Zawgyi
Perth
ကျွန်တော် နေ့လည်စာကို ဘူးနဲ့ ထည့်ပြီး ကိုကို့ဆေးရုံဆီကို လာခဲ့လိုက်တယ်။ လမ်းမှာ ကော်ဖီ ဝင်ဝယ်မှာမို့ ကော်ဖီဆိုင်ရှေ့မှာဘဲ taxi ကို ရပ်ခိုင်းလိုက်ပြီး ဆိုင်ထဲကို ဝင်လာခဲ့တယ်။
ကော်ဖီတစ်ခွက် take away မှာပြီး ထိုင်စောင့်နေလိုက်တယ်။
ထိုအချိန် မိန်းကလေး တစ်ဦး ကျွန်တော့် အရှေ့လာရပ်တယ်။
Rae-u က ဟိုနေ့က Saint နဲ့ အတူ ပါလာတဲ့ တစ်ယောက်မလား
Perth-ဗျာ ဟုတ်
Rae- အခု Saint ဆီ သွားမလို့လား
Perth-ဟုတ်
Rae-အတော်ဘဲ အဲ့ဒါဆို တို့လဲ လိုက်ခဲ့မယ် ဟိုနေ့က လောလော လောလောနဲ့မို့ သူ့လိပ်စာ မမေးလိုက်ရဘူး
Perth-အော်
Rae- ဒါနဲ့ U က Saint နဲ့ ဘာတော်တာလဲ
Perth-အာ အဲ့ဒါက
#ငါဘယ်လို ဖြေရမလဲ သူနဲ့ ကိုကိုနဲ့ကလည်း ဘယ်လို ပတ်သက်တာလဲ မသိဘူး ငါဖြေတာ လွဲသွားလို့ ကိုကိုမျက်နှာ ပျက်စရာ ဖြစ်သွားရင်ရော အာ သိပြီ#
Perth-အမျိုးလို့ ပြောလို့ရပါတယ် ဒါပေမယ့် နည်းနည်းတော့ ဝေးတယ်
Rae-အာ ဟုတ်လား တော်သေးတာပေါ့
Perth-ဘာကိုလဲ
Rae-ဘာမှ မဟုတ်ပါဘူး
#ဟူး တော်ပါသေးရဲ့ အမျိုးတွေမို့ မဟုတ်ရင် အခုခောတ်က ယုံရတာမဟုတ်ဘူး BL တွေက ခပ်များများရယ် Saint ဆိုတာလဲ ယောက်ျားလေး မိန်းကလေး အကုန် ကြွေရသူမလား အခုတော့ စိတ်ချရပြီ Saint ကို ငါ့အပိုင်လုပ်ဖို့ဘဲ ကျန်တော့တယ်#
မှာထားတာရတော့ ဆိုင်ကထွက်ခဲ့တယ်။ ဆေးရုံနားက ဆိုင်မှာ ဝယ်တာမို့ ဆေးရုံကို လမ်းလျှောက်သွားလိုက်တယ်။ ဟိုတစ်ယောက်လည်း နောက်က လိုက်လာတယ်လေ။
ဆေးရုံရောက်တော့ ကိုကို့ကို လာတွေ့တာလို့ reception မှာပြောလိုက်တော့ ကိုကို့ရုံးခန်းမှာ စောင့်နေဖို့ ပြောပြီး ရုံးခန်းကို ညွှန်ပြတယ်။ အဲ့ဒါနဲ့ အခန်းထဲသွားပြီး ကိုကို့ကို စောင့်နေလိုက်တယ်။
~~~
N-Dr. Saint ဧည့်သည်ရောက်နေပါတယ်
Saint-ဘယ်သူလို့ပြောလဲ
N-အဲ့ဒါတော့ မသိပါဘူး Dr.
Saint-အင်း အင်း လာခဲ့လိုက်မယ်နော်
ညီ့ကို စောင်လေး သေသေချာချာပြန်ခြုံပေးပြီး ထွက်လာခဲ့တယ်။
ရုံးခန်းကို သွားနေတုန်း
Mean-ဟျောင့် ဘယ်သွားမလို့လဲ
Saint-ဧည့်သည်ရောက်နေတယ်ဆိုလို့
Mean-ဧည့်သည် ဘယ်သူလဲ
Saint-မသိဘူးလေ ခုမှ သွားရမှာ
Mean-ငါလည်း လိုက်ခဲ့မယ်
Saint-အင်း
အခန်းတံခါးဖွင့်လိုက်တော့ ဟိုကောင်လေးကို တွေ့ရတယ်
Saint-မင်း ဒီကိုဘာလာလုပ်တာလဲ
Rae- Saint
Saint-အော် Rae ဘယ်ကနေ ဘယ်လို
Rae-အော် ဒီနားက ကော်ဖီဆိုင်ကို လာရင် Saint ညီလေးနဲ့ တွေ့လို့ Saint နဲ့ တွေ့ရအောင် လိုက်လာခဲ့တာ ဟိုနေ့က လိပ်စာလည်း မမေးလိုက်ရဘူးလေ
Saint-အင်း မင်းကရော ဘာတွက်လဲ
Perth-ဟို နေ့လည်စာ လာပို့တာပါ
Saint-မင်းကို ဘယ်သူက ခိုင်းလဲ
Rae-အို Saintကလဲ ညီလေးက တကူးတက လာပို့တာကို ဘယ်လိုပြောလိုက်တာလဲ
Saint-မင်းအပူပါလား
Raeမျက်နှာပျက်သွားတာကြောင့် Meanက ဝင်ထိန်းလိုက်တယ်
Mean-မင်းကလဲ အခြားက ဒေါသတွေကို တခြားသူဆီပုံမချရဘူးလေ Rae စိတ်ထဲမထားနဲ့နော် ဒီကောင် စိတ်နောက်စရာနည်းနည်းရှိလို့
Rae-ရပါတယ် ရော့ နေ့လည်စာ စားလိုက်လေ
Rae Perthလက်ထဲက ထမင်းဘူးကို ယူပြီး စားပွဲပေါ်ကို ခင်းပေးလိုက်တယ်
Perth ကတော့ မျက်နှာနည်းနည်းပျက်သွားတယ်။
Saint လည်း ဘူးထဲက ထမင်းနဲ့ ဟင်းနည်းနည်းကို စားလိုက်တယ်။
Rae-စားကောင်းလား
Perth#ဟွန့် သူချက်ထားတာ ကျနေတာဘဲ#
Saint-အင်း Rae ပြင်ပေးတာမို့လို့နဲ့တူတယ် ပိုစားကောင်းတယ်
Perth တစ်ယောက် မျက်ရည်လေး ဝဲသွားတာကို Saint တွေ့ပါတယ်။ ဒီလို ဖြစ်အောင်လဲ တမင် ပြောလိုက်တာ။ ဘယ်သူက ကိုယ်လုပ်ပေးတာအရာကို သူများကြောင့်ပိုကောင်းသွားတယ်လို့ ပြောရင် ဘယ်စိတ်ကောင်းပါ့မလဲ။ အဲလိုသိလို့ Saint တမင် ပြောလိုက်ခြင်းပါ။
ဝဲနေတဲ့ မျက်ရည်လေးကို မကျအောင် ဟိုကြည့် သည်ကြည့်လုပ်နေတဲ့ Perth ကို
Saint-ထမင်းလာပို့တာမလား ပြန်တော့လေ
Perth-ဟုတ်
ကောင်လေးထသွားပြီး ဘေးက အဖြတ် လက်ကို လှမ်းဆွဲလိုက်တာ ရုတ်တရက် ဟန်ချက်မထိန်းနိုင်တာကြောင့် သူ ကျွန်တော့်ပေါ် ထိုင်ရက်ကလေး အဖြစ် ပြုတ်ကျလာတယ်။
လည်ပင်းကို ဖက်တွယ်ထားပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြူးကြည့်နေတဲ့ ကောင်လေးကို ခဏတာ ပြန်စိုက်ကြည့်နေမိတယ်။ ပြီးမှ သူ့ကို တွန်းလွှတ်ပြီး
Saint-ယောက်ျားလေးဖြစ်ပြီး အဲ့လောက်တောင် ပျော့ရလား
Perth-တောင်းပန်ပါတယ် ကိုကို
Saint-ထားလိုက်တော့ နောက်နေ့ လာမပို့နဲ့
Perth-ဘာလို့လဲ စားမကောင်းလို့လား
Saint-မဟုတ်ဘူး
Perth-မဟုတ်ရင်လဲ လာပို့ခွင့်ပေးပါ ကျွန်တော့်မှာလဲ ဘာအလုပ်မှ မရှိတာ
Mean-ဟုတ်သားဘဲ မင်းကလဲ မင်းလည်း အစားအသောက် ဂရုစိုက်သင့်တယ်လေ လူလည်း ကြည့်ဦး ဖြူစုတ်နေပြီ
Saint-မင်းကရော ဘာထူးတာကျနေတာဘဲ
Mean-55 မင်းကလည်း အော် Perth နောက်ကျရင် အစ်ကိုတွက်ပါ ပိုလုပ်ခဲ့ပေးပါလား
Perth-ဟုတ်ရပါတယ်
Saint-ပြန်တော့
Mean အသာလေး Saint နားကို တိုးပြီး တိုးတိုးလေး ပြောလိုက်တယ်
Mean -အူတိုတာလား
Saint-သေလေ
Perth-ခွင့်ပြုပါဦး
Mean-ဟုတ်ပါပြီဗျာ
Saint-နေဦး ငါလိုက်ပို့မယ်
Perth-ဗျာ
Rae-ဒါဆို Rae လည်း ပြန်တော့မယ်လေ လမ်းကြုံလိုက်လို့ ရတယ်မလား Saint
Saint-မရဘူး
Rae- Saintကလည်း Rae ကားမပါခဲ့လို့ပါ
Mean- Raeက ဘယ်ပြန်ရမှာလဲ
Rae-………
Mean-နီးပါတယ် ခေါ်သွားလိုက်ပါ Saintရယ်
Saint-သွားမယ်
Perth-အမလေး
Saint တစ်ယောက် Perth လက်ကို ဆွဲပြီး ကားပါကင်ကို လာခဲ့တယ်
Perth-အာ့ ကိုကို နာတယ် လွှတ်ပေးပါဦး
Saint-မင်း ငါ့ကို ဘယ်လို ခေါ်နေတာလဲ
Perth-ဟို သခင့်တွက် အဆင်မပြေဖြစ်နေမှာ စိုးလို့ပါ သခင့်အလုပ်မှာဆိုတော့ သူများတွေ တစ်မျိုးတွေးမှာစိုးလို့ ပြီးတော့ သခင့်ကောင်မလေးရော
Saint-ပါးစပ်ပိတ်ထား
Saint travel seat ဘက်က တံခါးကို ဖွင့်ပြီး Perth ကို ထိုင်ခိုင်းမလို့ အလုပ် Rae က ဖြတ်ဝင်လိုက်ပြီး
Rae- Rae အရှေ့မှာ ထိုင်လိုက်မယ်နော်
Perth လည်း အလိုက်သိစွာ နောက်ခန်းကိုဘဲ ဝင်ထိုင်လိုက်တယ်
Rae လည်း ထိုင်ပြီးရော Saintလည်း driver ဘက် ဝင်ထိုင်လိုက်တယ်
Rae- ဟင် Saint လုပ်ပါဦး belt က လုပ်မရဘူး
Saint လည်း ပတ်ပေးဖို့လုပ်တော့ မျက်နှာနှစ်ခုက အနီးကပ်ဆုံးဖြစ်သွားတယ်။ Rae ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ Saint ရဲ့ ပါးလေးကို နမ်းလိုက်တယ်။
Saint-မင်း
အော်မလို့ လုပ်ပြီးတော့မှ Perthကို ကြည့်လိုက်တော့ ဝမ်းနည်းသလို ပုံစံလေး ဖြစ်နေတာကြောင့် သူပိုခံစားရအောင်
Rae ရဲ့ ပါးလေးကို နမ်းလိုက်တယ်။
Rae ကတော့ အရမ်းကို ကျေနပ်ခဲ့တာပေါ့
#နင် ငါ့ပေါ် ခံစားချက်တွေ မပြောင်းလဲသေးဘူးမလား Saint ဒီတစ်ခါတော့ နင့် ခံစားချက်တွေကို ငါ လက်ခံပေးမှာမို့ နင့်ရင်ကို ဖွင့်လိုက်စမ်းပါ အရင်လို ငါ့ကို တစ်ခါလောက်ဘဲ ချစ်တယ် ထပ်ပြောလိုက် ငါ နင့်ကို လက်ထပ်လိုက်မှာ#
Saint#ဘယ်လိုလဲ မင်းက slave သက်သက်ဘဲဆိုတာ သဘောပေါက်တယ်မလား Perth #
Perth#ကိုကိုက ချစ်သူရှိနေတာလား ဟိုနေ့ကတော့ အသိမိန်းကလေး တစ်ယောက်အနေနဲ့ ဆက်ဆံပေမယ့် အခုကျ ဘာလို့ နမ်းနေကြတာလဲ ကျွန်တော်တစ်ယောက်တည်းကိုဘဲ ချစ်ပေးလို့ မရဘူးလား ကိုကို ဟာ ငါဘာတွေ တွေးနေတာလဲ ကိုကိုက ငါ့ကို ဝယ်ထားတာလေ မင်းလို လူတစ်ယောက်ကို ကိုကိုက ချစ်မယ်တဲ့လား မရူးစမ်းပါနဲ့ကွာ#
Rae ကို ဝင်ပို့ပြီးတော့ အိမ်ကို မောင်းလာခဲ့တယ်။ အိမ်ကို ရောက်တုန်း ဖုန်းဝင်လာတာကြောင့် ဖုန်းကို ကိုင်လိုက်တယ်။
Saint-ပြော Mean
Mean……
Saint-ဟုတ်လား အပြန်ဝင်ခေါ်ပေးမယ်
Mean-……
Saint-ရပါတယ်
ဖုန်းချပြီးတော့ ကောင်လေးဘက်ကို လှည့်လိုက်တယ်။ ကိုယ့်ကို ကြောင်တောင်တောင်လေးနဲ့ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံက တကယ့် ကလေးလေးတစ်ယောက်လိုဘဲ။
ဘာကြောင့်ရယ်မသိ ကျွန်တော် ကောင်လေးကို ……
Part 8 End
2019July12
author by Thae Thae
Saint ဘာလုပ်လိုက်ပါလိမ့်
သာသာအကျင့်ယုတ်ခဲ့ပါသည်😝
ВЫ ЧИТАЕТЕ
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)