Zawgyi
.
Patient bed ပေါ်တင်ပေးပြီး ပြန်ထွက်ဖို့အလုပ် ကျွန်တော့်ရဲ့ Duty coat ကို တင်းတင်းစုတ်ကိုင်ထားတဲ့ သူ့လေးကြောင့် သူ့မျက်နှာလေးကို တစ်ချက်လောက်ငေးကြည့်မိတယ်။
သတိမေ့နေတာတောင် တင်းတင်းစုတ်ကိုင်ထားတဲ့ သူ့လက်လေးကို ဖြေလျော့ရင်း စိတ်ထဲကနေ
#မင်း ဒီမိသားစုက ကလေး မဖြစ်ခဲ့သင့်ဘူး#
ထိုအချိန်အနားကို ရောက်လာတဲ့ Mean က
Mean-သူက
Saint- Tanapon က သား
Mean-အာ ကျန်တဲ့သူတွေရော
Saint-မသိဘူး ငါ OR က ထွက်လာကတည်းက သူ့တစ်ယောက်ဘဲ တွေ့တာ
Mean-အင်းပါ OR ထပ်ဝင်ရဦးမှာ အသင့်လုပ်ထားတော့လေ
Saint-အင်း
ခွဲဖို့ လူနာတွေ ကျန်နေသေးတာမို့ OR ထဲ ထပ်ဝင်ရပြန်တယ်
မနက်ကတည်းက OR ဆက်တိုက်ဝင်နေတာ ည ၁၀ နာရီလောက်မှ ပြီးတယ်။
အခန်းထဲ ပြန်နားမလို့ လုပ်နေတုန်း မနက်က ကောင်လေးကို သတိရလို့ သွားကြည့်တော့ ရှိမနေ
စိတ်ထင်တာကြောင့် သူ့အဖေ အလောင်းထားတဲ့ အခန်းကို သွားကြည့်တော့
ထင်တဲ့အတိုင်း သူ့အဖေလက်ကို ကိုင်ရင်း ဘေးနားမှာ ဒူးထောက်ကာ ခေါင်းကို ကိုင်ထားတဲ့ လက်ပေါ် မှောက်တင်ရင်း ရှိုက်ကြီး တငင်ငိုနေတာ
Saint-ကလေး ကလေး
Perth-ဟင် ဘယ်သူလဲ
Saint-အစ်ကိုက ဒီလူနာကို တာဝန်ယူရတဲ့ Dr. ပါ
Perth-အော်
တစ်ခွန်းသာပြောပြီး သူ့အဖေဘက်ကို ပြန်လှည့်သွားတယ်
Saint-ကလေးက နေကောင်းတာလဲမဟုတ်ဘဲနဲ့ အခန်းမှာ သွားနားနေပါလား
Perth-ကျွန်တော် ကလေးမဟုတ်ဘူး ၁၈ နှစ်ပြည့်ပြီးပြီ
Saint-ဟုတ်ပါပြီ လူကြီးလေးရာ
Perth-ဟာ လူကြီးလဲ မဟုတ်သေးဘူးလေ
Saint-ဒါဆို ဘယ်လိုခေါ်ရမလဲ
Perth-ကျွန်တော့်နာမည် Perth . Perthလို့ပဲ ခေါ်ပါ
Saint-ဟုတ်ပါပြီ ဒါဆို အခန်းထဲသွားနားနော် လိမ္မာတယ်နော်
Perth-ဟုတ်
#မင်းကဘဲဖြူစင်တာလား မင်းရဲ့ မျိုးရိုးတိုင်းဘဲ ဟန်ဆောင်ကောင်းတာလား Perth ဒါပေမယ့် တစ်ခုတော့ ကြိုတောင်းပန်ထားပါရစေ မင်းကို ခုချိန်ကစပြီး ငါ့ရဲ့ အရုပ်ဖြစ်လာအောင် လုပ်တော့မှာမို့ မင်းမိသားစုရဲ့ အကြွေးကို မင်းတစ်ယောက်တည်း ပြန်ဆပ်ရမှာတော့ မတရားမှန်း သိပေမယ့် ငါလည်း မတတ်နိုင်ဘူး Perth ခုတော့ မင်းအဖေ ဆုံးရှုံးလိုက်ရတဲ့အတွက် ဝအောင် ငိုထားပါဦး နောက်ကျရင်တော့ အဲ့မျက်ရည်တွေက ငါ့ကြောင့်ဘဲ ကျတာ ဖြစ်လာတော့မှာမို့#
~~~
3 year ago,
Saint-ငါတို့ အထက်တန်းတောင် နောက်ဆုံးနှစ်ရောက်လာပြီနော် မင်း ဘယ် uni ကို တက်ဖို့ စဉ်းစားထားလဲ
Mean-မင်းရော
Saint-ငါလား ငါကတော့ ဆေးကျောင်းတက်ချင်တယ်
Mean-အဲ့ဒါဆို ငါလည်း ဆေးကျောင်းတက်မယ်လေ ဝင်ခွင့် အတူတူ ဖြေကြတာပေါ့
Saint-ဟေ့ကောင် မင်းတကယ်ပြောတာနော်
Mean-တကယ်ပေါ့ကွ ငါတို့ မူလတန်းကတည်းက အတူတူတက်လာ uni လည်း အတူတူ တက်ရမှာပေါ့
ကျောင်းဆင်းလို့ အတူတူပြန်လာရင်း စကားတွေပြောနေကြတာ။
Saint နဲ့ Mean နဲ့က ငယ်ငယ်လေးတည်းက သူငယ်ချင်းတွေ မိသားစုချင်းလည်း ဆွေမျိုးတွေလိုနေတာကြောင့် ပိုပြီး ခင်မင်ကြတယ်။ ၂ယောက်လုံးကလည်း အတွင်းသိ အဆင်းသိတွေ ။ ဒီလိုနဲ့ Saint တို့ အိမ်ရှေ့နားရောက်တော့ လူတွေ ယုတ်ယုတ်ကြောင့် Saint တို့ တိုးဝှေ့ပြီး ဝင်လာခဲ့တယ်။ အိမ့်ရှေ့ တံခါးပေါက်မှာ မူးလဲနေတဲ့ အမေ့ကိုတွေ့တော့ Saint ခေါင်းတွေတောင် မူးသွားတယ်။
Saint-omma omma ဘာဖြစ်တာလဲ ဆေးရုံကားခေါ်ပေးကြပါဦး
Mean က ဖုန်းထုတ်ပြီး 119 ကို ခေါ်လိုက်တယ်။
ခဏအကြာ ဆေးရုံကားရောက်လာတယ်။ Saint အမေကို လိုက်ပို့မယ်အလုပ် အိမ်ထဲက ညီလေးရဲ့ အော်ငိုသံနဲ့ တောင်းပန်သံကို ကြားလိုက်ရတယ်။ စောစောကတည်းက ငိုသံတွေ ကြားပေမယ့် အမေကို စိတ်ပူပြီး သတိမထားမိတာ ။ ခုမှ သတိထားမိတော့ ညီလေးရဲ့အသံ။
Saint- Mean omma နဲ့ လိုက်သွားလိုက်နော် ညီလေး ဘာဖြစ်တာလဲ မသိဘူး ငါသွားကြည့်လိုက်ဦးမယ်
Mean-အေး အေး
ဆေးရုံကား ထွက်သွားပြီးတော့ Saint အိမ်ထဲ အပြေးဝင်လာလိုက်တယ်။
Tam-Arrpa သား တောင်းပန်ပါတယ် သားလည်း အဲ့ဒါကို မသိခဲ့လို့ပါ သားအဲ့လိုလုပ်နေတာမဟုတ်ဘူး ထပါဦး Arrpa
Saint အိမ်ထဲရောက်တော့ ခါးပတ်ကို ကိုင်ရင်း သတိလစ်နေတဲ့ အဖေရယ် ဘေးမှာ အဖေ့ကို လှုပ်နှိုးရင်း ငိုယိုနေတဲ့ ညီလေး
အဖေရိုက်ထားသည့်ထင့် ဘောင်းဘီတိုလေးအောက်က ခြေသလုံးဖွေးဖွေးလေးမှာ အရှိုးရာတွေ ထင်လို့
Saint- Tam ဘာတွေ ဖြစ်နေတာလဲ
Tam-အဟင့် ကိုကြီး အဟင့် ကိုကြီး သား သားလေ သားဘဝတော့ ပျက်ပြီထင်ပါတယ် ကိုကြီးရယ် ဟီး
ရင်ခွင်ထဲကို တိုးကာ ရှိုက်ကြီးတငင်ငိုပြီး "သားဘဝတော့ပျက်ပါပြီ" ဆိုပြီး ထပ်ခါထပ်ခါပြောနေတဲ့ ညီလေးကို ကျောလေးပွတ်ကာ နှစ်သိပ်ပေးပြီး ရင်ခွင်ထဲက ခဏထုတ်ကာ အဖေ့ကို ကြည့်ရတယ်။
ဒါပေမယ့် နောက်ကျခဲ့ပြီလေ အဖေက နှလုံးရောဂါသမားဆိုတော့ ဘာကြောင့်လဲမသိပေမယ့် ဒေါသထွက်လွန်ပြီ အသက်မရှိတော့တာ။ ဘာလို့လဲ မနေ့ကထိ ပျော်ရွှင်နေတဲ့ မိသားစုလေးက ဘာလို့ ဒီလိုတွေ ဖြစ်ပျက်သွားတာရတာလဲ။ အရမ်းတုန်လှုပ်နေပေမယ့် ကိုယ်က အကြီးဆိုတော့ စိတ်ကို ထိန်းချုပ်ပြီး ဘာတွေ ဖြစ်ပျက်ခဲ့လဲ ညီလေးကို မေးဖို့ လုပ်ရတယ်။
Saint- Tam ကိုကြီးကို ကြည့် ကိုကြီးကို ကြည့်လို့
မျက်ရည်လေးတွေနဲ့မော့ကြည့်လာတဲ့ ညီလေးကို မေးခွန်းလေးတွေ မေးလိုက်တယ်။
Saint-ကိုကြီးကို ပြောပါဦး ဘာတွေဖြစ်တာလဲဆိုတာ
Tam-သားမှာ ချစ်သူရှိခဲ့တယ် ကိုကြီး
Saint နည်းနည်းတော့ အံ့သြပေမယ့် တုန်တော့ မတုန်လှုပ်ပါ ဘာလို့ဆို ကျွန်တော်တို့ဆီမှာ အထက်တန်း ပထမနှစ်တွေတောင် အတွဲကိုယ်စီနဲ့လေ ညီလေးက ဒုတိယနှစ်ဆိုတော့ ရည်းစားထားတာ မဆန်းပါဘူး
Saint-ဆက်ပြောပါဦး
Tam-သားချစ်သူက ယောက်ျားလေး
Saint-ဟန်
Tam-အဲ့ဒါ omma လည်း သိထားပါတယ်
Saint-ခု arrpa သိသွားလို့ ရိုက်ခံရတာလား
Tam-မဟုတ်ဘူး အဟင့်
Saint-ဒါဆို ဘာလို့
Tam-သူအရမ်း ရက်စက်တယ် ဟင့်
Saint-......
Tam-အရင်လ ကတည်းက omma က arrpa ကို ပြောပြထားပြီးသား arrpa လည်း ဘာမှ မပြောပါဘူး လက်ခံနိုင်ခဲ့ပါတယ် ဒါပေမယ့်
Saint-ဆက်ပြောပါ Tam ဒါမှ ကိုကြီး ဘာဆက်လုပ်ရမလဲ သိမှာမို့ Tam ကိုကြီးကို ကူမှ ရမယ်လေ
Tam-ဟုတ် ဟိုလေ ဟို
သားတို့က အဆင့်တွေ အများကြီး ကျော်ပြီးသွားပြီ ကိုကြီး
Saint-အခု သူက Tam ကို အဆက်အသွယ်ဖြတ်လို့လား
Tam-အဲ့လိုဆိုရင်တောင် သား ခံနိုင်သေးတယ် ခုတော့ သားဘဝတစ်ခုလုံးကို သူဖျက်စီးပလိုက်တာ
Saint-ကိုကြီးကို သေချာရှင်းအောင် ပြောပြပါလား
Tam-သူက သားနဲ့ အတူနေတိုင်း video တွေ ရိုက်ထားပြီး သူတို့ ထောင်ထားတဲ့ porn group မှာ တင်ထားတယ်တဲ့
Saint-ဘာ!!!
ဒီတစ်ခါတော့ Saint လန့်ရပါပြီ ဘယ်သူလဲ ဘာလို့ အဲ့လောက်တောင် ယုတ်မာရတာလဲ
Tam-ခုဆို အဲ့ gp ထဲက တော်တော်များများက သားကို သားကို
ပြီးတော့ arrpa မိတ်ဆွေက ဒီနေ့ အိမ်လာလည်တယ် သူ့မှာ သားတစ်ယောက်ပါလာတယ် အဲ့အစ်ကိုက သူgp ထဲ join ထားတဲ့သူ သားကိုမြင်ပြီး arrpa ကို ခွင့်တောင်းတယ် ဘာတွေခွင့်တောင်းလဲ သေချာမကြားခဲ့ရဘူး သူပြောပြီး arrpa လည်း ဒေါသထွက်ပြီး သားကို စဆူတော့တာဘဲ သားလည်း ပထမက သူနဲ့ သားအဆင့်တွေ ကျော်တာသိသွားလို့ ဆူတယ် ထင်ခဲ့တာ ဘေးမှာ မမရော မေမေရော ရှိနေခဲ့တာ မမက ဖုန်းနဲ့ ရှာလိုက်ပြီး video တွေ တွေ့မှ သားလည်း သိတာ သူအဲ့လို လုပ်လိမ့်မယ်လို့ မထင်ထားဘူး
Saint-ဒါနဲ့ Yein ရော Yein ဘယ်မှာလဲ
Tam-မေမေနဲ့ မမက အဲ့ကောင်ကို သွားသတ်မယ်ဆိုပြီး ထွက်သွားတာဘဲ
Saint-ဘာ
#မေမေက စောစောက အိမ်ရှေ့မှာ ဒါဆို Yein က#
Saint-အဲ့ကောင်ဘယ်သူလဲ သူ့လိပ်စာ ကိုကြီးကို ပြော
Tam ဖုန်းလေးကို ထုတ်ပြီး သူ့ပုံကိုပြတယ်
Saint-ဒါ Tanapon က သားဘဲ
ဟုတ်ပါတယ် Tanapon လုပ်ငန်းစုက နာမည်ကြီး ဖြစ်တာကြောင့် သူတို့တွေကို မသိတဲ့သူ ခပ်ရှားရှားရယ် ပြီးတော့ အဲ့ကောင်နဲ့ ကိုယ်နဲ့က တစ်တန်းတည်းဆိုတော့ ပိုသိတာပေါ့
ဒါပေမယ့် ခု Yein က တစ်ယောက်တည်း အဲ့ကို သွားခဲ့တာလား အန္တရာယ်များတယ် အဲ့ကောင်တွေက ယုတ်မာတာ နှစ်ယောက်မရှိဘူး ခုဘဲကြည့်လေ ညီလေးကို ဘယ်လိုလုပ်လိုက်လဲ ဆိုတာ
Yeinက ကျွန်တော်တို့မောင်နှမတွေထဲမှာ အကြီးဆုံး ဒါပေမယ့် ယောက်ျားလေးလို နေတတ်တာကြောင့် မမလို့ခေါ်တာမကြိုက်လို့ Yein လို့ဘဲ ခေါ်စေခဲ့တာ ညီလေးတော့ ပြောမရလို့ လွှတ်ထားလေရဲ့
ကျွန်တော် ရဲစခန်းကို ဖုန်းဆက် arrpaကို လာကြည့်ဖို့ခေါ် လုပ်စရာရှိတာလေးလုပ်ပြီး Tam ကို လိပ်စာမေးကာ Yein နောက်လိုက်ဖို့ အိမ်က ထွက်ခဲ့တယ်။
သူတို့အိမ်ရှေ့ရောက်တော့ ခြံတံခါးက ပွင့်နေတယ်။ အတားအဆီးမရှိ ဝင်လို့ရတော့ သိပ်တော့ မသင်္ကာံချင်တော့ဘူး။ Yein အော်သံကြားလို့ အဲ့အခန်းရှိရာကို အမြန်လာခဲ့တယ်။
ဒါပေမယ့် ကျွန်တော် အလာကောင်းပေမယ့် အခါနှောင်းခဲ့ရပြီ ။ ဘာလို့ဆို သူတို့ မမကို ဖျက်စီးခဲ့ပြီလေ။
Saint-ခင်ဗျားတို့ ယုတ်မာလှချည်လား
Yein ဆီ ကျွန်တော်ပြေးပြီး ဖက်လိုက်တယ် ပြီးတော့ သူတို့ကို ဒေါသနဲ့လှည့်အော်လိုက်တယ်။
B-ငါတို့ ယုတ်မာတာမဟုတ်ဘူး မင်းအမက သူ့ဘာသူရောက်လာတာ
Saint-ခင်ဗျားတို့ကို ရဲတိုင်မယ် တရားဆွဲမယ်
ကြိုက်သလိုလုပ်ဆိုတဲ့သဘောနဲ့ ပခုံးတွန့်ပြတော့ ဒေါသကပိုထွက်ခဲ့ရတယ်။ ဒါပေမယ့် သူတို့ နယ်မြေထဲမှမို့ ဒေါသကို လျှော့ပြီး Yein ကို ကပိုကယိုဖြစ်နေတဲ့ အင်္ကျီတွေကို ပြန်ပြေးပေးပြီး ချီမကာ ပြန်လာခဲ့တယ်။
အရမ်းလည်း ဒေါသထွက်သလို ဘာကနေ ဘယ်လို စလုပ်ရမှန်း မသိဖြစ်နေခဲ့တယ်။ Meanဆီက ဖုန်းလာတော့ omma စိတ်ချရတယ် ဘာမှ မဖြစ်ဘူး ဆိုမှ ရင်ထဲ တစ်ခုပေါ့တော့တယ်။
ခုအရင်လုပ်ရမှာက arrpa တွက် ဈာပနာ။ ပြီးမှ မမနဲ့ ညီလေးတွက် တရားဆွဲမယ်။
ကျန်တာတွေကတော့ နောက်မှ မီးဆင်ကြည့်ကတာပေါ့။
VOUS LISEZ
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)