ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် အတိတ်က အတွေးစလေးတွေ ပြတ်တောက်သွားခဲ့သည်
Lai-သမီးကြီး ထမင်းစားမယ်လေ သားလတ်ကို သူ့အခန်းထဲမှာ …အော် သားလတ်က ဒီရောက်နေတာလား မားက အခန်းထဲ သွားရှာနေတာ ဟင် သားလတ် ငိုနေတာလား ဘာဖြစ်လို့လဲ
Dao-မား သူ ရှာတွေ့သွားပြီ
Lai-ဘယ်လိုများရှာတွေ့သွားတာလဲ
Prum-သူ့နဲ့ Saint နဲ့လဲ တွေ့ပြီးပြီ ထင်တယ်မား
Lai-ဒါဆိုရင်တော့ တစ်ခုခုလုပ်မှ ရတော့မယ် မားတို့ ခေါင်းအေးအေးထားပြီး စဉ်းစားကြတာပေါ့ ဒီတစ်ခါတော့ သားငယ်ကို ကယ်နိုင်မှာပါ
~~~
Perth-ကိုကို ဆေးရုံမသွားသေးဘူးလား
Saint-ငါ ဆေးရုံပြောင်းဖို့ ရှောက်ထားတယ်
Perth-ဘယ်ကို ပြောင်းမှာလဲ
Saint-ဘူဆန်ဘက်ကို
Perth-အော်
Saint-ဒါနဲ့ ဒီနေ့ အိမ်ကို Win လာလိမ့်မယ် နေ့လည်စာတစ်ခုခုပြင်ပေးလို့ ရတယ်မလား
Perth-ဟုတ် ဟိုလေ
Saint-ဘာလဲ
Perth-ဘာမှ မဟုတ်တော့ပါဘူး
Saint-မင်းစိတ်ထဲမှာ ရှိတဲ့အတိုင်းမေးလို့ရတယ်
Perth-ဘာလို့ သခင်လို့ မခေါ်ခိုင်းတော့တာလဲ
Saint-မင်းသိလား ငါက Tam အစ်ကိုဆိုတာလေ
Perthရဲ့ မျက်ဝန်းလေး ပြူးကျယ်သွားတယ်။
Saint#လှလိုက်တာ သူအံသြလို့ ကျယ်သွားတဲ့ မျက်ဝန်းအိမ်လေးက လှလိုက်တာ ကျွန်တော် မင်သက်စွာ ငေးကြည့်နေမိတယ်#
Perth-ဒါဆို ကိုကိုက ကျွန်တော့်ကို
Saint-ကလဲ့စားချေဖို့ဝယ်လိုက်တာ
Perth-ဒါကြောင့် ကျွန်တော့်ကို ဆက်ဆံခဲ့တာလား
Saint-ဟုတ်တယ်ဆိုပါတော့
Perth-အော်
Saint-ဒီ ၃ နှစ်ပြီးသွားရင် ဘာလုပ်မယ်လို့ စဉ်းစားထားလဲ
Perth-ကျွန်တော် chef ပြန်လုပ်မယ်
Saint-ခုထဲက လုပ်ပါ့လား
Perth-အဲ့ဒါက
Saint-လုပ်ပါ မင်းအိမ်မက်တွေ ရည်မှန်းချက်တွေကို ဆက်လုပ်ပါ ငါ ဝယ်ထားတယ်ဆိုတာကို စိတ်ထဲ မထည့်ဘဲနဲ့ပေါ့ မင်းက သူတို့ မိသားစုက မဟုတ်မှန်း Win အားလုံးပြောပြထားလို့ ငါ အားလုံး သိပြီးပြီ ဒီအိမ်မှာ မနေချင်တော့ဘူး ဆိုရင်တောင် ငါ မင်းကို ထွက်သွားခွင့် ပြုမှာ
Perth-ဟင့်အင်း ကျွန်တော် ထွက်မသွားပါဘူး ကျွန်တော် ဖြစ်ချင်တာကို လုပ်ခွင့်ပေးမှာကိုဘဲ ကျေးဇူးတင်ပါတယ် ကျွန်တော် chef ပြန်လုပ်မယ် ဒါပေမယ့် ကိုကို့အိမ်ကနေတော့ ထွက်မသွားဘူး ၃ နှစ်ပြည့်တဲ့အထိ ကိုကို့ဘေးမှာဘဲ ကျွန်တော် နေမယ် ပြီးတော့ ပြီးတော့…
Saint-ဆက်ပြောလေ ဘာဖြစ်လို့လဲ
Perth-ကိုကို ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်
Saint-ဘာကို စိတ်ဆိုးရမှာလဲ
Perth-ကျွန်တော် ကိုကို့ကို ချစ်တယ်
Saint-ဘယ်လို
Perth-ဟုတ်တယ် ကျွန်တော် ကိုကို့ကို စတွေ့ကတည်းက ချစ်မိသွားခဲ့တယ် ကျွန်တော်အပေါ် ကိုကိုက ဘယ်လိုသဘောထားခဲ့လဲတော့ ကျွန်တော် မသိဘူး ကျွန်တော်ကတော့ ကိုကို့ကို ကျွန်တော့် ဘဝရဲ့ တစ်ဦးတည်းသောသူအဖြစ် သဘောထားတယ် ကိုကို ကျွန်တော့်ကို ပြန်ချစ်ဖို့ မတောင်းဆိုပါဘူး ကျွန်တော် ချစ်နေတယ် ဆိုတာလေးကိုဘဲ သိထားရင် ရပြီ
Ting Tong
Perth- P’ Win ရောက်ပြီနဲ့တူတယ် ကျွန်တော် တံခါးသွားဖွင့်ပေးလိုက်ဦးမယ်
Saint#သူက ငါ့ကို ချစ်တယ်တဲ့လား ငါကရော ဘာလို့ ရင်ခုန်နေရတာတုန်း ယောက်ျားလေး နှစ်ယောက် ချစ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ခဏတာ စိတ်လှုပ်ရှားမှု သက်သက်ဆိုရင်ရော
ဘာလဲကွာ ဘာလို့ အဲ့လောက် စိတ်တွေ ရှုပ်ရှက် ခတ်နေရတာလဲ#
Perth#ကျွန်တော် စိတ်ထဲ ရှိတဲ့အတိုင်း ကိုကို့ကို ဖွင့်ပြောခဲ့ပြီ တကယ်ကို ကိုကို့ဆီက ဘာမှ မမျှော်လင့်ထားပါဘူး ကိုကို့ကို ကိုကိုလို့ ခေါ်ခွင့်ပေးထားတာကို ကျွန်တော် ပျော်လှပါပြီ ကျွန်တော့် လောဘနဲ့ တစ်ခုတော့ တောင်းဆိုပါရစေ ကိုကို့ရင်ထဲမှာ အခြားတစ်ယောက် ရှိနေမယ်ဆိုရင်တောင် ကျွန်တော့်ရှေ့မှာတော့ မချစ်ပြပါနဲ့ ဒါလေးပါဘဲ အဲ့လောက်ဆို ကျွန်တော် ရပြီ#
Perth တံခါးကိုဖွင့်လိုက်တယ်
Win- Perth
Perth- P’ Win
Win-မတွေ့တာကြာလို့ထင်တယ် Perth တောင် တော်တော်ချောလာပြီဘဲ
Perth-ဟာ P’ Winကလည်း လာမြှောက်နေပြန်ပါပြီ နေ့လည်စာ ချက်ထားပါတယ်နော်
Win-55 P’ က နေ့လည်စာ စားချင်လို့ မြှောက်ပြောနေတယ် ထင်နေတာလား Perth မကျွေးလည်း Saint ကကျွေးမှာပါ ဟုတ်တယ်မလား Saint
လှေကားမှာ ကျောက်ရုပ်ကြီးလို ရပ်ပြီး ကျွန်တော်တို့ကို ကြည့်နေတဲ့ Saint ကို လှမ်းမေးလိုက်ခြင်းသည်သာ..
Saint-နေ့လည်စာကျွေးဖို့ ဖိတ်တာဘဲဟာ ကလေး နေ့လည်စာသွားပြင်တော့လေ
#အယ် မဟုတ်သေးပါဘူး သူ့ကို ငါ ဘယ်လို ခေါ်လိုက်မိပါလိမ့်#
Perth#ကလေး ကျွန်တော့်ကို ပြောတာများလား ကိုကိုက ကျွန်တော့်ကို ကလေးလို့ ပြောလိုက်တာများလား ငါ ကြားချင်တာတွေများ လျှောက်ကြားနေတာလား#
Perth-ဟုတ် ဟုတ်
Perth မီးဖိုချောင် ဆီကို အပြေးတစ်ပိုင်း ဝင်သွားခဲ့တယ်
မီးဖိုချောင်ထဲ ရောက်မှ
Perth-ဟူး ကလေး ဟုတ်တယ် သေချာတယ် ကိုကိုက ငါ့ကို ကလေးလို့ နာမ်စားသုံးခေါ်လိုက်တာ
ဒါပေမယ့် ဘာလို့ အဲ့လိုခေါ်တာလဲ ဘာကြောင့်လဲ
Perth တစ်ယောက် ကလေးလို့ အခေါ်ခံရလို့ ပျော်မွေ့နေတဲ့အချိန် ဧည့်ခန်းမှာ စိတ်တွေရှုပ်ထွေးနေတဲ့ ကောင်လေးတစ်ယောက်ရယ် ကိုယ်လိုရာ ပန်းတိုင်ကို အပြေးသော့နေတဲ့ ကောင်လေး တစ်ယောက်ရယ် ကိစ္စတစ်ခုကိုဆွေးနွေးနေတာကိုတော့ Perth မသိလိုက်ပါ
Win- Saint ဆီက တောင်းဆိုစရာရှိတယ်
Saint-ဘာများလဲ
Win-ကျွန်တော် Perth ကို ခေါ်သွားချင်တယ် ဟို တစ်မျိုးတော့ မထင်ပါနဲ့နော် ကျွန်တော် Saint ဝယ်ထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးမှာပါ
Saint-အဲ့ဒါက
Win-၃ နှစ်ပြည့်သွားရင်လည်း ကျွန်တော် လာခေါ်ရမှာဘဲလေ Prum တို့ လက်ထဲ ပြန်ထည့်လို့ မဖြစ်ဘူး ဆိုတာ သိတယ်မလား
Saint- Win ခေါ်သွားတော့ရော သူတို့ မသိနိုင်ဘူးလား
Win-သူတို့ လုံးဝမသိနိုင်တဲ့ နေရာကို ခေါ်သွားမှာ မို့လို့ပါ
Saint-ဘယ်နေရာလဲ
Win-အဲ့ဒါကို ကျွန်တော် မပြောလို့ မရဘူးလား
Saint-ဟုတ်ပါပြီ Perth လိုက်သွားချင်တယ် ဆိုရင်တော့ ကျွန်တော် Win နဲ့ ထည့်ပေးလိုက်ပါ့မယ်
Win-ကျေးဇူးတင်ပါတယ်
Saint-နေ့လည်စာ အဆင်သင့်ဖြစ်ပြီထင်တယ် အပေါ်ကို ကြွပါ
Win-ကျွန်တော့်ကို သူငယ်ချင်းလိုပဲ ပြောပါ ဒီလိုကြီး ဆက်ဆံတာကျတော့ ကျွန်တော့်တွက် တစ်မျိုးကြီး ဖြစ်နေလို့
Saint-ကောင်းပါပြီ သွားရအောင်
~~
Perth-အောင်း ကိုကိုတို့လာပြီလား ဟင်းချိုလေးဆူရင် ရပြီ ခဏလေး စောင့်ပေးပါနော်
Win-အေးဆေးလုပ်ပါ
Perth-အာ ဟုတ်
ခဏကြာတော့ ဟင်းအားလုံး ကျက်ပြီမို့ နေ့လည်စားစားကြတယ် စားနေရင်း
Perth-စားလို့ မကောင်းလို့လားကိုကို ဘာမှ လည်း ထည့်မစားဘူး
Saint-မဟုတ်ပါဘူး ဆေးရုံမှာက နေ့လည်စာကို အချိန်သီးသန့် ပေးမစားတတ်တော့ စားကျင့်မရှိသလို ဖြစ်နေလို့
Win- Perth P’ ပြောမ…
Ring Ring
Saint-sorry နော်
ဖုန်းမြည်လာတာကြောင့် Saint ဖုန်းကိုင်လိုက်တယ်
Saint-Mean ပြော
Mean-……
Saint-ဘာ မင်းတကယ်ပြောတာလား
Mean-……
Saint-အင်း အင်း ငါအခုလာခဲ့မယ်
ဖုန်းချပြီး အပြင်ကို သွားဖို့လုပ်နေတဲ့ Saint ကို
Perth-ဘယ်သွားမလို့လဲ ကိုကို ထမင်းလေး ပြီးအောင် စားသွားပါလား
Saint-တော်ပြီ မစားတော့ဘူး ညီ သတိရလာပြီတဲ့ ကိုကိုသွားမှ ရမယ်
Perth-ညီ ဆိုတာ..
Saint- Tam လေ ကလေးရဲ့ သူငယ်ချင်း Tam လေ
‘ခွမ်း’
Win သောက်လက်စ ရေခွက်လေး ကျကွဲသွားခြင်းပါ
Win- Tam က အသက်ရှင်နေသေးတာလား
Saint-ဟုတ်တယ် နောက်မှ ပြောပြတော့မယ် နေ့လည်စာ ပြီးအောင် စားလိုက်ကြပါ ကျွန်တော်ကတော့ သွားလိုက်ဦးမယ်
ပြောပြီးတာနဲ့ ပြေးထွက်သွားတဲ့ Saint ကို Perth ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိတယ်
Perth-ကိုကို အရမ်းပျော်နေတာဘဲ ကားကို ဂရုစိုက်မောင်းဖို့တောင် မမှာလိုက်ရဘူး ဒါနဲ့လေ P’
‘ဒုတ်’🏏
Perth-အာ့
ခေါင်းကို တစ်ခုခုက လာထိတာ သိလိုက်ရပြီးနောက် Perth တစ်ယောက် သတိမေ့သွားတော့တယ်။
~~~
ဆေးရုံရောက်တာနဲ့ Saint Tam ရဲ့အခန်းကို အပြေးလာခဲ့တယ်
အခန်းတံခါးဖွင့်လိုက်တာနဲ့ ပြုံးပြနေတဲ့ ကျွန်တော့်ရဲ့ ညီ
ကျွန်တော့်ရဲ့ တစ်ဦးတည်း ရှိတော့တဲ့ သွေးသားဆွေမျိုးလေး
ပြီးတော့ ဒီလို အပြုံးလေးကို မမြင်ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ
Saint-ညီ သတိရလာပြီနော် အစ်ကိုကို့ မှတ်မိလား
မျက်လုံးလေး မှိတ်ပြပြီး ခေါင်းလေးအသာ ငြိမ့်ပြတဲ့ Tam
Saint-ကျေးဇူးပါ နိုးထလာခဲ့ပေးလို့ ကျေးဇူးပါ ညီရာ
ကုတင်ပေါ်က ညီလေးကို ယုယစွာနဲ့ ပွေ့ဖက်လိုက်တဲ့ Saint
Mean-ငါတို့ စစ်ဆေးစရာလေးတွေ စစ်ရအောင် Saint
Saint- အင်း
မျက်ဝန်းက မျက်ရည်စ တစ်ချို့ကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ပြီး Tam စစ်ဆေးဖို့ လိုအပ်တာတွေ ပြုလုပ်လိုက်တယ်
စစ်ဆေးချက်တွေ အားလုံးလုပ်ပြီးတော့ Tam ကို ခဏပြန်အိပ်ခိုင်းပြီး နားနေခန်းကို ပြန်လာခဲ့တယ်
အိမ်ကို ဖုန်းခေါ်လိုက်တယ် ။ Perth လည်း သူ့ သူငယ်ချင်းကို တွေ့ချင်မယ် ထင်လို့လေ
1st call မကိုင်ဘူး
2nd call မကိုင်ပြန်ဘူး
Saint-ဒီကလေး ဘာလုပ်နေလို့ ဖုန်းလာမကိုင်တာလဲ
3rd call မကိုင်ဘူး
တစ်ဖက်က ဖုန်းခေါ်ဆိုမှုကို ကိုင်သူမယ့်စွာဖြင့် မြည်ဟီးနေတဲ့ ဖုန်းလေး တစ်ခုကတော့ ဘယ်သူမှ မရှိတဲ့ အိမ်တစ်ခုမှာ အကြိမ်ကြိမ် အသံတွေ ထွက်နေတော့တယ်
part 14 End
2019August3
author by Thae Thae
DU LIEST GERADE
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)