Head over heels

4.9K 608 53
                                    


လေညှင်းတွေကို တိတ်တဆိတ်
ရင်ဖွင့်မိတယ်...။

ကိုယ့်ကြောင့် သူပင်ပန်းနေခဲ့ပြီလား...။

>>>><<<

ဒိုင်းခနဲ ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့ သေနတ်သံနောက်
Ken ရဲ့ ကျောပြင်ဆီသို့ ကျည်ဆံဟာ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားလေတယ်။ ထယ်ယောင်းပေါ်
ပြိုကျလာတဲ့ Ken ရဲ့ ခန္ဓာကိုယ်က သွေးတွေဟာ
မြင်မကောင်းစွာ စိမ့်ထွက်လာတယ်။ သေနတ်ပစ်လိုက်တဲ့လူဟာ ကင်မ်ဆော့ဂျင် ဖြစ်နေလေရဲ့ ။
ဂျောင်ဂုအခုမှသာ စိတ်သက်သာရာ ရသွားသလို.. တင်းထားတဲ့ စိတ်တွေကို ဖြေချလိုက်တဲ့နောက် မေ့မျောသွားလေတယ်။

" နောက်ကျသွားလို့ ဆောရီး ကောင်လေး "

ဆော့ဂျင်နဲ့အတူ ပါလာတဲ့ ဂျောင်ဂုတပည့်တွေဟာ
သူ့ကိုရော ဂျောင်ဂုကိုပါ ထိုနေရာက ခေါ်ထုတ်သွားတာကိုသာ
ထယ်ယောင်း နောက်ဆုံးမှတ်မိလိုက်တာပဲ။ သူနိုးလာတော့
သုံးရက်လောက်တောင် ကြာမြင့်နေပြီ။
ဆေးရုံအခန်းထဲက ဝရုန်းသုန်းကားထပြီး အခန်းအပြင်ဘက်
ပြေးထွက်လာတော့ ယွန်းဂီနဲ့ တိုက်ဆိုင်စွာ ဆုံသွားလေရဲ့။

"ထယ်...? ဘာလို့ပြေးထွက်လာတာလဲ ကိုယ်ခံအားမရှိသေးတာကို လာခဲ့ "

ယွန်းဂီက ထယ်ယောင်းကို အခန်းထဲ ပြန်ဆွဲခေါ်လာပြီး
ကုတင်ပေါ် လှဲနေခိုင်းပေမယ့် ဘာတွေဖြစ်သွားပြီလဲဆိုတာ
မသိရသေးတာမို့.. သူပေကပ်ပြီး ထိုင်နေမိတယ်။

" ဟျောင်းန် ဂျောင်ဂုကီ ဘယ်မှာလဲ.. သူ.. သူသက်သာရဲ့လား? "

" စိုးရိမ်စရာမရှိတော့ပါဘူး သူတောင်သတိရနေပြီ
ဒါပေမယ့် လမ်းတော့မလျှောက်နိုင်သေးဘူး သူ့တစ်ကိုယ်လုံး
ဒဏ်ရာတွေချည်းပဲ "

ယွန်းဂီရဲ့ အဖြေဟာ ထယ်ယောင်းကို ပိုပြီးနာကျင်စေတယ်။
ဒါပေမယ့် ယွန်းဂီ ပွင့်ပွင့်လင်းလင်းသာ ပြောပြဖို့
စဉ်းစားမိတယ်။ ထယ်ယောင်းဟာ သန်မာသင့်သလောက်
သန်မာမှ ရတော့မယ်။ ယောက်ျားလေးနှစ်ယောက်ကြားက
ချစ်ခြင်းဟာ လွယ်ကူတယ်ရယ်လို့မှ မရှိတာပဲလေ။

DDAENGWhere stories live. Discover now