Strange

8.7K 941 48
                                    

နေရောင်ရွှင်ပျပျနဲ့ ရာသီဥတုဟာ ညက သည်းကြီးမည်းကြီး
ရွာခဲ့တာ သူမဟုတ်သလိုပဲ ။ စိုစွတ်နေခဲ့တဲ့ မြေပြင်တွေလည်း ခြောက်စပြုလာတယ်။ ဘတ်စ်ကား မှတ်တိုင်ကို သွားရာ
လမ်းတစ်လျှောက်.. တချို့နေရာတွေက ရေတွေအိုင်နေသေးတယ်။

" ဟာ! သွားပါပြီ "

သူ့အတွေးတောင် မဆုံးလိုက်ဘူး။ ဝူးခနဲ အကြမ်းပတမ်း
ဖြတ်မောင်းသွားတဲ့ အနီရောင် ကားလေးက သူ့ကို ကျီစယ်လိုက်တယ်။ သူ့အပြာရောင်ဂျင်းအင်္ကျီလေးမှာ
ဗွက်ရေတွေ ပေကုန်ပါရောလား.. ။ အရောင်ခပ်ဖျော့ဖျော့တွေသာ ဝတ်တတ်တဲ့ သူ့အတွက်
မိုးရာသီက ကောင်းကောင်းကြီး ဒုက္ခပေးတယ်။

အခုတော့ ထယ်ယောင်းတစ်ယောက် ဘယ်လိုလုပ်ရပါ့မလဲ။
ဘတ်စ်ကလည်း ဒီအချိန်က နောက်ဆုံးတစ်စီးပဲလေ။
ပြန်လဲဖို့ကလည်း အချိန်မမီတော့တာမို့ မသက်သာတဲ့အဆုံး
သူ့အင်္ကျီလေးကို ချွတ်ပြီး လွယ်လာတဲ့ ကျောပိုးအိတ်ထဲသာ ထည့်လိုက်ရတယ်.. ။

ကျောပိုးအိတ်ဆိုလို့ သူက ကျောင်းသားတစ်ယောက်
မဟုတ်ပါဘူး။ ဓာတ်ပုံဆရာဖြစ်တဲ့အလျောက် သူ့ကျောပိုးအိတ်ထဲ ကင်မရာထည့်ထားခြင်းသာ။
တော်သေးတာက နေရောင်ထွက်လာတာပဲ။

" ဟူး... ဒီလိုဖြစ်တာ နှစ်ခါရှိပြီ "

ညည်းညည်းညူညူနဲ့ပဲ ရောက်လာတဲ့ ဘတ်စ်ပေါ် တက်လိုက်ရတယ်...။

ခင်ဗျားမရှိဘူးဆိုတဲ့ အသိက ဘယ်နေရာမှာမှ အဆင်ပြေမနေဘူး မင်...။

>>>><<<<

အရှေ့မှာမြင်နေရတဲ့ ဆိုးလ်တက္ကသိုလ်ကြီးဟာ
ခမ်းနားလှပြီး.. ခံစားချက်တချို့က အောင့်သက်သက်နိုင်တယ်။ ကျောင်းသားဘဝကို လွမ်းမိတာပဲပေါ့။ ယွန်းဂီအတန်းချိန်ပြီးအောင် ထိုင်စောင့်နေခဲ့ရတဲ့ အပင်အောက်ရယ်၊ စာကျက်ရင်း
အိပ်ငိုက်နေတဲ့ ယွန်းဂီကို စနောက်နေခဲ့တာရယ်..၊
အမှတ်တရတွေအားလုံးမှာ ယွန်းဂီပါတာပဲ။

ဖြစ်နိုင်ရင်.. ကျောင်းသားပြန်လုပ်လိုက်ချင်တယ်။
ယွန်းဂီရဲ့ ဂရုစိုက်မှုတွေကို ပြန်လိုချင်မိလို့။ ယွန်းဂီအနားမှာ
အမြဲရှိနေရတာကို တမ်းတမိလို့။ အခုတော့
တစ်ခါတစ်လေ... လာကြိုတတ်၊ ညစာအတူစားပေးတတ်တာကလွဲရင်..၊ ယွန်းဂီရဲ့
ခရီးစဉ်တွေကိုပဲ သူသိရတော့တယ်။

DDAENGNơi câu chuyện tồn tại. Hãy khám phá bây giờ