မမျှော်လင့်ထားတဲ့တစ်စုံတစ်ဦးကို တွေ့လိုက်ရချိန်မှာ
ထယ်ယောင်း ခံစားချက်တွေ စတင်ရှူပ်ထွေးကုန်တာမို့..
လုပ်မိလိုက်တဲ့အရာက ထိုနေရာက ထပြေးဖို့ ကြိုးစားလိုက်ခြင်းပဲ။ ဒါပေမဲ့ သူ့ခြေလှမ်းတွေကို ဂျောင်ဂုက အနောက်က သိုင်းဖက်ရင်း တားဆီးထားတယ်။
ထယ်ယောင်းရဲ့ ခြေထောက်တွေ ညွှတ်ကျသွားပြီး ဝမ်းနည်းတကြီး ထိုင်ငိုနေခဲ့ပေမယ့် ဂျောင်ဂုက သူ့ရင်ခွင်ထဲ
ထွေးပွေ့ထားရင်း နှစ်သိမ့်ပေးနေတယ်။" အရူးကောင်! ဘာလို့ ပြန်လာနေသေးတာလဲ "
" ဟျောင်းန်ကို လွမ်းလို့ "
ထယ်ယောင်းဟာ တရှူံ့ရှူံ့ရှိုက်ငိုရင်း
ဂျောင်ဂုရဲ့ ရင်ဘတ်တွေကို လက်သီးစုပ်နဲ့ အားမပါစွာ ထုရင်း
စိတ်ဆိုးနေခြင်းကို ပြသတယ်။ ထယ်ယောင်းက ဒီနှစ်တွေအတွင်း ပိန်ကျသွားပြီး လူကြီးလူကောင်း ဆန်လာတာကို သူသတိထားမိတယ်။ ဂျောင်ဂုကတော့
ဆေးဒဏ်တွေကြောင့် အရင်လို ကြွက်သားတွေနဲ့
သန်မာတဲ့ကောင်လေး မဟုတ်တော့ပေမယ့် ထယ်ယောင်းထက်တော့ အနည်းငယ် ထွားနေသေးတယ်။" ဟျောင်းန်ဆီကို အမြဲပြန်လာချင်နေခဲ့တာ
ကျွန်တော့်ကို စိတ်ဆိုးနေမလား.. တခြားတစ်ယောက်ကိုပဲ
ရွေးချယ်ပြီးသား ဖြစ်နေမလား တကယ်ပဲ ကျွန်တော့်ကို
မေ့နိုင်သွားပြီလားဆိုပြီး စက္ကန့် တိုင်း ကြောက်ရွံ့နေမိခဲ့တယ်တစ်ခါတစ်လေကျတော့လည်း
အရမ်းခံစားရတဲ့အချိန်တွေမှာ ဟျောင်းန်ကျွန်တော့်ကို
မေ့သွားရင်ကောင်းမှာပဲလို့ တွေးမိပြန်ရော.. အကယ်၍
ကျွန်တော် တောင့်မခံနိုင်ဘဲ သေသွားခဲ့ရင်
အနည်းဆုံးတော့ ဟျောင်းန် ကျွန်တော့်ကြောင့် မနာကျင်ရတော့ဘူးဆိုပြီး စဉ်းစားမိပြန်တယ် "ဂျောင်ဂုဟာ ဒီနှစ်တွေအတွင်း သူခံစားခဲ့ရသမျှကို
ထယ်ယောင်းကို လေသံအေးလေးနဲ့ ပြောပြနေတာမို့
သူ့ငိုသံကို ထိန်းချုပ်ရင်း ဂျောင်ဂုပြောသမျှကို သေချာ နားထောင်နေမိတယ်။ ဒီအသံချိုချိုလေးတွေကို သူဘယ်လောက် တောင့်တနေခဲ့ရသလဲလေ။" ကျွန်တော် ဘယ်လောက်သဝန်တိုတတ်လဲ သိတယ်ဟုတ်
ဟျောင်းန်ကို တခြားလူနဲ့ ထားခဲ့ပြီး ထွက်သွားဖို့ထိ ကျွန်တော် မရူးမိုက်ချင်ဘူး ဟျောင်းန်က ကျွန်တော့်အပိုင်ပဲ
ကျွန်တော် ဟျောင်းန်အတွက်ပဲ ဒီရောဂါကို တိုက်ထုတ်ပြီး
ရှင်သန်ဖို့ ကြိုးစားခဲ့တာ ကျေးဇူးတင်ပါတယ်
ကျွန်တော့်ကို စောင့်နေခဲ့ပေးလို့ "
YOU ARE READING
DDAENG
Fanfictionမှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ မှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ Jeon Jung kook × Kim Tae Hyung Kim Seok Jin × Min Yoongi Paring: Taekook, Sin Un...