" မင်!! "အိမ်ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲမှာ Laptop တစ်လုံး နဲ့ အလုပ်ရှုပ်နေတဲ့ ယွန်းဂီဆီ ထယ်ယောင်း
ဝမ်းသာအားရ ပြေးသွားရင်း.. ရင်ခွင်ထဲကို အတင်းတိုးဝှေ့
ပစ်လိုက်တယ် ။ ယွန်းဂီဆူကာမှ ဆူရော။ ဒါပေမယ့်
ယွန်းဂီ ကတော့ သူ့ကိုရှိတယ်လို့တောင် သဘောမထားပေ။
ကဗျာဆန်ဆန်လက်ချောင်းတွေဟာ Keyboard ပေါ်မှာပဲ
တချက်ချက် ပြေးလွှားနေတယ် ။" ကျွန်တော့်ကို စိတ်ဆိုးနေတာလား? "
ထယ်ယောင်း မျက်နှာငယ်လေးနဲ့ ယွန်းဂီခါးကို
ဖက်တွယ်ထားရင်း အသံတိမ်တိမ်လေး ထွက်လာတယ်။
သေချာတာပေါ့ ။ ဖုန်းတွေလည်းခေါ်မရ၊
ပြန်ရောက်လာတာတောင် လူကိုမတွေ့ရမှတော့ ယွန်းဂီ
အလွန်မဟုတ်ဘူးလေ။ ထယ်ယောင်း ကိုယ့်အပြစ်ကိုယ်
သိတာမို့ ယွန်းဂီ ရဲ့ ပါးပြင်ကို ခေါင်းလုံးလုံးလေးနဲ့
တိုးဝှေ့ပြီး ချွဲတယ်။" တောင်းပန်ပါတယ် အသိတစ်ယောက်က နေမကောင်း.."
" တော်တော့ ငါဘာမှမသိချင်ဘူး မနက်စောစောစိတ်မတိုချင်ဘူး ထယ်ယောင်း "
ယွန်းဂီရဲ့ ဒေါသသံစွက်နေတဲ့ စကားတွေကြောင့်
ထယ်ယောင်း မျက်ရည်ဝဲတဲတဲလုပ်ရင်း ဇက်ကလေး ပုသွားတယ်။ တော်ရုံ စိတ်မဆိုးတတ်တဲ့ ယွန်းဂီဟာ
စိတ်ဆိုးရင်လည်း... ဘာမှမလုပ်တတ်တော့တဲ့အထိ စိတ်ဆိုး
တတ်တယ်။ အဲ့ဒါကြောင့် ညကလည်း အိပ်ရေးပျက်ထားတော့ ယွန်းဂီ အနားက ထလာခဲ့ရင်း
အခန်းထဲဝင်ပြီး အိပ်ရာပေါ်လှဲနေလိုက်တယ်...။အပြစ်ကိုသိပေမယ့် အော်ခံလိုက်ရတာမို့
ရင်ထဲဆို့နင့်နေပြီး ဘာမှမလုပ်ချင်မကိုင်ချင်။ တရေးလောက်
အိပ်ဖို့ မျက်ဝန်းအစုံကို မှိတ်ချလိုက်တော့ မျက်ရည်ပူတွေဟာ
ပါးပြင်ထက်ကနေ ခေါင်းအုံးထိ ကျဆင်းသွားတယ်။ထယ်ယောင်း အိပ်မပျော်နိုင်ပါဘူး။
မှိန်းနေလိုက်ပြီး ဆယ်မိနစ်လောက် ကြာတော့ ယွန်းဂီအခန်းထဲ ဝင်လာတာကို သူသိလိုက်တယ်။ တဖြည်းဖြည်း အိပ်ရာပေါ် တက်လာတာကိုလည်း သတိထားမိလိုက်တာမို့ ထယ်ယောင်း မလှုပ်မယှက်သာ
နေနေမိတယ်။ အနောက်ကနေ သိုင်းဖက်ခံလိုက်ရမှ
ထယ်ယောင်း တစ်ကိုယ်လုံး တောင့်တင်းသွားရတော့တယ်။

YOU ARE READING
DDAENG
Fanfictionမှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ မှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ Jeon Jung kook × Kim Tae Hyung Kim Seok Jin × Min Yoongi Paring: Taekook, Sin Un...