ဂျွန်ယောင်းဟွန်း သူ့လက်ကိုဆွဲထားသည့် ချွဲဂျောင်းဆူအား
တွန်းလွှတ်လိုက်တော့ ကြမ်းပြင်ထက်ပုံခနဲကျသွားသည့် သူမ။ ထွက်ခွာသွားတော့မည့် ယောင်းဟွန်း၏ ခြေထောက်ကို
အတင်းဖက်ဆွဲထားပြန်တယ်။ သူမမျက်နှာထက် စီးကျနေတဲ့
မျက်ရည်များဟာ နောင်တရခြင်းလား, ဆုံးရှူံးမှုကို လက်မခံနိုင်ခြင်းကြောင့် ထိတ်လန့်နေခြင်းလား မသဲကွဲချေ။
နှစ်မျိုးလုံးကြောင့်လည်း ဖြစ်နိုင်တာပဲ။ ကိုယ့်အတွက်မဟုတ်တဲ့ အရာကိုမှ ပိုင်ဆိုင်ချင်ခဲ့တဲ့သူမ။" ယောင်းဟွန်းရား.. တောင်းပန်ပါတယ် ငါအားလုံးကို ပြန်ပြင်ဆင်မှာမို့ ဒီတစ်ကြိမ်ပဲ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
" ချွဲဂျောင်းဆူ မင်းအသိတရားရသင့်နေပြီ
မင်းကိုတာဝန်သိစိတ်တစ်ခုကြောင့် လက်ခံခဲ့ပေမယ့် အခြားတစ်ယောက်နဲ့ရထားတဲ့ ကလေးကိုတော့ ဘယ်တော့မှ
အဖေတစ်ယောက်ဖြစ်ပေးနိုင်မှာ မဟုတ်ဘူး!
ငါ့ကိုလွှတ်စမ်း! "နာကျည်းချက်တွေနဲ့ သူမကို စူးစူးရဲရဲကြည့်ကာ
ပြောနေတဲ့ ယောင်းဟွန်းကြောင့် သူမနှလုံးသားတွေ သံရည်ပူနဲ့ လောင်းခံနေရသလို ပူလောင်နေရတယ်။ ဒါသူမ
တစ်ဖန်ပြန်ဝဋ်လည်ခံရခြင်းပဲ။ ကိုရီးယားမှာ Top 10 စာရင်းဝင်တဲ့ သူဋ္ဌေးသား ယောင်းဟွန်းကို အပိုင်ဖမ်းခဲ့တယ်။
သူ့ချစ်သူ ယွန်းဂျွန်းမီနဲ့ အထင်လွဲအောင်၊ လမ်းခွဲသွားအောင်
အမျိုးမျိုး အကွက်စေ့ဖန်တီးခဲ့တယ်။ အခြားတစ်ယောက်နဲ့
မှားယွင်းပြီးခဲ့တဲ့ ကိုယ်ဝန်ကိုအသုံးချပြီး ယောင်းဟွန်းကို
သူမလူဖြစ်လာစေခဲ့တယ်။ဒါပေမယ့် ယွန်းဂျွန်းမီ ကို သူမလျှော့တွက်မိခဲ့တာ..။
အခုရထားတဲ့ကိုယ်ဝန်ဟာ ယောင်းဟွန်းနဲ့ မဟုတ်ပါဘူးဆိုတဲ့
သက်သေကို မရရအောင် ရှာပြီး.. ယောင်းဟွန်းဆီ ပို့ခဲ့မယ်လို့ သူမထင်မထားခဲ့။ ကလေးက လရင့်နေတော့မှ
ယောင်းဟွန်းနဲ့ ကွာရှင်းလိုက်ရမယ်ဆိုရင် သူမ ဘာဆက်လုပ်ရမလဲ။ ယောင်းဟွန်းရဲ့ ခြေသလုံးကိုဖက်ပြီး
သူမတောင်းပန်နေရပြီ။" ကလေးလေး မွေးတဲ့အထိပါပဲ ကလေးလေးထွက်လာရင်
ငါတရားဝင်ကွာရှင်းပေးပြီး နင်တို့အရှေ့ကနေ ပျောက်ကွယ်သွားပေးပါ့မယ် "

YOU ARE READING
DDAENG
Fanfictionမှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ မှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ Jeon Jung kook × Kim Tae Hyung Kim Seok Jin × Min Yoongi Paring: Taekook, Sin Un...