ထားတဲ့အချိန် သတိရလာတော့ တကယ်ကို ပျော်မိတယ် မယုံမကြည်လဲ ဖြစ်ခဲ့တယ် ဟျောင် ငါပြောတာရောကြားရဲ့လား
Saint-ကြားပါတယ် ကလေး ဖုန်းမကိုင်လို့ကွ
Mean-ဘယ်က ကလေးလဲ
Saint-မင်းကလည်း ကလေးလေကွာ အာ … Perth ကို ပြောတာ
Mean- Perth ကို မင်းက ကလေးလို့ခေါ်တာလား
Saint-အခုရက်ပိုင်း အဲ့လိုခေါ်မိသွားတာပါ
G-Dr. Saint ဧည့်သည်ရောက်နေတယ်ရှင့်
Saint-ဧည့်သည် ? ဘယ်သူလို့ပြောလဲ
G-အဲ့ဒါတော့ မပြောလိုက်ပါဘူး အရေးကြီးတယ်လို့တော့ ပြောလိုက်ပါတယ်
Saint ဧည့်သည်ဆောင်ကို လာခဲ့လိုက်တယ်။ Saint ကျောပေးထိုင်နေပြီး လျှာထိုး ဦးထုပ် အနက်ရောင်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ယောက်
Saint-ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့
ထိုသူက Saint သံကြားတော့ အနောက်ကို လှည့်လာတယ်
Saint သူ့ကို မြင်တာနဲ့ ဒေါသထွက်လာတာကြောင့် လက်သီးကို တင်းအောင် ဆုပ်ထားမိတယ်။
Saint- Prum ငါမင်းနဲ့ တွေ့စရာ အကြောင်းအရင်းမရှိဘူးလို့ ထင်တယ်
Prum-မင်း ငါတို့ကို မုန်းနေတယ်ဆိုတာ သိတယ် အဲ့ဒါတွေ အားလုံးက အမှန် မဟုတ်ဘူး မင်း မင်း ချစ်ရတဲ့သူ နောက်တစ်ယောက် မဆုံးရှုံးစေချင်ရင် ငါပြောတာလေးတွေ နားထောင်ပေးပါ
Saint-နားထောင်စရာလဲ မလိုဘူး ဆုံးရှုံးရအောင်လဲ ငါ့မှာ ချစ်ရမယ့်သူ မရှိဘူး
Prum-ဒါဆို ငယ်လေးကရော
Saint#သူ ဘယ်လိုသိပါလိမ့်#မင်း ဘယ်သူ့ကို ပြောနေတာလဲ ငါမသိဘူး
Prum-မသိချင်ယောင် မဆောင်ပါနဲ့ကွာ Perth မင်းဆီမှာဆိုတာ ငါသိပါတယ် ခု သူဘယ်မှာလဲ သူ မင်းဆီမှာ လုံလုံခြုံခြုံရှိနေပါတယ်နော်
Saint-ဘာကို စိတ်ပူနေတာလဲ Ai Prum သူက မင်းတို့ အိမ်နဲ့ မင်းတို့ ဆီက လွဲရင် နေရာတိုင်းက သူ့တွက် လုံခြုံတယ်
Prum-ဟုတ်မှာပါ ဟုတ်နိုင်မှာပါ ဒါပေမယ့် မင်းပြောတာ နည်းနည်းတော့ လိုသေးတယ် သူ့ကို မလုံခြုံစေတဲ့ သူတွေထဲမှာ နောက်တစ်ယောက် ထပ်ထည့်ဖို့ လိုနေတာ အဲ့တာ Win ဘဲ
Saint-မဟုတ်တာတွေ ဆက်ပြောနေမယ်ဆိုရင် ပြန်လိုက်ပါတော့
Prum-ပြန်မှာပါ ဒါပေမယ့် Saint ဒီစကားတစ်ခွန်းကိုတော့ ယုံကြည်ပေးပါကွာ မင်း Win ကို လုံးဝ မယုံလိုက်ပါနဲ့
Prum Saint ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်
Prum-လုံးဝ မယုံလိုက်ပါနဲ့နော်
Saint လက်ကို ရှုန်းထုတ်လိုက်တယ်
Saint-ပြောတာ ပြီးပြီမလား ပြန်တော့
Saintလည်း ပြောပြီးတာနဲ့ ပြန်လှည့်ထွက်လာခဲ့တယ်။ နားနေခန်းရောက်တော့ ထိုင်ခုံမှာ ပစ်ထိုင်ချပြီး ခေါင်းက ဆံပင်ကို လက်နဲ့ ထိုးဖွလိုက်တယ်။
Mean-ဘယ်သူလဲ Saint
Saint- Prum
Mean-အဲ့ကောင်က ဘာလာလုပ်တာလဲ
Saint- Winကို မယုံဖို့ ပြောသွားတယ်
Mean-ဘယ်လို Win ကို မယုံနဲ့ ဟုတ်လား သူခိုးက လူပြန်ဟစ်လို့
Saint-ဒါပေမယ့် ဘာလို့ ဒီလိုလာပြောသွားတာလဲ
Mean-သူတို့ရဲ့ လှည့်ကွက်ဘဲနေမှာပေါ့
~~~
ခေါင်းတွေထိုးကိုက်မှုနဲ့ အတူ သတိရလာတယ်။ လည်ပင်းနားကလည်း ဆစ်ကနဲ နာကျင်မှုကြောင့် ခေါင်းကို ရဲရဲ မထောင်ရဲဘူး
Perth #ငါဘယ်ရောက်နေတာလဲ#
ခုံတစ်ခုမှာ ခြေရောလက်ရော ကြိုးတုတ်ခံထားရပြီး မျက်ဝန်းကို အဝတ်နဲ့ စည်းခံထားရတယ်
#ဒါဘယ်လို အခြေအနေကြီးလဲ#
Win-သတိရလာပြီလား Perth
Perth- P’ Winလား ကျွန်တော့်ကို ဘာလို့ ချုပ်ထားတာလဲ ခုလွှတ်ပေးပါ
Win-ငါလွှတ်ပေးဖို့ ဖမ်းလာတာ မဟုတ်ဘူး Perth
မျက်ဝန်းက အဝတ်ကို ဖြည်လိုက်တော့ အလင်းရောင်က ထိုးဝင်လာတာမို့ မျက်ဝန်းကို အတင်းပြန်ပိတ်မိတယ် ပြီးမှ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့
Perth-ကျွန်တော့်ကို ဘာလို့ ကြိုးတုတ်ထားတာလဲ P’ Win
P’ Win က ကျွန်တော့နားကပ်လားပြီး
Win- P’ ပြောတာကို နားထောင် ငြိမ်ငြိမ်လေးနေပြီး ဘာမှ ပြန်မပြောနဲ့
လက်ကကြိုးကိုဖြည်ရင်းပြောနေတဲ့ P’ Win ကို ကျွန်တော် နားမလည်သလို ပြန်ကြည့်မိတယ်
Win-မင်းကို အချိန်၃လ ပေးမယ် ၃လပြည့်တဲ့နေ့ ငါလာခေါ်မယ် ငါလာခေါ်လို့ ငြင်းဆန်နေမယ်ဆိုရင် မင်းရဲ့ ဒေါက်တာကိုကိုရဲ့ အသက်ကို ငါ နှုတ်ယူရလိမ့်မယ် ငါပြောတဲ့အတိုင်းလုပ်ရင်တော့ သူ့ကို ငါ လက်ဖျားနဲ့တောင် မထိဘူး
Perth-ကိုကို့ကို ဘာမှ မလုပ်ပါနဲ့ ကျွန်တော်ဘာလုပ်ရမလဲဘဲ ပြော
Win-မင်းက နားလည်လွယ်သားဘဲ ကောင်းသားပဲ ငါမမောတော့ဘူးပေါ့ မင်းကို ခုလို ကြိုးတုတ်တယ်ဆိုတာ အစမ်းပြတာ မင်းကို လုပ်ချင်သလို အလွယ်လုပ်လို့ရတယ်ဆိုတာ ပြတာ ဒါပေမယ့် ငါက လွယ်လွန်းရင်လည်း မကြိုက်ဘူးလေ အဲ့ဒါကြောင့် မင်းကို အချိန် ၃လပေးတာ အဲ့ ၃လအတွင်း မင်း ပျော်ပျော်နေ မင်းလုပ်ချင်တာကိုလုပ် ပြီးရင် ငါ့နောက်ကို လိုက်ခဲ့
Perth-ဒါပဲလား
Win-နောက်ပိုင်းကတော့ မင်းလိုက်လာရင် သိမှာပေါ့
Ring Ring
Win-ဟုတ်ကဲ့
-သူထွက်ပြေးသွားပြီ
Win-ဗျာ
-မိအောင်ပြန်ဖမ်းပြီး ခေါ်လာခဲ့
Win-ခုချက်ချင်းလုပ်လိုက်ပါ့မယ် ငါပြန်မယ် ငါပြောတာတွေ မမေ့နဲ့
Win ပြန်သွားမှ Perth ခုံကနေ ထလိုက်တယ်။ Win ရဲ့ ပြောင်းလဲသွားတဲ့ ပုံစံကို Perth မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။ ဘာကို ဆိုလိုပြီး ဘာကို လုပ်ချင်နေမှန်း ခန့်မှန်းလို့မရဘူး။ အိမ်မှာ ဒီလိုလုပ်ပြသွားတာဆိုတော့ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ စဉ်းစားနေမိတယ်။
တွေးရင်းအပေါ်ထပ်ကို တက်မလို့ အလုပ် ဖုန်းမြည်လာတာကြောင့် ကိုင်လိုက်တယ်
Perth-hello
Saint-ဘယ်တွေ သွားနေလို့ ဖုန်းမကိုင်နိုင်ရတာလဲ
Perth-ဟို ဟိုလေ
Saint-မေးနေတာဖြေလေ
Perth- P’ Win နဲ့ မုန့်သွားစားနေတာ ခုမှ ပြန်ရောက်လို့ပါ
#လိမ်မိတဲ့အတွက် တောင်းပန်ပါတယ် ကိုကို#
Saint-အင်း ပြီးတာပဲ မင်း ဆေးရုံလာချင်လား
Perth-ကိုကို ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော် Tam ကို တွေ့ချင်တယ်
Saint-အဲ့ဒါဆို ဆေးရုံကို လာခဲ့လေ
Perth-ဟုတ်ကိုကို
ဖုန်းချပြီးတာနဲ့ Perth တစ်ယောက် အပေါ်ထပ်လေး ထပ်ဝတ်ကာ ဆေးရုံကို Taxi စီးပြီး လာခဲ့လိုက်တယ်။
~~~
Mean-စစ်တာတွေတော့ အားလုံး လုပ်ပြီးပြီ လမ်းလျှောက်ဖို့တော့ အချိန်ယူရဦးမယ်
Saint-အင်း ငါ စကားသွားပြောလိုက်ဦးမယ်
Saint Tam ဆီကို လာခဲ့လိုက်တယ်။ အခန်းထဲဝင်ပြီး ကုတင်ဘေးက ခုံလေးမှာ ထိုင်လိုက်တယ်
Saint-သက်သာရဲ့လား ညီ
Tam-ဟုတ် ကိုကို Tam ဘာလို့ ဆေးရုံရောက်နေတာလဲဟင် ပြီးတော့ Tam ခြေထောက်တွေ ဘာလို့ လှုပ်လို့မရတာလဲဟင်
Saint-ညီ မမှတ်မိဘူးလား ပြီးတော့ ညီသတိမေ့နေတာ အကြာကြီးဘဲ အဲ့ဒါကြောင့် ခြေထောက်တွေ လှုပ်လို့မရသေးတာ ဒါပေမယ့် ခဏပါ လမ်းလျှောက်ပြန်ကျင့်ရင် သက်သာသွားမှာ
Tam- Tam အရေးကြီးတာ တစ်ခုခုကို မေ့နေတယ်လို့ ခံစားရတယ် ဒါပေမယ့် ဘာလဲဆိုတာလဲ စဉ်းစားလို့မရဘူး
Saint-ဖြေးဖြေးချင်းစဉ်းစားပေါ့ ခုမှ သတိရခါစဆိုတော့ ဦးနှောက်ကို အရမ်းကြီး အလုပ်မပေးနဲ့ဦး ကြားလား
ဒေါက် ဒေါက် ဒေါက်
Saint-ဝင်ခဲ့ပါ
Saint ဝင်ဖို့ပြောလိုက်လို့ Perth ဝင်လာခဲ့တယ်။
Perth- Tam~
Tam-ဘယ်သူလဲ
Perth-ငါ Perth လေကွာ
Tam-စိတ်မရှိပါနဲ့နော် Tam …မသိဘူး
Perth-စဉ်းစားကြည့်ပါဦးကွာ ငါတို့ state ကျောင်းတုန်းက သူငယ်ချင်းတွေလေ
Tam စဉ်းစားနေပြီးမှ ခေါင်းက ကိုက်လိုက်တာမို့ လက်နဲ့ခေါင်းကို ဖိလိုက်တယ်။
Tam-အာ့!
Saint-ညီ အရမ်း မစဉ်းစားနဲ့တော့နော် ခဏနားလိုက်ဦး နော် Perth ကိုကို့အခန်းထဲ သွားစောင့်နေသွား
Perth လည်း Tam ဆီက ထွက်လာခဲ့တယ်
နားနေခန်းကနေ Saint ကို စောင့်နေလိုက်တယ်။
Perth-P’ Mean နေကောင်းတယ်နော်
Mean-အေး ကောင်းပါတယ် Tam ကို လာတွေ့တာလား
Perth-ဟုတ် ဒါပေမယ့် Tam က ကျွန်တော့်ကို မမှတ်မိဘူး
Mean-သတိရခါစမို့လို့နေမှာပါ
Saint-Ai Mean မင်းဟာနဲ့ အဆက်အသွယ်ရပြီလား
Mean-မရဘူးကွ ငါလည်း လူလွှတ်ပြီးကို ရှာခိုင်းထားတာ ခုထိ ရှာမတွေ့သေးဘူး
Perth-ဘယ်သူ့ရှာနေတာလဲ
Saint-မင်းမသိပါဘူး
Mean-Plan ကို ရှာနေတာပါ Perth Saint ဆီကို စလာတုန်းက တွေ့တဲ့တစ်ယောက်လေ
Perth-အော် သူက ဘယ်ထွက်သွားလို့လဲ
Mean-ဗီယက်နမ်ကို အလည်သွားမယ်ဆိုပြီး လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ပျောက်နေတာ အဆက်အသွယ်လည်း မရလို့ ပိုစိုးရိမ်တာ
Perth-အကြောင်းတစ်ခုခု ရှိလို့ နေမှာပါ
Mean-အဲ့လိုဖြစ်ပါစေလို့ပဲ ဆုတောင်းတာ
Saint-ဒီမှာပဲစောင့်နေဦးနော် လူနာတွေ သွားကြည့်လိုက်ဦးမယ် ညနေကျမှ အတူတူ ပြန်မယ်
Perth-ဟုတ်
Saint ထွက်သွားခါနီး Perth လက်ကောက်ဝတ်လေး ရဲနေတာကို တွေ့လိုက်တယ်
Saint-လက်က ဘာဖြစ်တာလဲ
Perth လက်ကို အနောက်ကို ဖွက်လိုက်ရင်း
Perth-ဘာမှ မဖြစ်ပါဘူး ဟင်းချက်ထားလို့ပါ
Saint မယုံကြည့်သလို ကြည့်ပြီးမှ အခန်းထဲက ထွက်သွားတယ်
~~~
Win-မင်းတို့ ကောင်လေးတစ်ယောက်တောင် သေချာ မကြည့်ထားနိုင်ဘူးလား
M-တောင်းပန်ပါတယ် ဆရာ
Win-မင်းတို့ပြောလိုက်ရင် အဲ့တိုင်းချည်းပဲ သူ့ကို လိုက်ရှာ မြေလှန်ပြီးရှာ အရေးကြီးဆုံးက သူ သူ့အိမ်ကို ပြန်မရောက်သွားဖို့ဘဲ
M- ဟုတ်ကဲ့ပါ ဆရာ
Win-နေဦး မင်းတို့ Mean ကိုလည်း စောင့်ကြည့်ထား
M-ဟုတ်
Win-ရပြီ သွားတော့
Winရဲ့ လူတွေ ထွက်သွားမှ Win ဒူးထောက်ထိုင်ချလိုက်တယ်
Win-ဘာလို့လဲကွာ ဘာလို့ ထွက်ပြေးရတာလဲ မင်းအခုသွားနေတဲ့နေရာက မင်းတွက် အန္တရာယ်အရှိဆုံးနေရာဆိုတာ မင်း မသိတာလားကွာ
Part 15 End
2019August7
author by Thae Thae
အမှုအခင်းလေးတွေ နည်းနည်းပါတာမို့ ဇာတ်ကတော့ နည်းနည်းရှုပ်မယ်နော် ချစ်လေးတို့
![](https://img.wattpad.com/cover/180565802-288-k306536.jpg)
YOU ARE READING
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)