My Doctor 19💓

1.4K 115 34
                                        

Saint- Mean ကလေး ဘာမှ မဖြစ်နိုင်ပါဘူးနော် မြန်မြန်မောင်းစမ်းပါကွာ ငါ စိတ်ပူလို့ သေတော့မယ်
Mean-အေးပါကွာ မောင်းနေပါတယ် ဘာမှလည်း မဖြစ်နိုင်ပါဘူးကွာ မီးသတ်ကားလည်း ရောက်နေလောက်ပါပြီ
Saint-ကလေးသာ တစ်ခုခု ဖြစ်သွားရင် ငါသေမှာကွ
Mean-ဘာမှ လျှောက်တွေးမနေပါနဲ့ကွာ
Saint တို့ ရောက်လာတဲ့ အချိန်ထိ မီးက မငြိမ်းသေးဘူး မီးသတ်တွေလည်း ငြိမ်းနေပေမယ့် မီးများတာကြောင့် သိပ်မနိုင်ချင်ဘူး ဖြစ်နေတယ်
Saint ရောက်တာနဲ့ ကားပေါ်က ပြေးဆင်းပြီး လူအုပ်ကြားထဲ တိုးပြီး Plan တို့နား သွားလိုက်တယ်။
Saint- Plan Perth ရော?
Plan ဆီက အဖြေပြန်မရ
Saint- Plan P’ မေးနေတယ်လေ Perth ရောလို့
Plan-ထွက်မလာသေးဘူး P’
Saint ဝင်သွားမလို လုပ်တော့ Mean က လှမ်းဆွဲပြီး
Mean-ကယ်ဆယ်ရေးတွေ အထဲဝင်သွားပြီ Perth ပြန်ထွက်လာနိုင်မှာပါ
Saint-ဒါဆို ဘာလို့ ခုထိ ထွက်မလာသေးတာလဲ
Mean-ခဏစောင့်လိုက်ပါကွာ နော်
မိနစ် ၃၀ လောက်ကြာမှ မီး အားလုံး ငြိမ်းသွားတယ်။ ထိုအချိန်ထိ Perth ပြန်မထွက်လာဘူး။
ကယ်ဆယ်ရေးတွေ ပြန်ထွက်လာတော့
Saint-ဆရာတို့ Perth ရော
M-အထဲမှာရှိတဲ့ လူတွေအားလုံး ကယ်တင်လို့ မရခဲ့ပါဘူး ခဏနေ ခန္ဓာကို သယ်လာပါလိမ့်မယ် ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး
Saint-ဗျာ မဖြစ် မဖြစ်နိုင်ဘူး
ခြေထောက်တွေ မခိုင်တော့ဘဲ လဲကျသွားတဲ့ Saint ကို Mean က လှမ်းထိန်းရင်း
Mean-သတိထားပါကွာ ကံတရားအတိုင်းပဲပေါ့
Saint-ငါ့ကြောင့် ငါ့ကြောင့်ပါ ငါသာ အိမ်ကို ပြန်မပို့ခဲ့ရင်…
Mean-ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူးကွာ ကံစီမံရာအတိုင်း ငါတို့တွေက လျှောက်လှမ်း နေရတာလေ စိတ်ကို ဖြေပါကွာ ငါလည်း စိတ်မကောင်းပါဘူးကွာ
Saint-မဖြစ်နိုင်ဘူး ဖြစ်လို့လဲ မရဘူး ငါ..ငါ့ဘဝမှာ ကလေးတစ်ယောက်ပဲ ရှိတော့တာ သူ့ကို ခေါ်သွားခွင့် မပြုနိုင်ဘူး
Mean- Saintရယ်
ခဏအကြာ မီးလောင်ပျက်စီးနေတဲ့ ခန္ဓာ ၂ခုကို သယ်လာခဲ့တယ်
M-မီးလောင်ထားတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာ မသိနိုင်ပေမယ့် ယောက်ျားလေး နှစ်ဦးပါ
Saint အသိစိတ်မဲ့နေတဲ့ လူတစ်ယောက်လိုသာ နေရာမှာ ငိုင်ငိုင်ကြီး ရပ်နေမိတယ်
Plan-ယောက်ျားလေး နှစ်ယောက် တစ်ယောက်က Perth ဖြစ်ခဲ့မယ်ဆိုရင် နောက်တစ်ယောက်က ဘယ်သူလဲ
Mean-Prum ရော Prumဘယ်ရောက်နေလဲ
Plan-ကိုကိုက မမနဲ့ တူတူရှိတယ်
Mean-ဒါဆို ဘယ်သူလဲ
Plan-baby လည်း မသိဘူး baby တို့အိမ်က အိမ်အကူလည်း မရှိဘူး
Mean-မဟုတ်မှ လွဲရော Win…
Plan-ဟာ မဖြစ်နိုင်တာ ခုကိစ္စမှာတောင် သူပရောဂကင်းချင်မှ ကင်းမှာ
Win-ငါလုပ်တာ မဟုတ်ဘူး
Mean- Win
Win-ငါစကားမဆုံးခင် မင်းတို့
‘ခွပ်’
Win စကားပြောနေတုန်း ရုတ်တရက် ထိုးခံလိုက်ရတာကြောင့် ပစ်လဲသွားတယ်။ ထိုးလိုက်တဲ့သူကတော့ Saint ကိုယ်တိုင်ပင်
လဲကျသွားတဲ့ Win ပေါ်ကို တက်ခွပြီး အဆက်မပြတ်ဆက်ထိုးနေတဲ့ Saint
Saint-မင်းကြောင့် အရာရာ အားလုံးမင်းကြောင့် Perth ကို မင်းသတ်တာ
Win-ထိုး ဝအောင်ထိုးလိုက် အေး ငါ့ကြောင့် Perth သေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမယ့် Perth ကို သတ်တာကတော့ ငါမဟုတ်ဘူး
Saint-မင်း တောင်စဉ်ရေမရတွေ လျှောက်ပြောမနေနဲ့!!
Win-ငါ အခုချိန်ထိ မင်းတို့ကို ညာပြီး ပြောခဲ့တာ တစ်ခွန်းမှ မရှိဘူး နောက်တစ်ခွန်း ထပ်ပြောလိုက်မယ် ငါ Perth ရော Daniyal ရောကို ငါမသတ်ဘူး
Plan-မညာဘူးပြောပြီး ညာနေတာကို ကျွန်တော်တို့က ယုံနေမယ်ထင်နေတာလား
Win-တစ်နေ့ မင်းငါ့ကို ဒီလို ပြောလာမယ်ဆိုတာ သိပ်သိတာပေါ့ အေး ငါမညာဘူးဆိုတာကို ငါသက်သေပြမယ် မင်းတို့စောင့်နေ
Win ပြောပြီး ထိုနေရာကနေ ထွက်လာခဲ့တယ်
Mean- Saint ငါတို့ လုပ်စရာ ရှိတာ လုပ်ရအောင်လား
Saint-ဘာကိုလဲ
Mean- Perth တွက် ဈာပနာ
Saint-မလုပ်ဘူး
Mean- Saint
Saint-မလုပ်ဘူး လုပ်စရာလည်း မလိုဘူး Perth လည်း မသေဘူး
Plan-ကို baby တို့ပဲ လုပ်စရာရှိတာလေး လုပ်ရအောင်လား P’ Saint ကို နောက်မှ ဖြောင်းဖြပြီး ခေါ်ကြတာပေါ့ သူတို့တွေ သယ်သွားဖို့ စောင့်နေရတာ မကောင်းဘူး
Mean-အင်း
Mean ဈာပနာ လုပ်ဖို့ လက်မှတ်ထိုးပေးပြီး အိမ်ပြန်လာကြတယ်
Saint ကိုလည်း သူ့အိမ်ဝင်ပို့ခဲ့ပြီး Plan ကို ခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ကိုရောက်တော့
Plan-ကို P’ Saint အဆင်ပြေပါ့မလား
Mean---
Plan-ကို baby ပြောတာကြားလား
Mean-ကိုစဉ်းစားနေတာက ဒီကိစ္စကို Win သာ တကယ်မလုပ်ခဲ့ရင်… အော် ဒါနဲ့ baby မားရော
Plan-မားက အရေးကြီး ကိစ္စရှိလို့ဆိုပြီး Perth ကို ခေါ်လာပြီး အိမ်ကို ပို့ပေးပြီးကတည်းက ထွက်သွားတာ ဘာလို့လဲ
Mean-ကို Prum တို့နဲ့ စကားပြောမှ ဖြစ်မယ်
Plan-ဘာအကြောင်းတွေများရှိလို့လဲ ကို baby ကိုရောပြောပြလေ
Mean- baby ကို့ကို စိတ်မဆိုးနဲ့နော် ကို စိတ်ထစ်နေတာလေးရှိလို့
Plan-ကိုရယ် baby က ကို့ကို ဘာလို့ စိတ်ဆိုးရမှာလဲ
Mean-အင်းး.. ကိုလေ baby မားရဲ့ အကြောင်းကို စုံစမ်းချင်တယ် ကို စိတ်သိပ်မရှင်းဘူး ဖြစ်နေလို့ ခုကိစ္စမှာ ရိုးရိုးလေးလို့ ထင်ရပေမယ့် အရမ်းရှုပ်ထွေးနေတယ် ပြီးတော့ သာမန်မဟုတ်ဘဲ လူသတ်မှုအထိတွေပါ ဖြစ်လာပြီ ကို baby ရဲ့ မားကို စွတ်ဆွဲချင်တာ မဟုတ်ဘူးနော် နောက်ပြီး ကို့အထင်တော့ ကိုတို့ စုံထောက်တစ်ယောက်ပါ ငှားသင့်ပြီလို့ ထင်တယ်
Plan-ကို ကောင်းမယ်ထင်ရင် လုပ်ပါ baby ကို့ကို စိတ်မဆိုးပါဘူး ဟုတ်ပါတယ် ခုဟာက အမှုတစ်ခု ဖြစ်နေပြီ လူတိုင်းကို စစ်ဆေးသင့်တယ် နောက်ဆုံး baby တို့ကိုပါ စစ်မယ်ဆိုရင်တောင် baby စိတ်မဆိုးဘူး ကို
Mean- baby က နားလည်မှုတအားရှိတာပဲ
Plan-ဘယ်သူရဲ့ baby လဲလို့
Mean-ကို့ရဲ့ baby လေးပါဗျာ
Plan-ဒါနဲ့ ကို နက်ဖြန် ဈာပနာတွက် P’ Saint ကို
Mean-ကိုသူ့ကို နှစ်သိမ့်ပြီး ခေါ်ခဲ့ပါ့မယ်
Plan- babyလည်း အားလုံး စီစဉ်စရာရှိတာတွေ လုပ်ထားပါ့မယ်
Mean-ဒါဆို ကိုတို့ အိပ်ရအောင်လေ နက်ဖြန်တွက် ပင်ပန်းကြရဦးမယ်မလား
Plan- P’ Saint တွက် စိတ်မကောင်းဘူး ကိုရယ်
Mean-ကိုလည်း တူတူပါပဲ Saint တွက် ကိုတို့ လဲကျသွားလို့ မဖြစ်ဘူး
Plan-Su Su Na ကို
Mean-goodnight baby အိပ်တော့
Plan-ဟုတ်
နောက်တစ်နေ့မနက် ဈာပနာပွဲကို Saint မတက်ရောက်ခဲ့ဘူး ။ Mean ဘယ်လိုဘဲ ဖျောင်းဖြ ဖျောင်းဖြ ဘယ်လိုဘဲ ပြောပြ ပြောပြ လုံးဝကို မလာခဲ့ဘူး ။ Mean ပြောလိုက်တဲ့ စကားတိုင်းကို ပြန်ပြောတဲ့ စကားက တစ်ခွန်းတည်း ရှိတယ် “ကလေး မသေဘူး”

အချိန်ရာသီတွေ ကူပြောင်းလာခဲ့တာ ဘာလိုလိုနဲ့ Perth တစ်ယောက် လောကက ထွက်သွားတာ ၁နှစ်တောင်ရှိပြီ
Perth ဆိုပြီး နာမည်လေး စိုက်ထူထားတဲ့ မြေပုံလေးရှေ့မှာ ကောင်လေးတစ်ယောက်ကတော့ ပန်းစည်းလေး ကိုင်ရင်း
Saint-ကလေး ဘာလို့ ပြန်မလာသေးတာလဲ ကိုကိုစောင့်နေရတာ အရမ်းကြာနေပြီ ကိုကို့ကို ထပ်မစောင့်ခိုင်းပါနဲ့တော့ကွာ ကိုကိုတောင်းပန်ပါတယ် ပြန်လာခဲ့ပါတော့နော်
မြေပုံလေးရှေ့ ဒူးထောက်ထိုင်ချရင်း ငိုကျွေးနေတဲ့ Saint ရဲ့ ပုခုံးလေးကို တစ်စုံတစ်ယောက်က လာကိုင်လိုက်တယ်
Saint လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက် ဖြူဖြူပိန်ပိန်သေးသေးလေး Perth နဲ့ဆို ရွယ်တူလောက် ဖြစ်လောက်တဲ့ အရွယ်လေး အရွယ်ရောက်နေပြီလို့ ပြောလို့ရပေမယ့် လက်ထဲမှာ ကိုင်ထားတဲ့ ယုန်ရုပ်လေးကြောင့် ကလေးတစ်ယောက်လိုလေး ဖြစ်နေတယ်။ Saint လှည့်ကြည့်တော့ ပြုံးပြလိုက်တဲ့ အပြုံးလေးကလည်း ကလေး တစ်ယောက်လို ဖြူစင်တယ်။
Boy-မငိုနဲ့နော်
Saint-N’ က
Boy-ကျွန်တော်က ဖေဖေ မေမေဆီ လာတာပါ ငိုသံကြားလို့ လိုက်ရှာတာ P’ ကို တွေ့လို့
Saint-အနှောက်အယှက်ဖြစ်သွားရင် sorry နော်
Boy-ဟာ မဟုတ်တာ ကျွန်တော်ကသာ လာနှောက်ယှက်သလို ဖြစ်သွားတာ ကျွန်တော်နာမည်က Zan ပါ တွေ့တဲ့နေရာက အဆင်မပြေပေမယ့် တွေ့ရတာ ဝမ်းသာပါတယ်နော်
Saint-တွေ့ရတာ ဝမ်းသာပါတယ် N’ P’ နာမည်က Saint ပါ
Zan- ဟုတ် ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦးနော်
Saint-ကောင်းပါပြီ
Zan ပြန်သွားပြီးနောက် Saint လည်း ဆေးရုံကို ပြန်ခဲ့တယ်။ Saintလည်း ဘူဆန်ကို ပြောင်းလာတာ ၉လကျော်လောက် ရှိသွားပြီဆိုတော့ အသိ အဘိုးတွေ အဘွားတွေလည်း ရှိလာခဲ့ပြီလေ ။ အပြန် market လေး ဝင်ပြီး အဘိုးအဘွားတွေအတွက် အသီးအနှံအချို့ကို ဝယ်လိုက်တယ်။
Zan လည်း အိမ်ပြန်လမ်းမှာ Saint အကြောင်းကို တွေးနေမိတယ်
#အရမ်းချောတာပဲ သူညီလေးဆီလာတာလား မသိဘူး ဟာ ငါ ဘယ်မှာ နေလဲတောင် မမေးလိုက်ရဘူး ဆိုးလ်မှာပဲ နေတာလား မသိဘူး ထပ်တွေ့ခွင့် ရချင်တယ် P’  ရယ် ဘာကြောင့်လဲတော့ မသိဘူး P’  ကို မြင်မြင်ချင်း ကျွန်တော် ရင်ခုန်တယ် ကျောင်းကသူတွေ ပြောသလိုဘဲ ကျွန်တော် gay များ ဖြစ်နေပြီလား မသိဘူး P’  လို ယောက်ျားလေး တစ်ယောက်ကို ကျွန်တော် ရင်ခုန်မိနေပြီ ဒီရင်ခုန်မှုက မှားယွင်းတယ် ဆိုရင်တောင် အမှတ်တရလေး အနေနဲ့ သိမ်းထားခွင့်ပြုပါ P’ Saint #
Man-Kon ဒီနေ့ ပြုံးနေပါ့လား
Zan-ဟုတ်တယ်နော်
Man-Kon ရဲ့ မိဘတွေ မရှိတော့ကတည်းက အဲ့ အပြုံးလေးတွေ ပျောက်ကွယ်နေတာ ဒီနေ့ ဘာတွေများ ပျော်စရာတွေ့လာလို့လဲ
Zan-ဒီလိုပါပဲ
ဦးလေး Kim ပြောမှ ကိုယ်ဘာကိုယ် သတိထားမိတော့တယ်။ ဟုတ်တယ် ကျွန်တော် မရယ်မပြုံးတော့တာ ကျွန်တော့်မိဘတွေ မရှိတော့ကတည်းကဘဲ ခု ကျွန်တော် ပြုံးရယ်နိုင်တယ်ဆိုတော့ P’ Saint က ကျွန်တော့်ကို တော်တော် ပြုစားနိုင်တာပဲ
အိမ်ကို ပြန်ရောက်တဲ့အထိ P’ Saint ရဲ့ ပုံရိပ်တွေ ကျွန်တော့် မျက်လုံးထဲက မထွက်ဘူး အဲ့တာကြောင့် P’ Saint ကို ရှာဖွေဖို့ စတင်လိုက်တယ် ပထမဆုံး Facebook မှာ နာမည်ရိုက်ရှာကြည့်တယ် ရှာမတွေ့
IG ,Twitter,weibo ဘယ်မှာမှ ရှာမတွေ့ နာမည်တစ်လုံးကလွဲရင် ကျန်တာဘာမှ မသိတော့ ရှာဖို့ အရမ်း ခက်ခဲနေတယ်။ နက်ဖြန် တွေ့ခဲ့တဲ့နေရာကို ထပ်သွားဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ တွေ့လို တွေ့ငြားပေါ့

Part 19 End

2019September10

author by Thae Thae

ဇာတ်ကောင် နောက်တစ်ယောက် ထည့်ထားပါတယ်နော် ဗီလိန် လုံးဝ မဟုတ်ပါဘူးနော်

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)Место, где живут истории. Откройте их для себя