At the morning,
Perth-ကိုကို breakfast အဆင်သင့်ဖြစ်ပြီ
Saint-မစားချင်သေးဘူး ဒီနားလာပါဦး
Perth Saint အနားကို လျှောက်သွားလိုက်တယ်
Perth-ကိုကို ခုထိ မျက်နှာ မသစ်ရသေးဘူးလား
Saint-အင်း ဒီနေ့ ကိုကို အပျင်းကြီးနေတာ
Perth-ထတော့လေ ဆေးရုံသွားရဦးမှာမလား မနက်စာလည်း ရပြီ
Saint-အဲ့ မနက်စာကြီး မစားချင်ပါဘူး
Perth-ကိုကိုက ဘာစားချင်လို့လဲ ကျွန်တော် လုပ်ပေးမယ်လေ
Saint-တကယ်လား
Perth- အင်း တကယ်ပေါ့
Saint-လာ တိုးတိုးလေး ပြောပြမယ်
Perth အသာလေး Saint နားကို တိုးလိုက်တော့ Saint က ရင်ခွင်ထဲကို စောင့်ဆွဲ ခေါ်ယူလိုက်တယ်။
ပြီးမှ ပါးလေးကို နှာခေါင်းလေး နစ်ဝင်သည်ထိ နမ်းပြီးမှ
Saint-ဒီ ကလေးလေးကို စားချင်တာ
Perth-ဟာ ကိုကိုကလည်း မျက်နှာတောင် မသစ်ရသေးဘဲ ညစ်ပတ်လိုက်တာ
Saint-ကလေးက ကိုကို့ကို ရွံတယ်ပေါ့
Perth-အဲ့လို မဟုတ်ပါဘူး ကလေးက (အသံကို ပိုတိုးလိုက်တယ် ၂ ယောက်တည်းတောင် မကြားရလောက်ထဲအထိပေါ့) နည်းနည်း နာနေသေးလို့
Saint-ဘာပြောတာလဲ
Perth-ဘာမှ မပြောပါဘူး မျက်နှာသစ်တော့လို့ ဆေးရုံသွား နောက်ကျနေမယ် သွား မျက်နှာသွားသစ်တော့
Saint-ကောင်းပါပြီဗျာ အမိန့်တော်တိုင်းပါ
Saint အိပ်ရာပေါ်က ထပြီး ရေချိုးခန်းထဲ ဝင်သွားတယ်။ ပြီးတော့ မနက်စာ စားပြီး ဆေးရုံကို ထွက်လာခဲ့တယ်။
Saint ထွက်သွားပြီးတော့ Perth ခြံတံခါးကို ပိတ်ပြီး အိမ်ထဲဝင်ပြီး အလုပ် တစ်ယောက်ယောက်က နာမည်ခေါ်လိုက်တာ ကြားတာမို့ လှည့်ကြည့်
Perth-ဘယ်သူနဲ့ တွေ့ချင်လို့လဲ
Plan-မင်းဆီကို လာခဲ့တာပါ ငါ့ကို မမှတ်မိဘူးလား မင်း ဒီအိမ်ကို ရောက်ရောက်ချင်းတုန်းက တစ်ခါ ဆုံဖူးတယ်လေ
Perth-အာာ မှတ်မိပြီ အိမ်ထဲဝင်လေ
Plan အိမ်ထဲကို ဝင်ပြီး ခြံတံခါး ပြန်ပိတ်ကာ ဧည့်ခန်းဆီကို စကားပြောဖို့ရာ သွားလိုက်ကြတယ်။
Plan-P’ Saint နဲ့ အဆင်ပြေတယ်မလား
Perth-ပြေပါတယ် ဒါနဲ့ ဘာကိစ္စများ…
Plan-မင်း…Win ဆိုတဲ့ လူကို သိလား
Perth- P’ Win!?
Winဆိုတဲ့ နာမည်ကြားတာနဲ့ သိသိသာသာ ပျက်ယွင်းသွားတဲ့ Perth ရဲ့ မျက်နှာကြောင့် Plan သူတွေးထားတာတွေ တကယ် ဖြစ်လာမှာ ပို စိုးရိမ်လာမိတယ်
Plan-သိလားလို့
Perth-ဟုတ် သိပါတယ်
Plan-ခင်ရော ခင်လား
Perth-ခင်ပါတယ် ဒါပေမယ့်
Plan-ဘယ်လိုမျိုးခင်တာလဲ ဘယ်လောက်ထိခင်လဲ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးလို့ ရမလား
Perth-ဟို..ဟို
Plan-ငါ့ကို အကုန်ပြောပြလို့ရတယ် ငါ့ကို ယုံပါ
Perth-နောက် ၂လလောက်ကြာရင် သူနဲ့ တစ်နေရာရာကို ထွက်သွားရတော့မှာ
Plan-ဘာ! ဘယ်လို ဒါဆို P’ Saint ကရော မင်း P’ Saint ကို ထားသွားမယ်လို့တော့ မပြောနဲ့နော်
Perth-သွားမှ ရမှာ မဟုတ်ရင် P’ Saintအတွက်…
Plan-အသက် အန္တရာယ် ရှိတယ်လို့ ပြောမလို့မလား
Perth-အင်း မင်း ဘယ်လို…
Plan-သူ သုံးနေကျ အကွက် မို့လို့ဘဲ
Perth-ကျွန်တော် နားမလည်ဘူး
Plan-တကယ်က…
Ring Ring
Perth ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်တယ်
Perth-ခဏနော် ဟုတ်ကိုကို …ဆေးရုံကို အခုလား…ဟုတ် လာခဲ့မယ်လေ
ဖုန်းချပြီးနောက်
Perth- P’ Saint ခေါ်နေလို့ ကျွန်တော် သွားရတော့မယ်
Plan-ကောင်းပါပြီ နောက်နေ့မှ ငါ ပြန်လာခဲ့မယ် …တစ်ခုတော့မှတ်ထား ဘာနဲ့ဘဲ ခြိမ်းခြောက် ခြိမ်းခြောက် P’ Win နဲ့ လုံးဝ လိုက်သွားလို့ မဖြစ်ဘူး နော် ကြားလား
Perth ခေါင်းသာ ငြိမ့်ပြလိုက်တယ်
Plan ထွက်သွားပြီးတော့ Perth လည်း ဆေးရုံလိုက်သွားဖို့ အဝတ်အစားလဲပြီး ထွက်ခဲ့လိုက်တယ်။
Plan လည်း ခြံရှေ့မှာ စောင့်နေတဲ့ P’ Dao ကားပေါ်ကို တက်လိုက်တယ်
Dao-ဘယ်လိုလဲ ငယ်လေး အဆင်ပြေခဲ့လား
Plan- P’ Saint လှမ်းခေါ်လို့ စကားစပြတ်သွားတယ် ဒါပေမယ့် P’ Win ကတော့ တစ်ခုခုလုပ်ထားပြီဆိုတာတော့ သေချာတယ် သားတုန်းကလိုဘဲ တစ်ခုခုနဲ့ ကိုင်ခြောက်ထားတာ ဖြစ်နိုင်တယ် P’ Win လို့ ပြောလိုက်တာနဲ့ သူမျက်နှာပျက်သွားတယ်
Dao-မမတို့ သူထက် တစ်လှမ်းသာမှ ရမယ်
Plan-ဟုတ်တယ် နောက်နေ့မှ သားတို့ ပြန်လာတာပေါ့ အော်..သား Mean ကို ဆက်သွယ်ရဦးမယ် သူ စိတ်ပူနေလောက်ပြီ
Dao-အင်း မမဖုန်းကို သုံးလိုက်လေ
Plan Mean ဆီကို ဖုန်းခေါ်လိုက်တယ်
Mean-ဟုတ်ကဲ့ အမိန့်ရှိပါ
Plan-ကို ကျွန်တော်ပါ
Mean- Plan တကယ် Plan လား
Plan-ဟုတ်ပါတယ် ကိုရဲ့
Mean-ဘယ်တွေ ပျောက်နေတာလဲကွာ ဒီမှာ ဘယ်လောက် စိတ်ပူနေရလဲ သိလား
Plan-ဟုတ် သိပါတယ် ပြောပြရမယ့် အကြောင်းတွေလဲ အများကြီး ရှိတယ် နက်ဖြန် ကို အားလား ကျွန်တော် ကို့ဆီလာခဲ့မယ်
Mean-နေ့ခင်းပိုင်းလောက်လာခဲ့လေ ကို အဲ့ချိန်လောက်ဆို အားတယ်
ဖုန်းပြောနေတုန်း အခန်းထဲ Win ဝင်လာတာမို့
Mean-အော် Win ခဏလေးနော် ထိုင်ပါဦး
Plan- Win! ကိုရော Win နဲ့ ခင်နေတယ်
Mean-အင်းလေ ကို..
Plan-ကို!! ကျွန်တော့်နာမည်နဲ့ ကိုနဲ့ ကျွန်တော် ပတ်သက်မှုကို သူ့ကို လုံးဝ မပြောမိပါစေနဲ့ ကျွန်တော် နက်ဖြန်လာရင် ရှင်းပြမယ် နော် နော်လို့
Mean-အင်းပါ ဒါဆို ကို ဖုန်းချလိုက်တော့မယ်နော်
Plan-ဟုတ်
Mean ဖုန်းချပြီးတော့
Win-ကောင်မလေးနဲ့ တူတယ်
Mean-ဆိုပါတော့ ဒါနဲ့ ဘာကိစ္စများလဲ
Win-ဒီရက်ပိုင်း ခေါင်းနည်းနည်းကိုက်နေလို့ တစ်ချက်လောက် စစ်ပေးလို့ရမလား
Mean-ဒါဆို ဓာတ်မှန်လေး တစ်ချက်လောက် ရိုက်ကြည့်လိုက်ပါလား ဦးခေါင်းပိုင်းဆိုတော့ မပေါ့စေချင်လို့ပါ
Win-ကောင်းသလိုလုပ်ပါ
Mean Nurse တစ်ယောက်ခေါ်ပြီး Win ကို ဓာတ်မှန်ရိုက်ပေးဖို့ ခိုင်းလိုက်တယ်
Win ထွက်သွားတော့ စောစောက Plan ပြောတာကို Mean စဉ်းစားနေမိတယ်။
#ဘာတွေလဲ baby က Win နဲ့ဘယ်လိုတွေ ပတ်သက်နေတာလဲ ပြီးတော့ ငါတို့ ပတ်ဝန်းကျင်က လူတိုင်းနဲ့ Win နဲ့က ဘာလို့ အားလုံး ဆက်နွယ်နေကြတာလဲ Win က ဘယ်လိုလူလဲ သူပြောတဲ့အတိုင်း ကယ်တင်ရှင်ပဲလား ဒါမှမဟုတ် ငါတွေးသလိုများ ဖြစ်နေခဲ့ရင် ဟူး.. ဘာပဲဖြစ်ဖြစ် သူ့အကြောင်းတော့ သေချာစုံစမ်းသင့်တယ်လို့ ထင်တယ် စုံစမ်းတာ မမှားပါဘူး#
Plan-မမ သားတို့ အမြန်လှုပ်ရှားမှ ဖြစ်လိမ့်မယ် သူက Perth နဲ့ ပတ်သက်သူအားလုံးနဲ့ ခင်အောင်လုပ်ထားတာ
Dao-မမတို့ မားကိုပြောရအောင် လူကြီးဆိုတော့ ပိုပြီး ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ မမထင်တယ်
Plan-သားလည်း အဲ့လိုပဲ တွေးတယ်
Dao-ဒါဆို သွားရအောင်
Plan-ဟုတ်မမ
~~~
Plan တို့ ပြောပြမှုကြောင့် Lai အဖြစ်အပျက် အားလုံးကို သိသွားတယ်။
Lai-မဖြစ်ဘူး မားတို့ Perth ကို ကယ်မှ ရမယ် သားငယ် အသက်ရှင်နေသေးတာသိရတော့ မားပျော်တယ် အဲ့တော့ နောက်ထပ် သားငယ်တစ်ယောက်ကိုလည်း မား ကယ်ရမယ် သားတို့ အိမ်မှာ ခဏနေခဲ့ မား Perth တို့ဆီ လိုက်သွားလိုက်ဦးမယ်
Plan & Dao-ဟုတ် မား
~~~
Perth-ကိုကို
Saint-ရောက်လာပြီလား လာထိုင်ဦး ဝမ်းသာစရာ ပြောစရာရှိလို့ ကလေးကို ခေါ်လိုက်တာ
Perth-ဘာများလဲ ကိုကို
Saint- Mean ကို ခဏစောင့်ရအောင် ပြီးရင် ပြောပြမယ်
Perth-ဟုတ်
Mean- Saint ငါ့ကို ခေါ်တယ်ဆို
Saint-ဟုတ်တယ် လာ သွားရအောင်
Perth-ဘယ်ကိုလဲကိုကို
Saint-လောလှချည်လား ကလေးရဲ့ သိရမှာပေါ့ လာ
မင်းလဲ လိုက်ခဲ့
ကိုကို လက်ဆွဲခေါ်သွားရာနောက်ကို ကျွန်တော်လိုက်သွားလိုက်တယ်။ ခဏကြာတော့ ကိုကို အခန်းတစ်ခန်းထဲကို ဆွဲခေါ်သွားတယ်။ အဲ့အခန်းကတော့ တစ်ခြားအခန်း မဟုတ်ဘူး ။ Tam ရဲ့ အခန်းပါ။
Saint-ညီ
Tam-ကိုကို .. Perth P’ Mean
Mean-ဟင် Tam မှတ်မိနေတယ်
Saint-အင်း ငါလည်း စောစောကမှ သိတာ ညီက ရုတ်တရက် Perth ကို ထမေးတယ်လေ အဲ့ဒါနဲ့ ငါလည်း မေးကြည့်တော့ ညီက အတိတ်က အကြောင်းအရာ အားလုံးကို မှတ်မိနေပြီလေ
Mean-ဒါဆို Tam P’ မေးမယ်နော်
Tam-ဟုတ်
Mean- Win ကိုသိလား
Tam-သိတာပေါ့ သိပ်သိတာပေါ့ ကျွန်တော်တို့ပေါ် ကယ်တင်ရှင်လူကောင်းအနေနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ထားပြီး ကျွန်တော့်ဘဝကို ပျက်အောင် ဖျက်ခဲ့သူပဲ သိတာပေါ့
Saint-ဘယ်လို ညီ ဘာကို ပြောချင်တာလဲ
Tam-သားကို ဒီလိုဖြစ်အောင် Win က စေခိုင်းခဲ့တာ
Perth-ဘယ်လို!?
Tam- Perth မင်း Win ကို လူကောင်းတစ်ယောက်လို့ ထင်နေတာကို ငါသိတယ် ဒါပေမယ့် Win က လူကောင်းမဟုတ်ဘူး ငါပြောတာကို ယုံ နော်
Nurse-Dr. Saint ဧည့်သည်ရောက်နေတယ်
Saint-ဘယ်သူများလဲ
Nurse- Lai လို့ပြောပါတယ် Dr.
Perth-မား?
Saint-ဒီမှာ ခဏနေခဲ့ကြဦး ငါသွားတွေ့လိုက်ဦးမယ်
Mean-ငါလိုက်ခဲ့မယ်
Saint-အင်း ကလေး ညီနဲ့ စကားပြောနေလိုက်ဦးနော် ကိုကိုပြန်လာခဲ့မယ် ညီ ခဏနော်
Tam ခေါင်းလေး ငြိမ့်ပြသလို Perthလည်း ငြိမ့်ပြလိုက်တယ်။ Saint နဲ့ Mean လည်း ဧည့်တွေ့ဌာနကို လာခဲ့လိုက်တယ်။
Lai- Perth ရော
Saint-နေမကောင်းလို့ အိမ်မှာ ကျန်ခဲ့တယ်
Lai-အန်တီ သားတို့ အိမ်ရောက်ခဲ့ပါပြီ
Mean-အန်တီ ပြောစရာရှိတာလေး ပြောပါ့လား ကျွန်တော်တို့ လူနာ ကြည့်ဖို့ရှိသေးလို့ပါ
Lai-မနက်ဖြန် Perth ကို လာခေါ်မယ့်အကြောင်း လာပြောတာပါ သူ့အသက်အန္တရာယ်ရှိနေတာမို့ အန်တီ ကာကွယ်ပေးရလိမ့်မယ် နက်ဖြန်လာခေါ်ရင်း အကြောင်း အရင်း အကုန်ကို ပြောပြပါ့မယ် ခုတော့ ဒီလောက်ပဲ သိထားပေးပါ နက်ဖြန် Perth ကို အဆင်သင့် လုပ်ခိုင်းထားပေးပါ
Mean-ကျွန်တော်တို့ အကြောင်းအရင်းကို နားထောင်ပြီးရင် ပြန်ထည့်သင့် မထည့်သင့် စဉ်းစားပေးပါ့မယ် အခုတော့ ခွင့်ပြုပါဦး
Lai-နက်ဖြန်ကျရင် မင်းတို့ အကြောင်းစုံသိရမှာပါ တစ်ခုပဲ အချစ်တွက်တော့ မိုက်ရူးရဲ မဆန်ဖို့ဘဲ အန်တီပြောချင်တယ်
Lai လည်း ပြောပြီးတာနဲ့ လှည့်ထွက် ပြန်လာခဲ့တယ်။
Saint- Mean…
Mean- ငါ ဖြေရှင်းပါ့မယ် ဘာမှ မစိုးရိမ်နဲ့ ဟုတ်ပြီလား Perth ကိုတော့ ဘာမှ မပြောနဲ့ဦးနော်
~~~
-နက်ဖြန်ညကျရင် အားလုံးကို မီးရှို့ ပစ်လိုက်
Part 17 End
2019 August 24
Author by Thae Thae
ESTÁS LEYENDO
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)