Zan တစ်ယောက် အခန်းကို ပြန်လာခဲ့တယ်။ စိတ်တွေလဲ ရှုတ်ထွေးနေခဲ့တယ်။ P’ Perth ပြောတဲ့ ဝယ်တယ် ဆိုတဲ့ စကားက နားထဲမှာ အထပ်ထပ်ကြားနေမိတယ်။ ခင်ဗျားကို ဘယ်လိုလူလဲ ဆိုတာ စဉ်းစားရ ကြပ်စေတယ်။
#ဝယ်တယ် ပြီးတော့ ချုပ်ချယ်တယ် ဒါဆို ခင်ဗျားက P’ Perth ကို ဘယ်လိုအနေနဲ့ ထားတာလဲ ညီတစ်ယောက်အနေနဲ့လား ဒါမှ မဟုတ် ဘယ်လို အနေအထားမျိုးနဲ့လဲ #
Zan စဉ်စားနေရင်း တစ်ခုခုကို သတိရလာတာကြောင့် အောက်ထပ်ကို ပြန်ဆင်းပြီး Perth ဆီကို လာခဲ့တယ်။
Zan- P’ Perth Zan မေးစရာ ကျန်သေးလို့ ဝင်လာလို့ ရဦးမလား
Perth-ဝင်ခဲ့လေ Zan
Zan အခန်းထဲကို ဝင်လာပြီး
Zan- P’ P’နဲ့ P’ Saint နဲ့ ဘာမှ မပတ်သက်တာ သေချာလား
Perth-အင်း
Zan-ဒါဆို P’ Saint ဘယ်မှာနေလဲ ဆိုတာရော P’ သိလား
Perth-အင်း သိတယ်
Zan-ဒါဆို Zan ကို ပြောပြပါလား Zan သွားတွေ့ချင်လို့
Perth-ပြောပြတာက ရပါတယ် ဒါပေမယ့် Zan P’ကို တစ်ခုတော့ ကတိပေးရမယ်
Zan-ဘာများလဲ P’
Perth- P’ အကြောင်းကို P’ Saint ကို လုံးဝမပြောပါဘူးလို့
Zan-ကောင်းပါပြီ Zan ကတိပေးတယ်
Zan ဆီက ကတိရပြီးနောက် Perth လည်း Saint ရဲ့ ဆေးရုံ လိပ်စာကို ပေးလိုက်တယ်။
Zan လည်း လိပ်စာရပြီးတော့ Perthကို နှုတ်ဆက်ပြီး အခန်းဆီ ပြန်ခဲ့တယ်။
အခန်းထဲ ရောက်တော့
Zan-ခင်ဗျားက Doctor တဲ့လား ဒါဆို P’ Perth ကို ဘာလို့ ဝယ်ရတာလဲ ဒီလိုကိစ္စတွေက Doctor တွေဆီမှာ ရှိနိုင်လို့လား
တော်ပြီ မစဉ်းစားတော့ဘူး နက်ဖြန် ခင်ဗျားကို တွေ့မှပဲ မေးတော့မယ်
Goodnight ပါ ခင်ဗျားရေ နက်ဖြန်တော့ ခင်ဗျားကို တွေ့ကောင်းပါရဲ့နော် ပြီးတော့ Zan လိုချင်တဲ့ အဖြေမျိုးလည်း ဖြစ်ပါစေနော်
………
ညလယ်လောက်ရောက်တော့ Zan အိမ်မက်ဆိုးကနေ လန့်နိုးလာခဲ့တယ်။
အိမ်မက်ထဲမှာ Perthနဲ့ Saint နဲ့က မလွှတ်တမ်း ဖက်ထားကြပြီး သူ့ကို Saint က တွန်းထုတ်လိုက်တာကြောင့် ချောက်အနက်ကြီးထဲကို ပြုတ်ကျတယ်လို့ မက်ခဲ့တယ်။ အဲ့ဒါကြောင့် ချွေးတွေ ရွှဲစိုပြီး အိမ်ရာက လန့်နိုးခဲ့တယ်။
Zan-ငါ စိတ်ဆွဲနေလို့များလား မြန်မြန်မိုးလင်းပါတော့ကွာ ငါ့ခံစားချက်တွေ နယ်မကျွံခင် နောက်ဆုတ်သင့်ရင် နောက်ဆုတ်လို့ ရအောင်လို့ပါ တကယ်လို့ အိမ်မက်တိုင်းသာ ဖြစ်ခဲ့ရင် ခံနိုင်ရည်ရှိဖို့ ခုချိန်မှာသာ ကြိုးစားနိုင်မှာ မို့လိုပဲ ဒါပေမယ့် မသိစိတ်က ဆုတောင်းမိတယ် ခင်ဗျားရယ် P’ Perth ပြောသလို ခင်ဗျားနဲ့ P’ Perth နဲ့ ကျန်တဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်မှု မရှိပါစေနဲ့လို့ပေါ့
Zan ပြန်အိပ်ဖို့ ကြိုးစားပေမယ့် အိပ်မပျော်ခဲ့ဘူး မနက်မိုးလင်းဖို့သာ ကုတင်ပေါ်မှာ ထိုင်စောင့်နေမိတယ်။ မနက် ၆ နာရီထိုးတော့ Perth ညွှန်းတဲ့ ဆေးရုံကို သွားဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီလေ။
လှုပ်ရှားနေတဲ့ စိတ်တွေကို ထိန်းချုပ်ပြီး ဆေးရုံကို ကားမောင်း ထွက်လာခဲ့တယ်။
ဆေးရုံ ကားပါကင်မှာ ကားကို ထိုးပြီး ဆေးရုံထဲ လာခဲ့တယ်။ ဆေးရုံ ဝင်ပေါက် ရောက်ခါနီး လူတစ်ယောက်နဲ့ ဝင်တိုက်တော့ လူက ဖင်ထိုင်ရက် ပြုတ်ကျသွားတယ်
Win-ရရဲ့လား ကလေး အစ်ကို ထူပေးမယ်နော် အစ်ကိုဖုန်းကြည့်နေတာနဲ့ မမြင်လိုက်ဘူး ဖြစ်သွားတယ်
ဝင်တိုက်လို့ လဲသွားတာကြောင့် ဒေါသမထွက်ပေမယ့် ခေါ်လိုက်တဲ့ အသုံးအနှုန်းကြောင့် ဒေါသက အထောင်းလိုက် ထွက်သွားတယ်။
Zan-နောက်တစ်ခါဆို ကြည့်သွားပေါ့ ဒီနေရာမှာ လူနာတစ်ယောက်သာဆို ဘယ်လိုလုပ်မလဲ
Win-အိုး စွာတေးလေးပါလား အစ်ကို တကယ်မမြင်လိုက်လို့ပါ ပြီးတော့ ကလေးက လူနာတစ်ယောက်လိုပဲ အားက နဲတာကို အစ်ကိုက ကလေးကို လူနာလို့တောင် ထင်နေတာ
Zan-ဘယ်မှာ အားနည်းနေလို့လဲ ပြီးတော့ အဲ့ ကလေး ကလေးဆိုတာကြီး မခေါ်နဲ့ Zan ကလေးမဟုတ်ဘူး
Win-နာမည်က Zan တဲ့လား
Zan-မင်း သိစရာမလိုပါဘူး
ပြောပြီးတာနဲ့ လူကို ပခုံးတိုက်ပြီး ထွက်သွားတဲ့ Zanကို ကြည့်ရင်း Win တစ်ယောက် ပြုံးလိုက်မိတယ်။
Win-ချစ်စရာလေး နေပါဦး ငါအခု ယောက်ျားလေးတစ်ယောက်ကို ချစ်စရာလေးလို့ ပြောလိုက်တာလား မင်းရူးနေပြီလား Win ငါတော့ Mean ပေးတဲ့ဆေး တစ်ကြိမ်ပိုသောက်မှ ဖြစ်တော့မယ် ထင်တယ်။
Zan လည်း ဆေးရုံထဲရောက်တော့ ကောင်တာမှာ Saint ကိုမေးကြည့်တော့ ပြောင်းသွားပြီလို့ သိရတော့ စိတ်ဓာတ်ကျသွားတယ်။ ပြီးမှ ဆရာမလေး ညွှန်လိုက်တဲ့ Mean ဆိုတဲ့ ဆရာဝန်တစ်ဦးဆီ လာခဲ့တယ်။ ဆရာမလေးပြောတာတော့ Meanက ခင်ဗျားရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတဲ့
အခန်းရှေ့ရောက်တော့ တံခါးခေါက်ပြီး ဝင်လိုက်တယ်။
Mean-ထိုင်ပါခင်ဗျ ဘာများဖြစ်လို့လဲ
Zan-ဟို Zan ဆေးခန်းလာပြတာ မဟုတ်ဘူး
Mean-ဟင် ဆေးခန်းလာပြတာမဟုတ်ဘူး ဒါဆို..
Zan- Zan P’ Saint ပြောင်းသွားတဲ့ ဆေးရုံလေး သိချင်လို့
Mean- Saintကို သိလို့လား
Zan-ဟုတ်
Mean-ဘယ်လိုသိတာလဲ
Zan-ဖေဖေ မေမေတို့ အုတ်ဂူကို သွားရင်း တွေ့ဖူးတာပါ
Mean- Saintက သင်္ချိုင်းကို ရောက်တယ်
Zan-ဟုတ်ပါတယ် အဲ့တာလေ မေးစရာလေးရှိလို့ သူ့လိပ်စာလေး ပေးလို့ရနိုင်မလား
Mean-မင်းက ဘာကို သိချင်တာလဲ
Zan-အဲ့ဒါက….
Mean-မင်း အစ်ကို့ကို ပြောပြလို့ရပါတယ် Saintက အစ်ကိုရဲ့ အရင်းနှီးဆုံး ဖြစ်သလို Saint ရဲ့ ကိစ္စမှန်သမျှကိုလဲ အစ်ကိုသိတယ်
Zan-ဒါဆို P’ Perthကို သိလား
Mean- Perth!!
Zan-သိလို့လား
Mean-သိတာပေါ့ သူ သူ ဆုံးသွားပြီလေ
Zan- P’ Perth အသက်ရှင်နေသေးတယ်ဆိုရင်ရော
Mean-ဟာ မဖြစ်နိုင်တာ ဒါနောက်ကောင်းတဲ့အရာမဟုတ်ဘူးနော်
Zan- Zan စကားကို နောက်ပြောင်ပြီး မပြောတတ်ဘူး
Mean-ဒါဆို Perth ဘယ်မှာလဲ
Zan-အဲ့ဒါကို ကျွန်တော် ပြောပြနိုင်ပါတယ် ဒါပေမယ့် ကျွန်တော် သိချင်တာကို အရင်ဖြေပေးပါ
Mean-ဘာများလဲ အစ်ကိုသိရင် ဖြေပေးပါ့မယ်
Zan- P’ Perthနဲ့ P’ Saint နဲ့က ဘယ်လို ပတ်သက်မှုမျိုးလဲ
Mean-အလွယ်ဆုံးပြောရမယ်ဆို gender တူ ချစ်သူတွေပါ နောက်ဆုံးအဆင့်ထိ ဖြတ်ကျော်ပြီးကျပြီ
Zan-နောက်ဆုံးအဆင့် Zan နားမလည်ဘူး
Mean-မင်းက ငယ်သေးတော့ ဘယ်နားလည်ပါ့မလဲ အစ်ကိုယောက်ျားလေးချင်းဆိုတော့ သွယ်ဝိုက်မနေတော့ဘူး တည့်ပြောမယ်နော်
Zan-ဟုတ်
Mean-နှစ်ယောက် sex လုပ်ပြီးသွားကြပြီလို့ ပြောတာ
Zan-ဗျာ
Mean-ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း တအားချစ်ကြတယ် ဒါနဲ့ မင်း စောစောက Perth မသေသေးဘူးလို့ ပြောလိုက်တယ်နော် Perth ဘယ်မှာလဲ ဘာလို့ အစ်ကိုတို့ကို လာမတွေ့တာလဲ
Zan- P’ Perthက Zanတို့ဆီမှာပါ အသက်ရှင်လျက် ရှိနေပါတယ် ဒါပေမယ့်
Mean-ဒါပေမယ့် ဘာဖြစ်လဲ
Zan-လောလောဆယ် သူ့ရဲ့…ခြေထောက်တွေက …မလှုပ်ရှားနိုင်သေးဘူး
Mean-ဘယ်လို
Zan-ကုထုံးနဲ့ ကုနေပေမယ့် ခုထိတော့ မထူးခြားလာသေးဘူး
Mean-အစ်ကို Perth နဲ့ တွေ့ချင်တယ်
Zan-တွေ့ချင်ရင်တော့ Zanနဲ့ လိုက်ခဲ့လို့ရပါတယ်
Mean-ဒါဆို အစ်ကို့ကို ခဏစောင့်နော် အစ်ကို duty ချိန်းပြီး လိုက်ခဲ့မယ်
Zan-ဟုတ်
Mean ထွက်သွားပြီးနောက် Zan ထိန်းထားတဲ့ မျက်ရည်တွေကို လွှတ်ချလိုက်မိတယ်။ စိတ်တိုင်းကျ ငိုချလိုက်ပြီးမှ မျက်ရည်များကို သုတ်ကာ ဘာမှ မဖြစ်တဲ့ လူတစ်ယောက်လို ပြန်ထိုင်နေလိုက်တယ်။ တံခါးနောက်က ကြည့်နေတဲ့ မျက်လုံးတစ်စုံကိုတော့ မသိခဲ့ဘူးပေါ့
Win#ဒီကလေးလေး ဘာလို့ ငိုနေပါလိမ့် ဘာရောဂါများ ဖြစ်လို့လဲ ကုလို့ မရနိုင်တော့လို့များလား ဟုတ်မှာပါလေ လူကိုက အားမှ မရှိတာ စောစောက တိုက်မိတာတောင် မိန်းကလေးဆိုရင်တော့ ပစ်လဲမှာ မဟုတ်တာ သူက ပစ်လဲသွားတာကို ဘာရောဂါများပါလိမ့် #
Win တစ်ယောက် ဆေးယူဖို့ မေ့ခဲ့တာကြောင့် Mean ဆီတစ်ခေါက်ပြန်လာရင် အခန်းထဲ ဝင်မယ်လုပ်တော့ အထဲက ငိုနေသံကြားတာနဲ့ မှန်လေးကနေ အထဲကို ချောင်းကြည့်လိုက်တာ စောစောက သူတိုက်မိတဲ့ ကလေးလေးဖြစ်နေတာကြောင့် အထဲမဝင်ဘဲ အပြင်ကနေဘဲ အငိုတိတ်သည်ထိ ငေးကြည့်နေမိတယ်။
Mean- Win ဘာကျန်ခဲ့လို့လဲ
Win-အော် ဟို… ငါ ဆေးယူဖို့ မေ့ခဲ့လို့
Mean-အေး ဟုတ်သားပဲ ငါတောင် စောစောက ဖုန်းဆက်မလို့ ကိစ္စတစ်ခုပေါ်လာတာနဲ့ မဆက်ဖြစ်တာ
Win-အင်းပါ ဒါနဲ့ အထဲက ကလေးက ဘာရောဂါဖြစ်တာလဲ
Mean-ဘယ်က ကလေးလဲ
Win-သူလေ
Win Zanကို လက်ညှိုးထိုးပြလိုက်တယ်
Mean-ကလေးမဟုတ်ပါဘူး ရောဂါလာပြတာလဲ မဟုတ်ဘူး ငါအရေးကြီး ကိစ္စရှိသေးလို့ကွာ ငါ့အံဆွဲထဲမှာ မင်းဆေးတွေရှိတယ် ယူသွားလိုက်နော်
Win-အေး အေး
Mean လည်း Zan နဲ့ လိုက်လာခဲ့လိုက်တယ်။
Zanတို့အိမ်ကိုရောက်တော့ Zanက ဦးဆောင်ပြီး Perth အခန်းထဲကို ဝင်လာခဲ့တယ်
Zan- P’ Perth ဧည့်သည်ပါလာတယ်
Perth-ဧည့်သည် ဘယ်သူ …… P’ Mean
Perth Mean ကို မြင်မြင်ချင်း အံ့သြသွားတယ် ။ Meanကလည်း Perthကို မြင်တာနဲ့ ပြေးဖက်ပြီး မျက်ရည်တွေကျလာခဲ့တယ်
Perth- P’ Mean ကျွန်တော် အသက်ရှုကျပ်တယ်
Mean-အာ sorry ကွာ
Mean လူချင်းခွာပြီးမှ
Mean-ဘာလို့ မဆက်သွယ်တာလဲ Saint ဘယ်လောက်တောင် ခံစားနေရလဲ မင်းသိလား
Perth-ကျွန်တော် ဆက်သွယ်ချင်ပါတယ် ဒါပေမယ့်
Mean-မင်းခြေထောက်တွေ မလှုပ်ရှားနိုင်တော့လို့လား အဲ့ဒါကြောင့်လေးနဲ့ ငါတို့ကို သေလူအဖြစ် မဆက်သွယ်ခဲ့တာလား
Perth-ကျွန်တော် ……
Mean-တော်တော့ ငါ ဘာမှ မကြားချင်ဘူး နက်ဖြန် Saint ဆီကို သွားမယ်
Perth- P’……
Mean-ဘာမှ ထပ်မကြားချင်ဘူး ငါတို့ကို ဒီလောက် စိတ်ပူအောင် လုပ်ရင် ကျေနပ်တော့ Saint ဘယ်လောက်ခံစားနေရလဲ သိလား ပြီးတော့ Tam သူဆို မေ့တောင် လဲခဲ့တာ သူပြန်ကောင်းဖို့ ဘယ်လောက်ကြာခဲ့လဲဆိုတာ မင်းလဲ အသိ တော်သေးတာပေါ့ ပြန်သတိရလာလို့ ခုဆို Saintဆီမှာ အပြုံးဆိုတာကို ငါတို့ မတွေ့ရတော့ဘူး အမြဲတမ်းခံစားချက်မဲ့နေတဲ့ မျက်နှာနဲ့
Perth-ကျွန်တော် ရင်မဆိုင်ရဲခဲ့လို့ပါ
Mean-ရပ်လိုက်တော့ အဲ့အကြောင်းပြချက်အားလုံးကို ရပ်လိုက်တော့ မင်း Saint ကို တကယ်ချစ်တယ်ဆိုရင် နက်ဖြန် ငါနဲ့ လိုက်ခဲ့ အေး ဒါမှမဟုတ် Saintကို ခံစားနေရတာ မြင်ချင်ရင်တော့ မလိုက်ခဲ့နဲ့ပေါ့ မင်းသဘောတိုင်း ဖြစ်စေရမယ် ခုတော့ ငါတစ်ခုပြော ငါ့ကိုတောင် မဆက်သွယ်လို့ ငါ မင်းကို အရမ်းစိတ်ဆိုးတယ်
Perth- P’ Mean…
Mean ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့တယ်။ Zanလည်း အနောက်က ပြေးလိုက်သွားခဲ့တယ်။
Mean-ဒီက Zanနော် အစ်ကို အကူအညီတောင်းပါရစေ နက်ဖြန် Perth အစ်ကိုနဲ့ လိုက်လာအောင် တိုက်တွန်းပေးပါ နော်
Zan-ဟုတ် Zan ပြောပေးပါ့မယ်
Mean-ဒါဆို အစ်ကို့ကို ခွင့်ပြုပါဦး ဆေးရုံပြန်ရမှာမို့ နက်ဖြန်မနက်မှ လာခေါ်မယ် Zanလည်း လိုက်ခဲ့လေ
Zan-အာ.. ဟုတ်..
Mean-ဒါဆို အစ်ကို သွားပြီနော်
Part 22 End
29September 2019
author by Thae Thae
သာသာ နောက်တစ်ပါတ် တင်တာ နားပါမယ်နော် သာသာ အလုပ် project သွားရမှာမို့ပါ ဒါဒါတို့ အားလုံးကို တောင်းပန်ပါတယ်နော်
Zanလေးကိုလည်း အထီးမကျန်စေရပါဘူးနော် ကိုကို Win တစ်ယောက်လုံး ရှိနေပါတယ် လောလောဆယ်တော့ အသဲကွဲခိုင်းထားပါဦးမယ်
![](https://img.wattpad.com/cover/180565802-288-k306536.jpg)
ESTÁS LEYENDO
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)