My Doctor 20💓

1.3K 104 13
                                    

ဒေါက် ဒေါက် ဒေါက်(တံခါးခေါက်သံ)
Zan-P’ kha
-ဝင်ခဲ့လေ Zan
Zan-သက်သာရဲ့လား P’
-အင်း ဒါနဲ့ Zan ပြောစရာရှိနေတယ်မလား
Zan-ဟုတ် P’ ကို မေးစရာလေး ရှိလို့
-မေးလေ
Zan-ဟိုလေ မြင်မြင်ချင်း အချစ်ဆိုတာကို P’ ယုံလား
-အချစ်က အမျိုးအစားတွေ ကွဲပြားရင် ကွဲပြားလိမ့်မယ် ဒါပေမယ့် ကိုယ့်နှလုံးသားက အချက်ပေးလိုက်တယ်ဆိုရင်တော့ အဲ့ဒါ အချစ်ဘဲ အချစ်တိုင်းကိုလဲ P’ ယုံတယ်
Zan-အန်…ပြီးတော့လေ လိင်တူချင်းချစ်တာကိုရော
-အချစ်က အချစ်ပဲလေ ဘာလို့ gender ခွဲနေဦးမှာလဲ ကျန်တဲ့သူတွေ ဘယ်လို တွေးလဲတော့ P’ မသိဘူး P’ အနေကတော့ အချစ်တစ်ခုကို အချစ်တစ်ခုလိုဘဲ လက်ခံတယ်
Zan- Zanလေ တစ်စုံတစ်ယောက်ကို ရင်ခုန်မိနေပြီနဲ့ တူတယ်
-တစ်စုံတစ်ယောက်ကို ? ဘယ်သူများလဲ
Zan- Zan မနက်က ဖေဖေ မေမေတို့ဆီသွားတော့ တွေ့လာခဲ့တာ သူနာမည်က Saint တဲ့ Zan ထက်တော့ အသက်ကြီးမယ်ထင်တယ် ချောလဲ ချောတယ်
- P’ Saint!
Zan- P’ သိလို့လား
-သိတာပေါ့ သိပ်သိတာပေါ့ # P’ ရဲ့ နှလုံးသား တစ်ခုလုံးမို့ သိပ်သိတာပေါ့ Zan  ရယ်#
Time of back
Perth
အိမ်မီးလောင်နေတော့ ကျွန်တော် ထွက်ဖို့ ကြိုးစားခဲ့တယ် ဒါပေမယ့် လူနှစ်ယောက်က ကျွန်တော့်ကို ချုပ်ထားတယ် ဘယ်သူတွေမှန်းလဲ ကျွန်တော် မသိဘူး ကြောက်လည်း အရမ်းကြောက်မိတယ် ကျွန်တော် ဒီချိန်မှာ တမ်းတမိသူက တစ်ယောက်တည်းပဲ အဲ့ဒီလူက P’ Saint ။ Saint ဆိုတဲ့ နာမည်လေးကို တွေးလိုက်တာနဲ့ ကျွန်တော် အင်အားတွေ ပြည့်သွားတယ်လို့ ခံစားရတယ် ကျွန်တော်လည်း အားကုန်သုံးပြီး အဲ့လူနှစ်ယောက်ကို တိုက်ခိုက်ခဲ့တယ် ။ လက်ထဲက လွတ်တာနဲ့ နောက်ဖေးက ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ တကယ်လည်း ထွက်လို့ ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်တွက် ကံကြမ္မာက ရက်စက်ခဲ့တယ်။ ကျွန်တော် အိမ်နောက်က ထွက်လာပြီး လမ်းသွယ်တစ်ခုကို ဝင်လိုက်လိုက်ချင်း ကားတစ်စီးနဲ့ ကျွန်တော် တိုက်မိခဲ့ပြီး သတိမေ့ခဲ့တယ်။ ကျွန်တော် ပြန်သတိရလာတော့ ဆေးရုံတစ်ခုကို ရောက်နေတယ်။ ကျွန်တော်ဘေးမှာလဲ ကျွန်တော် မသိတဲ့ ကောင်လေးတစ်ယောက်နဲ့ ဦးလေးကြီး တစ်ယောက် ရှိနေတယ်။
Zan- P’ သတိရလာပြီလား ဦးလေး Kim ဆရာဝန်ခေါ်လိုက်ပါဦး ဒီက P’ သတိရလာပြီလို့
Kim-အေး အေး ခဏနေဦးနော် Zan
Zan-ဟုတ်
Perth- P’ ဘယ်ရောက်နေတာလဲ ဒီက N’ က
Zan- Zanပါ Zanတို့ကားနဲ့ တိုက်မိလို့ P’ ကို ဆေးရုံခေါ်လာပေးတာ တိုက်မိတယ်ဆိုတာကလည်း P’ က ကျွန်တော်တို့ ကားရှေ့ ရုတ်တရက် ရောက်လာခဲ့တာပါ အဲ့ဒါကြောင့်
Perth-အင်း ရပါပြီ ရှင်းပြစရာ မလိုပါဘူး
Zan-အာ doctor လာပြီ ကြည့်ပေးပါဦး doctor
doctorလည်း စမ်းသပ်မှုတွေ လုပ်ပေးတယ်။
doctor-ဒါလက်ဘယ်နှချောင်းလဲမြင်ရလား
Perth-ဟုတ် ၃ ချောင်းပါ doctor
doctor-ဟုတ်ပြီ ခေါင်းတွေ ဘာတွေရောကိုက်တာ ရှိသေးလား
Perth-အဲ့လိုတော့ မရှိပါဘူး
doctor-ဒါဆို လက်လေးလှုပ်ကြည့်ပါ
Perth-ရပါတယ် doctor
doctor-ကျွန်တော့်လက်ကို စုတ်ကိုင်ကြည့်ပေးပါ
Perth လဲ doctor ပြောတဲ့အတိုင်း လုပ်လိုက်တယ်
doctor-ဒါဆို ခြေထောက်လေး လှုပ်ရှားကြည့်ရအောင်
Perth လဲ ခြေထောက်ကို လှုပ်ရှားကြည့်ဖို့ လုပ်ကြည့်တယ် ဒါပေမယ့် လှုပ်လို့ မရခဲ့ဘူး
Perth-လှုပ်လို့ မ..မရဘူး doctor ဘာဖြစ်လို့လဲ!
doctor-စိတ်အေးအေးထားပါ accident ကြောင့် ခြေထောက်ထိသွားတာပါ သေချာတော့ စမ်းသပ်မှုလုပ်ရမယ် ခဏနေ ECG ရိုက်ပါမယ် ခုတော့ ခဏ နားလိုက်ပါဦးနော် ဆေးသွင်းထားတာ ကုန်အောင်ထိ နေရမှာဆိုတော့ ခဏ အိပ်ရင်လည်း အိပ်လိုက်ပါ
Perth-ကျွန်တော့် ခြေထောက်တွေ ပြန်ကောင်းနိုင်ပါတယ်နော် doctor
doctor-ဖြေလွှာထွက်လာမှ အခြေအနေ သိနိုင်ပါမယ်
doctor ထွက်သွာတော့ ကျွန်တော် ရင်တွေ တအားပူမိတယ် တကယ်လို့များ စမ်းသပ်ပြီးသွားလို့ ခြေထောက်တွေ ပြန်မကောင်း နိုင်တော့ဘူးဆိုရင်…ကျွန်တော် ကျွန်တော် ဒုက္ခိတ ဖြစ်သွားမှာလား ကိုကို့ဆီကို ကျွန်တော် ဘယ်လိုပြန်ရမလဲ ပြီးတော့ ကျွန်တော်သာ တကယ် ဒုက္ခိတ ဖြစ်သွားရင် ကိုကိုနဲ့ ကျွန်တော်က တန်ပါ့တော့မလား ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော် ဒီလို ဖြစ်လို့ မရဘူးလေ
Zan-စိတ်မပူပါနဲ့နော် ကောင်းသွားမှာပါ ခဏတစ်ဖြုတ် ဖြစ်တာနေမှာပါ
#ဒီကောင်လေး ပြောသလိုဘဲ ဖြစ်ချင်မိပါတယ် အဆိုးဆုံး အခြေအနေဆိုတာကို ကျွန်တော် မတွေးရဲဘူး#
တခဏကြာတော့ ECG ရိုက်ဖို့လုပ်တယ် ။ ရိုက်ပြီးတော့ နောက်မိနစ် ၃၀ လောက်ကြာရင် အဖြေထွက်မယ်တဲ့။ ဒီချိန် ကိုကိုသာ ဘေးမှာရှိရင် သိပ်ကောင်းမှာပဲ။ ကျွန်တော့် စိုးရိမ်မှုတွေ တစ်ဝက်လောက်သက်သာမယ် ထင်တယ်။
အဖြေထွက်လာတော့ doctor က စစ်ဆေးချက်အဖြေကို ယူပြီး အခန်းထဲ လာခဲ့တယ်။
Perth-အခြေအနေ ဘယ်လိုရှိလဲ doctor
doctor-ဒီက လူနာရှင်တွေလား မသိဘူး
Kim-ကျွန်တော်တို့ ကားနဲ့ ဖြစ်တာမို့ ဆေးရုံလာပို့ပေးတာပါ ဆွေမျိုးတော်စပ်မှုမျိုးတော့ မဟုတ်ပါဘူး ဆရာ
doctor-အော် ဟုတ်ကဲ့ သဘောပေါက်ပါပြီ ဒီက ညီကရော ဆက်သွယ်ရမယ့် မိသားစုရှိလား
Perth-ကျွန်တော်တို့အိမ် မီးလောင်သွားလို့ မိသားစုတွေ ပါသွားပါတယ်
doctor-ဒါဆိုရင်တော့ ညီ့ကိုဘဲ တိုက်ရိုက်ပြောရတော့မှာပဲ
Perth-ဟုတ်ပြောပါ doctor ကျွန်တော် ခံနိုင်ရည်ရှိပါတယ်
doctor-accident ကြောင့် ခါးက အာရုံကြောကို ထိသွားတာပါ ဒါကြောင့် ခြေထောက်တွေ လှုပ်ရှားလို့ မရတာပါ
Perth-ဒီလိုဖြစ်တာက ဘယ်လောက်ထိကြာနိုင်လဲ doctor
doctor-တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး တစ်ချို့က ၃ လ တစ်ချို့က ၁ နှစ် တစ်ချို့ကတော့ အချိန်တော်တော်ကြာကြာထိ ဖြစ်နိုင်ပါတယ်
Perth-ကျွန်တော်ကရော
doctor- ကျွန်တော်ပေးတဲ့ဆေးကို သေချာသောက်ပါ လေ့ကျင့်ခန်းလည်း ပုံမှန် လာလုပ်ပေးပါ လျှပ်စစ်ကုထုံးလည်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုနိုင်သလောက် တိုနိုင်ပါတယ်
Perth-ဟုတ်ကဲ့ပါ
Zan-စိတ်ချပါ Zan အာလုံးကို တာဝန်ယူတယ် P’ ခြေထောက်ပြန်ကောင်းတဲ့ထိ အကောင်းဆုံးနည်းတွေနဲ့ ကုပေးပါ ဆေးကုသစားရိတ်ကို Zan ပေးမယ်
Perth- N’..
Zan- P’ ဘာမှ မပြောပါနဲ့ Zan တာဝန်ရှိတဲ့အတိုင်း လုပ်တာပါ ဒါတွေက Zan တို့ကြောင့် ဖြစ်ရတာလေ
Perth- N’ကြောင့် မဟုတ်ပါဘူး
Zan- Zan တို့ ဘာဆက်လုပ်ဖို့လိုလဲ doctor ကုထုံးတွေ ဘယ်တော့စမလဲ
doctor-ဖြစ်နိုင်ရင် နောက်တစ်ပါတ်လောက် စစေချင်တယ် ဖြစ်ခါစမှာ ကုတာဆိုတော့ ပိုပြီးတော့ မြန်မြန်ပျောက်စေနိုင်တယ်လေ
Zan-ခုရော ဘာတွေ ထပ်လိုသေးလဲ doctor
doctor-ခုကတော့ ဆေးရုံက ဆင်းချင်ရင် ရပါပြီ လာမယ့် အင်္ဂါကစပြီး ကုထုံးစကြည့်တာပေါ့
Zan-ကောင်းပါပြီ doctor နောက်တစ်ပါတ် Zan တို့ လာခဲ့ပါမယ်
ဦးလေး Kim P’ ကို ကားပေါ်ခေါ်ဖို့ ကူညီပေးပါဦး
Perth #ကျွန်တော့်အပြောတောင်မစောင့်ဘဲ သူပြောချင်ရာပြောပြီး ကျွန်တော့်ကို ခေါ်သွားဖို့ ပြင်နေတဲ့ Zan  ဆိုတဲ့ ကောင်လေးကြောင့် ကျွန်တော်ပြုံးမိပါတယ် ရုပ်ကလေးအတိုင်း စိတ်သဘောထားလေးကလည်း ကလေးတစ်ယောက်လို ဖြူစင်တယ် စကားပြောရင် လူကို စိုက်ကြည့်ပြီး ပြောတတ်တာမို့ စိုက်ကြည့်နေတဲ့မျက်လုံးလေးတွေကို ကြည့်မိတော့ သမင်မျက်လုံးလေးတွေလို လှပြီး ကြည့်လဲ့နေတာလေးကို သတိထားမိတယ် ပြီးတော့ နောက်တစ်ချက်က ကိုကို့လိုဘဲ အသားလေးက ဖြူအုနေတာ#
ကျွန်တော့်ကို သူ့အိမ်လို့ ထင်ရတဲ့ အိမ်တစ်ခုကို ခေါ်သွားတယ်
Zan- P’ ဒီအောက်ထပ်က အခန်းမှာပဲ နေလိုက်နော် အပေါ်ထပ်ဆို P’ သွားရလာရခက်နေမှာဆိုးလို့ ပြီးတော့ တစ်ခုခုဆို ဒီ ခလုတ်လေးကို နှိပ်ခေါ်လိုက် ဒါဆို ဦးလေး Kim ရောက်လာလိမ့်မယ် ဒီအိမ်မှာက Zan ရယ် ဦးလေး Kim ရယ်ဘဲ ရှိတာ ကျန်တဲ့အလုပ်သမားတွေကတော့ နေ့ခင်းဘက်ပဲ ရှိမှာ ညနေ ၆ နာရီဆို အားလုံး ပြန်ပြီ
Perth- N’ ရဲ့ မိဘတွေကရော
Zan- Zan ဖေဖေ မေမေက ကောင်းကင်ပေါ်မှာ
Perth-အာ..sorry နော်
Zan-ရပါတယ် P’ ကလည်း ဒါဆို P’ လည်း နားဦးလေ Zan လည်း ရေသွားချိုးလိုက်ဦးမယ် Zan ပြီးမှ ရေပတ်လာတိုက်ပေးမယ်နော်
Perth- P’ ကြောင့် အလုပ်တွေ ပိုကုန်ပြီမလား
Zan-ဟင့်အင်း မပိုပါဘူး Zan ပျော်ပါတယ်… ဟို ပျော်တယ်ဆိုတာက P’ ဒီအိမ်ကို ရောက်လာလို့ P’ နဲ့ ဆုံခွင့်ရလို့ အစ်ကိုတစ်ယောက် ရသလိုဖြစ်တာမို့
စကားမှားတယ်ထင်ပြီး အကြောင်းပြချက်တွေနဲ့ ရှင်းပြနေတဲ့ Zan ကို ကြည့်ပြီး ကျွန်တော် တစ်ချက်ရယ်လိုက်မိတယ်
Perth- P’ နားလည်ပါတယ် အဲ့လောက်ကြီး ရှင်းပြစရာ မလိုပါဘူးး
Zan-ဟုတ် ဒါဆို Zan ခဏသွားဦးမယ်နော်
Perth-ကောင်းပါပြီဗျာ
Zan ထွက်သွားမှ ကျွန်တော် စဉ်းစားခန်း ဝင်မိတယ်
ဒီချိန် ကိုကိုဘာလုပ်နေမလဲ ကျွန်တော်ပျောက်လို့ လိုက်ရှာနေမလား ကျွန်တော့်တွက် စိတ်ပူနေမလား ကျွန်တော် ကိုကို့ကို ဆက်သွယ်သင့်လား။ ဒါမှ မဟုတ် မဆက်သွယ်ဘဲ နေရမလား။ ကျွန်တော် ရှေ့ဆက်ရမယ့် လမ်းတွေ ပျောက်ဆုံးနေတယ်။ ဘာကို ဘယ်လို ဆက်လုပ်ရမလဲ မစဉ်းစားတတ်တော့ဘူး။ Zanတို့ဆီမှာပဲ နေပြီး ကုထုံးကုပြီး ပျောက်တဲ့အထိနေရမလား ဒါမှမဟုတ် ကိုကို့ဆီ ပြန်ရမလား။ ဟင့်အင်း ကိုကို့ဆီကိုတော့ ဒီလို ပုံကြီးနဲ့ မပြန်ချင်ပါဘူး။ ကျွန်တော် ဒီလို ဖြစ်သွားတာ သိရင် ကိုကို ကျွန်တော်ကို ဆက်လက်ခံနိုင်ပါ့မလား။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကရော ပြောင်းလဲသွားမလား။ မဟုတ်ဘူး ကိုကိုက မပြောင်းလဲရင်တောင် အရင်ကတည်း gender တူချင်း ကြိုက်ထားတာမို့ လူတွေကို ထုတ်မပြောသေးတာ ကျွန်တော် ဒီလိုဆိုရင် လူတွေက ကိုကို့ကို ပိုပြောကြမှာပေါ့ ။ ကိုကိုက ကျွန်တော့်တွက်နဲ့ ကျွန်တော့်တွက်နဲ့…
စဉ်းစားနေရင်းနဲ့ မျက်ရည်တွေက စီးကျလာခဲ့တယ်။
ကိုကို့ကိုလည်း ကျွန်တော် မခွဲနိုင်သလို ကိုကို့ကိုလဲ ဒီလို အခြေအနေမျိုးကြီးနဲ့ မတွေ့ချင်ဘူး။ ကျွန်တော်ဘာဆက်လုပ်ရလဲ
Zan- P’ Zan ဝင်လာခဲ့မယ်နော်
Perth-အော် အင်း အင်း
အတွေးတွေရပ် မျက်ရည်တွေကို လက်ခုံနဲ့ ပွတ်သုတ်လိုက်တယ်။
Zan- P’ Zan ရေပတ်တိုက်ပေးမယ်နော်
Zan ကျွန်တော် အင်္ကျီကို ချွတ်ပြီး သေချာ ရေပတ်လေး တိုက်ပေးတယ်
Zan-ဟင်
Perth-ဘာလို့လဲ N’
Zan-ဘာမှ မဟုတ်ပါဘူး
Zan # P’ ရဲ့ နောက်ကျောမှာ ဘာလို့ မီးပူဒဏ်ရာရှိနေရတာလဲ မဟုတ်မှ လွဲရော P’  က နှိက်စက်ခံရလို့ ထွက်ပြေးလာတာများလား#
Zan-ပြီးပြီ P’ နားလိုက်ဦးနော် လိုတာရှိရင် ခေါ်လိုက်နော်
Perthခေါင်းငြိမ့်ပြလိုက်တယ်
Zan လည်း ရေပတ်ဝတ်တွေသိမ်းပြီး ပြန်ထွက်ခဲ့တယ်
#နောက်နေ့ကျရင်တော့ P’  အကြောင်းတွေ မေးကြည့်ဦးမှပါ#

Part 20 End

15September 2019

author by Thae Thae

My doctor(ကျွန်​တော့်ရဲ့​ဒေါက်တာကိုကို)Completed(Zaw&Uni)حيث تعيش القصص. اكتشف الآن