Red Jacket

18.5K 1K 41
                                    


မိုးတိတ်ကာစ ဖြစ်လို့ ကြည်လင်လာတဲ့ ကောင်းကင်ယံနဲ့အတူ မြေနံ့သင်းသင်းကလည်း
လတ်လတ်ဆတ်ဆတ် နှာဖျားကို တိုက်ခတ်နေတယ်။
အအေးဓာတ်ကတော့ တဖြေးဖြေးလျော့ပါးသွားပြီ ။
ရာသီဥတုကို အထင်သေးပြီး ပေါ့ပေါ့ဆဆနဲ့ အင်္ကျီထူ
မဝတ်လာခဲ့တဲ့ သူ့ကို ယွန်းဂီသိရင် ကောင်းကောင်း
ဆူတော့မယ် ။ တရှူံ့ရှူံ့နဲ့ နှာစေးနေပြီး အိမ်မှာ အနားယူချင်နေပေမယ့်... မိုးက အခုမှတိတ်တာမို့
သူ့အလုပ်ကလည်း အခုမှစရမယ်.. ။

" အစ်ကို မော်ဒယ်က အဆင်သင့်ဖြစ်နေပြီ
မကြာခင် ရိုက်လို့ရတော့မယ် "

အပြေးလာပြောတဲ့ ကုမ္ပဏီက ဝန်ထမ်းကောင်လေးကို
ခေါင်းငြိမ့်ပြရင်း ထယ်ယောင်း ကင်မရာကို သေချာ စစ်ဆေးကြည့်လိုက်တယ်။ အဆင်ပြေတာ သေချာတော့မှ
စောင့်နေတဲ့ မော်ဒယ်ဆီသွားပြီး သူလိုချင်တဲ့
ပို့စ်ကို တိုင်ပင်ရတယ်... ။

မော်ဒယ်ကောင်မလေးက တက်သစ်စမဟုတ်တဲ့အပြင်
လျှမ်းလျှမ်းတောက်တဲ့အထဲ ပါတာမို့ ထွေထွေထူးထူးတွေ
ပြောနေစရာမလိုတော့ဘူး။ သူမသဘောပေါက်တဲ့
အခြေအနေအထိ အနည်းငယ် ပြောပြလိုက်တာနဲ့
သူမက အဆင်ပြေတယ်။

မိုးတိတ်စမို့ နေရာယူထားတဲ့ သစ်တောအသေးစားထဲက
ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုနဲ့ background
ကောင်းကောင်း တစ်ခုကို.. အလွယ်တကူ ရသွားတယ်။
မော်ဒယ်ဝတ်လာတဲ့ အဝတ်အစားဒီဇိုင်းကလည်း
ပြောစရာ မရှိအောင် လိုက်ဖက်နေတာမို့ ရိုက်ကွင်းက
ချောချောမွေ့မွေ့ ပြီးဆုံးသွားတယ်...။

" အားလုံး ပင်ပန်းသွားကြပြီ "

အကုန်လုံး သိမ်းဆည်းနေကြပြီး.. ထယ်ယောင်းလည်း
ထပ်ပြီး ရိုက်စရာ မရှိတော့တာမို့ အိမ်ပြန်ဖို့ပဲ ပြင်လိုက်
တယ်။

" ထယ်ယောင်းရှီက ကြားဖူးတဲ့အတိုင်း တကယ်
တော်တာပဲ ဒီလို အရည်အချင်း ရှိတဲ့ ဓာတ်ပုံဆရာမျိုးနဲ့ကျ
အကုန်လုံး မြန်မြန်ဆန်ဆန် နဲ့ ကောင်းကောင်း မွန်မွန်
ပြီးသွားတယ် "

တကူးတက လာနှုတ်ဆက်တဲ့ မော်ဒယ် ဟာယွန်း။
သူမက မာန်မာနတွေမရှိဘဲ သူ့လို ဓာတ်ပုံဆရာတစ်ယောက်ကို ဖော်ဖော်ရွေရွေ ဆက်ဆံတာမို့ ထယ်ယောင်းသဘောကျတဲ့ထဲ ပါတယ်။

DDAENGHikayelerin yaşadığı yer. Şimdi keşfedin