ဂျောင်ဂုဟာ နိုင်ငံခြားကို အပြီးထွက်သွားတယ် ဆိုတဲ့
သတင်းကို ထယ်ယောင်း ဆော့ဂျင်ဆီက ကြားပြီးကတည်းက
စိတ်ရောကိုယ်ရော အသက်မဲ့သလို ဖြစ်သွားတယ်။
အရင်လို ချစ်စရာကောင်းအောင် မပြုံးတော့ဘူး။ ထယ်ယောင်း အတော်လေး တိတ်ဆိတ်သွားတော့တယ်။
တစ်ခါတစ်လေ ကင်မရာတစ်လုံးလွယ်ရင်း တစ်ပတ်လောက်
ပျောက်သွားတတ်တယ်။ ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်တော့ဘူး။ သူ့ကမ္ဘာကြီးကို သူကိုယ်တိုင် လှောင်ပိတ်ထားတော့တယ်။ဂျောင်ဂုကို အရမ်းသတိရနေတဲ့ အချိန်တွေမျိုးဆိုရင်
မိဘမဲ့ ဂေဟာကို အလည်သွားလေ့ရှိတယ်။ ကလေးငယ်တွေနဲ့ ကစားတဲ့ အချိန်ဆို အရာအားလုံးကို ခဏတာ မေ့ဖျောက်ထားနိုင်တယ်။ ကိုး ဆိုတဲ့ အမေရိကန် ကပြား ကလေးလေးဟာ ဂျောင်ဂုလို သွားလေးတွေရှိပြီး.. ထယ်ယောင်းကိုလည်း အရမ်းခင်တွယ်တာမို့ ကိုး ကို မွေးစားဖို့ ယွန်းဂီကို ဂျီကျပြီး အကူအညီတောင်းခဲ့တယ်။
နောက်ဆုံးတော့ ကိုး ကို မွေးစားနိုင်ခဲ့တဲ့အချိန်က ကိုး လေး
ခုနစ်နှစ်အရွယ် ရှိနေပြီ။ကိုး လေးကို တရားဝင်မွေးစားပြီးနောက် ထယ်ယောင်းက
အမည်ပြောင်းစေခဲ့တယ်။ ဂျွန်ထယ်ဂု ဆိုပြီးတော့ပေါ့။
စကားသိပ်တတ်တဲ့ ထယ်ဂုလေးဟာ ထယ်ယောင်းရဲ့ မျိုးရိုးနာမည်ဖြစ်တဲ့ ကင်မ် ကို ဘာကြောင့်မပေးရသလဲဆိုတာ မကြာခဏ မေးလေ့ရှိတယ်။ အဲ့လိုအမေးခံရတိုင်း
ထယ်ယောင်း မျက်နှာလေး ညှိုးသွားတတ်တာမို့.. ထယ်ဂုလေး ဘယ်တော့မှ အဲ့မေးခွန်းမျိုးကို ထပ်မမေးမိဖို့
အမြဲဂရုစိုက်တော့တယ်။ထယ်ယောင်း ပိုင်ဆိုင်တဲ့ ငွေကြေးအချို့နဲ့
ဆော့ဂျင်ရဲ့ ကုမ္ပဏီမှာ ရှယ်ယာ 9% ကို ဝယ်ယူနိုင်ခဲ့တယ်။
သူတို့ သားအဖအတွက် ငွေကြေးကတော့ ပူပန်စရာမရှိဘူး။
CGV ဆိုတဲ့ ဓာတ်ပုံ စတူဒီယိုလေးကလည်း တဖြည်းဖြည်း
ပုံမှန်လည်ပတ်လာပြီ ဖြစ်တယ်။ ထယ်ဂုလေးက
ထယ်ယောင်းရဲ့ ကမ္ဘာကြီးကို ပုံမှန်အတိုင်းပြန် ဖြစ်သွားအောင် လုပ်ပေးနိုင်ခဲ့တယ်။ကိုရီးယားမှာ ဂျောင်ဂု မရှိတဲ့ ဆောင်းရာသီ ထပ်မံရောက်လာခဲ့တာ သုံးနှစ်မြောက် ဖြစ်တယ်။ နှင်းဖွေးဖွေးတွေက ခြံဝန်းထဲမှာ ဟိုနေရာဒီနေရာ စုပြုံနေတယ်။ ထယ်ဂု အကြိုက်မို့ ထယ်ယောင်းမသိအောင်
တိတ်တိတ်လေး ခြံထဲက နှင်းတွေကို နှင်းလူရုပ် လုပ်တမ်း ကစားနေတယ်။
ESTÁS LEYENDO
DDAENG
Fanficမှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ မှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ Jeon Jung kook × Kim Tae Hyung Kim Seok Jin × Min Yoongi Paring: Taekook, Sin Un...