I'm trapped

7.8K 898 72
                                    


ခပ်ဆွေးဆွေးတိမ်ဆိုင်တွေဟာ
သိပ်ကိုအထီးကျန်လွန်းနေရဲ့ ။
လစ်ဟာနေတဲ့ နှလုံးသားတစ်နေရာကလည်း သခင်ကို စောင့်မျှော်နေရှာတယ်။ လေပြေတစ်ချက်အဝှေ့မှာ အနက်ရောင် ခပ်စိုစို ဆံပင်တွေဟာ လူးလွန့်သွားကြတယ် ။
မျက်စိရှေ့က နေကြာခင်းကြီးဟာ.. နေရောင်တွေ
မရှိတော့ ညှိုးငယ်နေသယောင်ပဲ ။ မှိုင်းနေတဲ့ စိတ်တွေကိုတောင် အလွမ်းဓာတ်တွေ တိုးမြှင့်ပေးနေသလိုပါပဲ။ အဝေးတစ်နေရာက တစ်စုံတစ်ယောက်ဟာ.. သူ့ဆီဆက်သွယ်ဖို့
ဖုန်းနံပတ် မေ့နေခဲ့ပြန်သလားလေ ။

လျစ်လျူရှုခံထားရတဲ့ ခံစားချက်တွေက အတွေးပင်လယ်မှာ ရေစုန်မျောရင်း.. ကမ်းမမြင်လမ်းမမြင် ဖြစ်နေခဲ့လေရဲ့ ။
တဖြေးဖြေး အေးစက်လာတဲ့ သူတို့ဆက်ဆံရေးတစ်ခုရဲ့
အနာဂတ်ခရီးဟာ.. လမ်းပျောက်နေပြန်တယ်။
တစ်ပတ်ဆိုတဲ့ အချိန်တစ်ခုလုံး
ပစ်ထားနိုင်ရက်တဲ့ ယွန်းဂီကို နားလည်နိုင်ပေးဖို့ရာ
ခက်ခဲလာခဲ့တယ်။ တစ်ကောင်ကြွက် သူ့ဘဝမှာ
တစ်ခုတည်းသော ပိုင်ဆိုင်တဲ့အရာ...။

တကယ်ပိုင်ဆိုင်တာရော ဟုတ်ရဲ့လား?
သူ့မှာ အဖြေမရှိပါဘူး၊ သူ့အတွက် မင်ယွန်းဂီဆိုတာက
သစ္စာရှိရှိ ကိုးကွယ်ရမယ့် အရှင်သခင်တစ်ပါး။
နူးညံ့တဲ့အမိန့်တော်ကို မပယ်ရှားဝံ့သလိုပေါ့။
ယွန်းဂီရဲ့ စကားတိုင်းကို နှလုံးသားက တသွေမတိမ်း
လိုက်နာလိမ့်မယ်...။ ဒါဟာ မထူးဆန်းပါဘူး၊ ယွန်းဂီဟာ
သူ့အတွက် ကမ္ဘာကြီးဖြစ်နေခဲ့တာကိုး...။
နာကျင်​မှုဟာ ခါးသက်ပေမယ့်..
ကိုယ်တိုင်က နှစ်သက်မိတော့လည်း ချိုမြိန်နေတာပါပဲ။

နေရောင်ခြည် ခပ်ဖျော့ဖျော့ ဖြာကျလာတဲ့အခိုက်
နေကြာခင်းကြီးဟာ တစ်ခါထပ်မံပြီး အသက်ဝင်လာခဲ့သယောင်...။ နေကြာတွေလန်းဖို့ နေရောင်ခြည် လိုရဲ့လားမသိပေမယ့်..
ကျွန်တော့် အချစ်တွေလန်းဖို့ ခင်ဗျားရဲ့ မြတ်နိုးခြင်းတွေ
လိုအပ်တယ် မင်ယွန်းဂီ.. ။

>>>><<<<

" ဟျောင်းန် အားလား မတွေ့တာကြာပြီဆိုတော့
ကျွန်တော့်ကို တစ်ခုခုလိုက်ကျွေးပါလား "

DDAENGTahanan ng mga kuwento. Tumuklas ngayon