Zawgyi
.
Perth
မိုးလင်းတာနဲ့ စိတ်ညစ်စရာတွေက ခေါင်းထဲ အစီအရီဝင်လာတယ်။ ဘာလို့ဆို ဒီနေ့ ကိုကိုက ကျွန်တော့်ကို သူပြောထားတဲ့အတိုင်း လုပ်တော့မယ်လေ။ လုပ်လည်းမလုပ်ချင်သလို ကြောက်လည်း ကြောက်တယ်။ ထွက်ပြေးလို့လည်း မဖြစ်နိုင်တော့။ အခန်းထဲက ပြတင်းပေါက်က ကြည့်လိုက်တော့ ခြံထဲမှာ ကိုကို့လူတွေမှ အပြည့်။ ကျွန်တော့်ဘဝတော့ ဒီနေ့ အဆုံးသတ်မယ် ထင်ပါတယ်။
‘ဒေါက် ဒေါက်’(တံခါးခေါက်သံ)
Prum-ငယ်လေး နိုးနေပြီလား
Perth-ဟုတ် ဝင်ခဲ့ပါ ကိုကိုရတယ်
Prum-ငယ်လေးကို ပြောစရာရှိလို့
Perth-ဟုတ် ပြောပါ ကိုကို
Prum-ညနေကျရင် ဆိုင်ကို သွားစရာမလိုတော့ဘူး
Perth-ဗျာတကယ်လား
#ဒါဆို ငါ slave လုပ်စရာ မလိုတော့ဘူးပေါ့#
Prum-ပျော်မသွားနဲ့ဦး ဆိုင်သွားစရာမလိုတော့ဘူးဆိုတာ မင်းကို ကြေးမျာများနဲ့ လာဝယ်တဲ့သူ ရှိသွားလို့
Perth-ဘယ်လို
Prum-ဟုတ်တယ် စောစောကဘဲ ဖုန်းရတယ် ကိုကိုတို့ တောင်းသလောက် သူတို့ပေးတယ် အဲ့ဒါ နှစ်ဖက်အဆင်ပြေတာနဲ့ အရောင်းအဝယ်ဖြစ်သွားတယ် ဆိုပါတော့
Perth-အရောင်းအဝယ်တဲ့လား သားက အရာဝတ္ထုမှ မဟုတ်တာ ဘာလို့ ဒီလို လုပ်တာလဲ သား ကိုကိုတို့အပေါ် ဘာအမှား လုပ်မိလို့လဲ
Prum-ပါးပါးရဲ့ သားဖြစ်နေတာကိုက ငယ်လေး မှားနေတာ ကိုကိုဒေါသ မဖြစ်ချင်ဘူးနော် ရေမိုးချိုး အဝတ်အစားလဲ သူ့ဆီလိုက်ပို့မယ်
အော် အနီရောင်ဝတ်နော် ငယ်လေး master က အနီရောင် ဝတ်ခဲ့ဖို့ မှာထားတယ်။
Perth-ဟုတ်
#ကျွန်တော့်ဘဝကို ကယ်နိုင်မယ့်သူ မရှိတော့ဘူး ထင်ပါတယ် ဘယ်ကမှန်းမသိ ဘယ်သူမှန်း မသိတဲ့သူဆီမှာ slave သွားလုပ်ရမယ်တဲ့လား ငါသတ်သေလိုက်ရင်ရော ဟာ Ai Perth မင်းရူးနေလား မားမားမှာသွားတာ မေ့နေပြီလား ကိုယ့်ကိုကိုယ် သတ်သေတာ လောကမှာ အမှားဆုံး အလုပ်ဘဲတဲ့ မေ့နေပြီလား မင်း ယောက်ျားလေးဘဲ ဒေါင်ကျကျ ပြားကျကျပေါ့#
ကိုယ့်ဘာကိုယ် အားပေးပြီး ရေမိုးချိုးကာ ရှပ်အင်္ကျီလက်တိုအနီလေးနဲ့ ဂျင်းဘောင်းဘီအနက် အပြဲလေးကို တွဲဝတ်လိုက်တယ်။
ပြီးတော့ အိမ်အောက်ထပ်ကို ဆင်းလာခဲ့တယ်။
Lai-သားငယ် နိုးလာပြီလား လာ မနက်စာ လာစား
Perth#ဘာတွေ သဘောလာကောင်းပြနေတာလဲ#
Lai- ဘာရပ်လုပ်နေတာလဲ သားငယ်လေးရဲ့ လာလေ
Dao-လာလေ ငယ်လေး အမယ် အနီတွေ ဘာတွေ ဝတ်လို့ပါလား ငယ်လေး master တွက် ပြင်ထားတာလား
ကျွန်တော် ထမင်း စားပွဲမှာဝင်ထိုင်လိုက်တယ်။
မမပြောမှဘဲ ကိုယ့်ကိုကိုယ် ရယ်ချင်စိတ် ဖြစ်သွားတယ်။ ဘာလို့ဆို ကျွန်တော်က အနက်ရောင်ကြိုက်သူမို့ အမြဲ အမဲရောင်ဘဲ ဝတ်လေ့ရှိတာ အလုပ်ချိန်ကတော့ ချွင်းချက်ပေါ့။ ခုတော့ ကိုယ်မသိတဲ့သူတစ်ယောက်တွက် သူကြိုက်နှစ်သက်တဲ့ အရောင်ကို ဝတ်ထားရတဲ့ အဖြစ်ပေါ့။
Lai-သားငယ် ဟိုရောက်ရင် လိမ်လိမ်မာမာနေနော် ကိုယ့်လူစကားကိုလည်း နားထောင် စကားနားမထောင်လို့ ပစ်ပယ်ခံရရင် အိမ်လည်း ပြန်လာရလိမ့်မယ်လို့ မထင်နဲ့ တခြားကို ထပ်ရောင်းခံရမယ် ကြားလား
Dao-ဒါနဲ့ ကိုကို သူ့ကို ဘယ်နှနှစ်ဝယ်တာတဲ့လဲ
Prum-၃နှစ်
Dao-သူ့ကို မမြင်ဖူးဘဲ ဝယ်တာ ထူးတော့ ထူးဆန်းတယ်နော်
Prum-သူ့အကြိုက်ဆုံး မြို့နာမည်လေးမို့တဲ့
Dao-အော် ဟိဟိ ငယ်လေး အတွေ့အကြုံလေး ပြန်ပြောပြနော်
Prum-ဟဲ့ မိန်းကလေးက မိန်းကလေးလို နေစမ်း ဒါနဲ့ ဟိုနေ့ကတွေ့တဲ့ အကောင်က အရင်က မတွေ့ဖူးပါဘူး
Dao-ဟုတ်တယ် ရေလျှံလို့ ဖမ်းချုပ်ထားလိုက်တာလေ
Prum-မားသမီးတော့ မနိုင်ဘူး
Dao- Dao က ကိုယ်ဘာကိုယ် ထိန်းနိုင်ပါတယ်
Lai-မားသမီးကို မားယုံတယ်
ကျွန်တော် စားချင်စိတ်မရှိလို့ ထသွားမလို့ အလုပ်
Prum-ငယ်လေး ပြီးပြီလား
Perth-ဟုတ်
Prum-အေး အေး ဒါဆို သွားဖို့ အချိန်လိုသေးတော့ အခန်းထဲမှာ နားချင်နားနေလေ ပြီးတော့ အထုတ်အပိုးလည်း ပြင်ထားဦး
Perth-ဟုတ်
ကျွန်တော် လေးပင်သောခြေလှမ်းများနဲ့ ခေါင်း ငိုက်စိုက်ကျကာ အခန်းထဲကို ပြန်လာခဲ့တယ်။
အခန်းထဲ ရောက်မှ ထိန်းထားတဲ့မျက်ရည်တွေကို လွှတ်ချလိုက်မိတယ်။
#မားမား ပါးပါး သားကို မကယ်နိုင်ဘူးလားဟင်#
~~~
Mean-ဟေ့ကောင် ဒီနေ့ မင်း off မလား
Saint-အင်းလေ အာ့ကြောင့် အခု အိမ်ပြန်မလို့လုပ်နေတာ
Mean-ငါ မင်းဟာလေး ဝယ်လို့ရပြီနော် နေ့ခင်းကျ မင်းအိမ်လာပို့လိမ့်မယ် Prum လာပို့မှာ ဆိုတော့ မင်း ထွက်တွေ့လို့ မဖြစ်ဘူး အဲ့ဒါကြောင့် ငါ့ သူငယ်ချင်းတစ်ယောက်ကို မင်းအိမ်ကို လွှတ်လိုက်မယ် သူ့ကို ထွက်ခေါ်ခိုင်းလိုက် ငါ အကျိုးအကြောင်းနည်နည်းလည်း ပြောထားပြီးသား
Saint-အေးပါ ကျေးဇူးပါသားကြီးရာ ငါ့ကြောင့် မင်းလည်း အလုပ်များရပြီ
Mean-အဲ့လို မပြောစမ်းပါနဲ့ကွာ မင်းကိစ္စက ငါ့ကိစ္စဘဲလေ
Saint-ဟုတ်ပါပြီဗျာ ဒါဆိုငါသွားပြီ
Mean-အေးအေး
Perth တို့ နေ့လည်လောက်ရောက်တော့ ဘယ်သူမှန်း မသိရတဲ့ master အိမ်ကို ထွက်လာခဲ့တယ်။ အိမ်တစ်ခုကို ရောက်တော့ ကားကို ရပ်လိုက်တယ်။ ခြံထဲက ထွက်လာတဲ့လူကို ကိုကိုက ဘယ်သူဆိုတာ ပြောလိုက်တော့ ခြံတံခါးကို ဖွင့်ပေးတယ်။
ခြံကြီး ကျယ်လွန်းလှသည်လည်း မဟုတ် ကျဉ်းလှသည်လည်း မဟုတ် အသင့်အတင့်လေးနဲ့ ပန်းပေါင်းစုံလည်း စိုက်ထားတာ တွေ့ရတယ်။ ခြံထောင့်တစ်နေရာက နှင်းဆီနီတွေ အများကြီး စိုက်ထားတာကို လှမ်းတွေ့ရတော့ ကျွန်တော့်သခင် ဖြစ်လာမယ့်သူက အနီတော်တော် ကြိုက်တာဘဲလို့ တွေးမိတယ်။ ခြံထဲကို ငေးမောကြည့်နေတုန်း လူတစ်ယောက်ထွက်လာတာကြောင့် ကြည့်လိုက်မိတော့ ပိန်ပိန်သေးသေးလေး ။
#ဒီလူက ငါ့ master ဖြစ်လာမယ့်သူတဲ့လား ငါနဲ့ ရွယ်တူလောက်ဘဲ ရှိမယ်ထင်တယ် ပြီးတော့ ငါ့လောက်တောင် ဗလမရှိဘူး အင်းပေါ့ ဗလမရှိသော်လည်း ငွေရှိနေတော့ ထင်တိုင်းကြဲနိုင်တာပေါ့ ခုပဲကြည့်လေ ယောက်ျားလေး တစ်ယောက်ကို ငွေပေါက်ပြီး ဝယ်နိုင်တယ်မလား ဒီလို လူတွေကြောင့် လောကကြီးက မသန့်တာ#
တွေးရင်း ဟိုလူခေါ်ရာနောက်လိုက်လာခဲ့တယ် ဧည့်ခန်းမှာထိုင်နေရင်း စပ်စပ်စုစုလိုက်ကြည့်မိတော့ ပရိဘောက အများကြီး မထားဘဲ ရှင်းရှင်းလေးနဲ့ လှအောင် ပြင်ဆင်ထားတာ။
Prum-ဒါက စာချုပ်ပါ လက်မှတ်ထိုး ငွေရှင်းပြီးရင် ရပါပြီ
Plan-ကောင်းပါပြီ bank acc ပေးပါ ကျွန်တော် အခုဘဲ လွှဲလိုက်ပါ့မယ်
Prum-ဟုတ်ကဲ့ပါ
သူတို့လုပ်စရာရှိတာ လုပ်ပြီး ကျွန်တော့်ကို ဟိုကောင်လေးဆီမှာ ထားခဲ့ပြီလေ။ ကျွန်တော့်ဘဝ အခုချိန်ကစပြီး အဲ့ကောင်လေးရဲ့ အရုပ်ဖြစ်ပြီပေါ့
Plan-ထမင်းစားခဲ့ပြီလား
Perth-ဟုတ်
Plan-အေး အာ့ဆို ငါပြန်လိုက်ဦးမယ် ခဏနေ မင်း သခင် ဆင်းလာလိမ့်မယ်
Perth-ဗျာ
#ဒါဆို ဒီလူက ငါ့သခင်မဟုတ်ဘူးပေါ့ ဒါဆို ငါ့သခင်ဖြစ်မယ့်သူက ဘယ်သူလဲ ဘယ်သူပဲဖြစ်ဖြစ်ပါ တစ်ခုပဲ ဆုတောင်းမိတယ် ကျွန်တော့်ကို အရမ်းကြီး မနှိပ်ဆက်ပါစေနဲ့လို့ပေါ့#
ဟိုကောင်လေးပြန်သွားတော့ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း သခင်ဆိုတဲ့ လူ ဆင်းလာမှာကို စောင့်နေရတယ်။ တော်တော်နဲ့ ဆင်းမလာ ။ အပေါ်ကို တက်ကြည့်ချင်ပေမယ့် မဖြစ်သင့်တာမို့ ထိုင်စောင့်နေရုံမှ တစ်ပါး ဘာမှ မတတ်နိုင်။
တော်တော်လေးကြာမှ လှေကားက လူတစ်ယောက်ဆင်းလာသံကို ကြားရတော့ လူက အလိုလို မော့ကြည့်လိုက်မိတယ်။ဆင်းလာတဲ့သူကို ကြည့်လိုက်တော့ ခဏမင်သက်သွားတယ်။ ဆင်းလာတဲ့သူက ဟိုနေ့က Dr. ဖြစ်နေတာကြောင့်ပါ။ တစ်နည်းပြောရမယ်ဆိုရင် ကျွန်တော့်ပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတဲ့ တစ်ဦးတည်းသော သူစိမ်းပေါ့။
Saint လည်း လှေကားက ဆင်းလာပြီး Perthရှေ့က ခုံမှာ ထိုင်လိုက်တယ်။ ပြီးတော့ Perth ကို ကြည့်လိုက်တယ်
#ကောင်လေးက အနီးကပ်ကြည့်မှ မဆိုးဘူးဘဲ အသားရည်က ဖြူစွတ်နေတာမျိုး မဟုတ်ဘဲ ကြည့်ကောင်းအောင် ဖြူညက်နေတာမျိုး မျက်ခုံးထူထူလေး နှစ်ခုကြားက ဖြောင့်စင်းစင်းနှာတံလေး ထိုနှာတံလေး အောက်ဖျားက ပန်းနုရောင် နှုတ်ခမ်း နှစ်လွှာ ပါးမို့မို့လေးနဲ့ မှိုလုံးကေလေးတွေကြောင့် ရှိရင်းစွဲထက် ပိုငယ်စေတယ်#
သူ့ပုံစံလေးကို စိတ်ထဲမှာ definition ဖွင့်နေတုန်း ပန်းနုရောင် သူ့နှုတ်ခမ်းက ထွက်လာတဲ့ အခေါ်အဝေါ်လေးက လူကို ကြက်သီးမွှေးညင်း ထစေတယ်။
Perth-ဒေါက်တာ ကိုကို
Saint-ဘယ်လိုခေါ်လိုက်တယ်
Perth#ဟာ ဒုက္ခဘဲ ငါ သူ့ကို စတွေ့ကတည်းက စိတ်ထဲက ကျိတ်ခေါ်နေမိတဲ့ အခေါ်အဝေါ်လေး ဘာလို့များ ဒီပါးစပ်က ထွက်သွားရတာလဲ သေချင်တယ်#
Perth-ဟို ဟိုလေ…
Saint-ငါက မင်းကို ဝယ်ထားတယ်နော် ငါက မင်းရဲ့ သခင် မင်းက ငါ့ရဲ့…
#ကျစ် ဘာလို့လဲ ဒီကလေးကို ငါကလဲ့စားချေဖို့ ဝယ်ခဲ့တာလေ သူ့ကို ကျွန်လို့ ခေါ်ဖို့လေးတောင် ဘာလို့ ပြောမထွက်ရတာလဲ#
Saint-မင်းက ငါ့ရဲ့ …
Perth-ဟုတ် ကျွန်တော်သိပါတယ် ကျွန် ပါ
Saint-အေး သိရင်ပြီးရေ မင်းဟင်းချက်တတ်လား
Perth-ဟုတ် ကျွန်တော်က chef ပါ
#အဲလယ့် chef ဆိုပါလား ငါဘာလို့ မသိတာလဲ အာ ဟိုနေ့က သူ့အကြောင်းဖိုင် ငါမှ မဖတ်ရသေးတာ မဖြစ်ဘူး မဖြစ်ဘူး ဖတ်ထားမှ ဒါမှ ရန်သူ့ အနေအထားကို သိမှာ#
Saint-ဒါဆို ငါ့တွက် နေ့လည်စာ ပြင်ပေး
Perth-ဟုတ် မီးဖိုချောင်က
Saint-အပေါ်ထပ်မှာ
Perth-😳
Saint-ငါ့အဖေက သူများနဲ့ တူတာ မကြိုက်ဘူး အဲ့တာကြောင့် မီးဖိုချောင်ကို အပေါ်ထပ်မှာ ထားတာ
Perth-အော်#ထူးဆန်းထှာ#
Perth အပေါ်ထပ်တက်သွားပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်တယ်။ ပြီးတော့ ရေခဲသေတ္တာကို ဖွင့်လိုက်တယ်။
.😳😳😳
Perth-ဘာမှလည်း မရှိဘူး ငါက ဘာကို ဘယ်လိုချက်ရမှာတုန်း
Perth အောက်ကို ပြန်ဆင်းလာပြီး Saint ထိုင်နေတဲ့ နားကို သွားကာ
Perth-ကိုကို😷 အဲ..သခင်
Saint- 🤨ဘာတုန်း
Perth-ရေခဲသေတ္တာထဲမှာ ရေဘဲရှိတာ ဘာကို ချက်ရမှာတုန်း ဆန်လဲ မရှိဘူး
Saint-ကြိုက်သလိုချက်
Perth-အာ့ဆို ရေကျိုပေးမယ် သောက်မလား
Saint-ဘာ!
Perth- ဟုတ်တယ်လေ ရေဘဲရှိပါတယ်ဆိုနေမှ
Saint-ငါက အိမ်မှာ မနေတာများတယ် အဲ့ဒါကြောင့် ဘာမှ မဝယ်ထားဘူး ဆေးရုံမှာလည်း ပေါင်မုန့် ဒါမှ မဟုတ် ဂျာဂျန်းမြောင်(ပဲခေါက်ဆွဲ)ဘဲ စားတာဆိုတော့
Perth-အဲဒါကြောင့် ကိုကို အာ…သခင့် အသားအရည်တွေ အဲ့လို ဖြစ်နေတာ လူနာလား ဆရာဝန်လားတောင် မသဲကွဲဘူး
Saint-ဘာပြောတယ်
Perth-ပိုက်ဆံပေး
Saint-ဘာလုပ်ဖို့လဲ
Perth-ဟင်းစားသွားဝယ်မလို့
Saint-ငါလိုက်ပို့မယ်
Perth-ရပါတယ် ကျွန်တော် သွားတတ်တယ်
Saint-လိုက်ပို့ချင်လို့ လိုက်ပို့မယ်များထင်နေတာလား စိတ်ကူးယဉ်မနေနဲ့ မင်း ထွက်ပြေးသွားမှာဆိုးလို့
Perth-ကျွန်တော် ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ဘူး
Saint-ဘာလို့လဲ
#ဘာလို့လဲဆိုတော့ ကိုကို့စီမှာက ဟိုမိသားစုနဲ့ နေရတာထက် ပိုသာမယ် ထင်လို့#
Perth-ဒီလိုပါပဲ
Saint-အပိုတွေ ပြောမနေနဲ့ လာ သွားမယ်
![](https://img.wattpad.com/cover/180565802-288-k306536.jpg)
YOU ARE READING
My doctor(ကျွန်တော့်ရဲ့ဒေါက်တာကိုကို)Completed(Zaw&Uni)