His first step

6.9K 852 39
                                    

ဆိုဖာတစ်ခုပေါ် အားလျော့စွာ ထိုင်လိုက်ခြင်းနဲ့အတူ
သက်ပြင်းချသံ ခပ်တိုးတိုးဟာလည်း.. တိတ်ဆိတ်နေတဲ့
အခန်းတွင်းမှာတော့ ကျယ်လောင်နေသယောင်။
မျက်စိအစုံကို မှိတ်ချလိုက်တော့..
သူ့ခါးကို ရစ်တွယ်ထားတဲ့ လူရဲ့ မျက်နှာဟာ မဖိတ်ခေါ်ပါပဲ
ပြတ်သားစွာ သူ့အတွေးတွေထဲ ထင်ဟပ်လာပြန်တယ်။

ထိုလူရဲ့ မဲ့ပြုံးတစ်ခုကို
အခုချိန်ထိ မြင်ယောင်နေမိတာကို ယွန်းဂီသူ့ကိုယ်သူ
အံ့သြမဆုံးဖြစ်ရတယ်။ ဆော့ဂျင်ရဲ့ အရပ်ရှည်ရှည်နဲ့
ယှဉ်လိုက်ရင်.. သူဟာ တကယ့်ကို ရင်ခွင်မှီ အရပ်ပါပဲ။

ဆော့ဂျင်ရဲ့ အရောင်အဝါတွေဟာ
သူ့ကို စတင်လွှမ်းမိုးလာသလို ခံစားရတယ်။ သူ့အကြည့် တစ်ချက်နဲ့တင် ယွန်းဂီရဲ့ စိတ်တွေဟာ ယောက်ယတ်ခတ် လာသလို.. ခပ်အေးအေး ပြောတဲ့ လေသံတစ်ခုဟာ
သူငြင်းဆန်နိုင်စွမ်းမရှိတဲ့အထိ.. ။

သူစိတ်ကိုသူ နားမလည်နိုင်ဘူး။ သူ့ဆီမှာ ချစ်ရမယ့် ထယ်ယောင်းရှိတယ်။ ဒါပေမယ့် အဲ့လူနဲ့ ပတ်သက်ပြီး ထူးဆန်းနေတဲ့ ခံစားချက်တွေဟာ သူ့စိတ်ကို တနုံ့နုံ့နဲ့
ဒုက္ခပေးနေပြန်တယ်။

ယွန်းဂီ အရှူပ်အထွေးတွေ ဖြစ်လာမှာကို မလိုလားဘူး ။
ဒါကြောင့်မို့.. အတတ်နိုင်ဆုံး အဲ့လူနဲ့ မတွေ့နိုင်အောင်
ရှောင်ဖို့နဲ့ SJ နဲ့ပတ်သက်တဲ့ ကိစ္စတွေအားလုံး သူ့အဖေကိုပဲ အကြောင်းပြချက် တစ်ခုခုပေးပြီး
ဆက်ပြီး တာဝန်မယူတော့ဖို့လိုတယ်။ ဝံပုလွေလို လူကြီးနဲ့ ကစားမိရင် အကျိုးဆက်က မကောင်းနိုင်မှာတော့
အသေအချာပဲ..။ ယွန်းဂီ ကြိုတွေးမိတဲ့ ကိစ္စတိုင်း မမှားယွင်းနိုင်ဘူးဆိုတာ သူ့ဘက်က အားသာချက်တစ်ခုပဲ။

နောင်တဆိုတဲ့အရာကတော့ အခါးသီးဆုံးပေါ့။

" Boss ကျွန်မပါ "

အခန်းတံခါးခေါက်သံနဲ့အတူ ယွန်းဂီရဲ့ အတွင်းရေးမှူး
အသံက ဆက်လျက် ပါလာတယ်။

" အင်း ဝင်လာခဲ့ "

ယွန်းဂီ ဆိုဖာပေါ် ခေါင်းမှီထားလိုက်ရင်း မျက်လုံးတွေကို
မှေးစင်းထားမိတယ်။ သူ့အတွင်းရေးမှူးမလေးကတော့
ဒေါက်ဖိနပ်သံနဲ့အတူ သူအရှေ့ကို ရောက်လာပြီမှန်း သတိထားမိလိုက်တယ်။

DDAENGWhere stories live. Discover now