Pain....

6.4K 784 37
                                    


" ဟျောင်းန်! တံခါးဖွင့်ပါဦး...!!! "

ဘဲလ်တီးရာက စိတ်မရှည်တော့တဲ့အဆုံး တိုက်ခန်း တံခါးကို
တဒုန်းဒုန်း ထုနေလိုက်မိတယ်။ ဆော့ဂျင်သူ့ကို ဖုန်းဆက်ပြီးတဲ့နောက်.. ထယ်ယောင်းဆီကို သူချက်ချင်းထွက်လာခဲ့တာ။ ထယ်ယောင်း သူ့ကိုယ်သူ
တစ်ခုခု မိုက်မိုက်မဲမဲ လုပ်လိုက်မှာကို စိုးရိမ်တာမို့
တံခါးလာမဖွင့်ပေးမချင်း ဂျောင်ဂုတစ်ယောက် ရင်ပူနေရတယ်။

မိနစ်အနည်းငယ်ကြာသွားတာတောင် အထဲက နည်းနည်းမှ
တုန့်ပြန်မလာတာမို့... ဂျောင်ဂု တံခါးဖျက်ဝင်ဖို့ လုပ်နေချိန်မှာပဲ ချောက်ခနဲ မြည်သံနဲ့အတူ တံခါးပွင့်သွားတယ်။ ထို့အတူ ခေါင်းမှာရေစက်လက်နဲ့ ထယ်ယောင်းဟာ သူ့ကို အူကြောင်ကြောင်လေးကြည့်နေတယ်။

" စိတ်ပူလိုက်ရတာဗျာ "

ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းတစ်ကိုယ်လုံးဟာ ဂျောင်ဂု
ရင်ခွင်ထဲ သိမ်းကြုံးဖက်ထားခြင်းကို ခံလိုက်ရတော့တယ်။
စစချင်းတော့ ထယ်ယောင်းတစ်ယောက် ကြောင်နေပေမယ့်
အသက်ရှူကြပ်လာပြီး... နှလုံးခုန်သံတွေဟာ ပုံမှန်မဟုတ်
တော့တာမို့ ဂျောင်ဂုကို အတင်းတွန်းလွှတ်ပြီး ရုန်းကန်တော့တယ်။

" ဂျောင်ဂု.. ငါ.. အသက်ရှူလို့မရတော့ဘူး.. လွှတ်..ဦး "

" အာ.. ဆောရီး ဟျောင်းန် "

ဂျောင်ဂု လွှတ်ပေးလိုက်တော့ မျက်နှာလေးရဲနေတဲ့
ထယ်ယောင်းဟာ သူ့ကိုတောင်မကြည့်တော့ဘဲ တိုက်ခန်းထဲ
အမြန်ဝင်သွားတော့တယ်။ ဂျွန်ဂျောင်ဂုတစ်ယောက်ကတော့
စပ်ဖြီးဖြီး မျက်နှာပိုးနဲ့ အပေါက်ဝလေးတင်ကျန်ခဲ့လေရဲ့။

" ကဲပြော ဘာကိစ္စဒီအချိန်ကြီး ရောက်လာရတာလဲ? "

ထယ်ယောင်းရဲ့ အမေးကို
ဂျောင်ဂုတစ်ယောက် မကြားချင်ယောင်ဆောင်ပြီး
ထယ်ယောင်းရဲ့ တိုက်ခန်းထဲကိုသာ လျှောက်ကြည့်နေတယ်။
ပြီးတော့ ထယ်ယောင်းလက်ထဲက ပုဝါကို
မပြောမဆိုနဲ့ ဆွဲယူပြီး ထယ်ယောင်းဆံပင်တွေကို
နူးနူးညံ့ညံ့ သုတ်ပေးနေတယ်။ သူမငြင်းဆန်မိဘဲ
ဂျောင်ဂုလက်ထဲမှာ ထယ်ယောင်းငြိမ်သက်နေမိတယ်။
ခေါင်းကရေတွေ ခြောက်လုနီးနီးဖြစ်သွားတော့...
ထယ်ယောင်းတောင် ငိုက်မြည်းစပြုနေပြီ။

DDAENGWhere stories live. Discover now