Follow his Dream

5.7K 751 44
                                    


ဂျောင်ဂုနှိုးထလာတဲ့အချိန်ဟာ နေ့လည်ခင်းတောင်
ရောက်တော့မယ်။ မနေ့ညက သောက်ထားတဲ့ ဘီယာဗူးခွံတွေနဲ့ အမှိုက်တွေကို ထယ်ယောင်းရှင်းထားလိုက်ပုံရတယ်။
ဆိုဖာပေါ် တစ်ညလုံး အိပ်ထားခဲ့တာမို့ တစ်ကိုယ်လုံး ညောင်းညာနေတယ်။

ထယ်ယောင်းကို ဝေ့ဝဲရှာမိနေတုန်း... မနေ့ညက မူးရူးနေတဲ့
ထယ်ယောင်းမဟုတ်သလို ရေမိုးချိုးပြီးသန့်ပြန့်စွာ ဝတ်ဆင်ကာ အခန်းထဲက ထွက်လာလေရဲ့။
ထယ်ယောင်း ဂျောင်ဂုကိုမြင်တော့ အသိအမှတ်ပြုသည့်
အကြည့်တစ်ချက်မှလွဲ၍ ဘာစကားတစ်ခွန်းမှမပြောပေ။

" ဘယ်သွားမလို့လဲ? "

ဂျောင်ဂုအမေးကြောင့် ရှူးဖိနပ်ကြိုးတွေနဲ့ အလုပ်ရှူပ်နေတဲ့
ထယ်ယောင်းလက်တွေ ရပ်တန့်သွားကာ ဂျောင်ဂုကို
လှည့်ကြည့်လာတယ်။ ထယ်ယောင်းရဲ့ မျက်ဝန်းတွေဟာ
ဗလာဖြစ်နေသလို ခံစားချက်မျိုးကိုပေးတယ်။

" မင်းစားဖို့ ဘာမှမပြင်ထားခဲ့ရဘူး တစ်ခုခုမှာစားလိုက်
မဟုတ်ရင်လည်း အပြင်ထွက်စားလိုက်တော့ "

အမေးတခြား အဖြေတခြားနဲ့ ထယ်ယောင်းဟာ တိုက်ခန်းထဲက ထွက်သွားလေရဲ့။ ဂျောင်ဂု ခပ်ဖွဖွသာ
ပြုံးလိုက်ပေမယ့် မျက်ဝန်းတွေကတော့ စူးရှနေတယ်။
ထယ်ယောင်း သူမသိတာတစ်ခုခုလုပ်ဖို့ ကြံနေပုံရတယ်။
ဒီကျားပေါက်လေးက သူ့လိုလူကိုဖုံးကွယ်ဖို့ ဘာကြောင့်
ကြိုးစားနေရတာပါလိမ့်။

စားပွဲပေါ်က ဖုန်းကိုယူလိုက်ပြီး နံပတ်တစ်ခုကို ခေါ်ဆိုလိုက်တယ်...။

" သူသွားတဲ့နောက်လိုက် အသေးစိတ်ကအစ သိချင်တယ်"

တစ်ဖက်က နာခံစွာ ဖုန်းချသွားတဲ့နောက်
အပြုံးတစ်ခုဟာ သူ့မျက်နှာထက် အဓိပ္ပာယ်မဲ့စွာ ပေါ်လာပြန်တယ်။ ကျားပေါက်လေးကို လှောင်အိမ်ထဲ ထည့်သင့်နေပြီလားဆိုတာကို သူသေချာစဉ်းစားရတော့မယ်။

.
.
.
.
.
.
.
.
.
.
.
.
.

" ဘာလို့ မျက်နှာက မပျော်သလိုဖြစ်နေရတာလဲ ယွန်းရဲ့ "

လမ်းချိုးကို သပ်ရပ်စွာကွေ့ရင်း အလိုမကျဖြစ်နေတဲ့
ဘေးက ယွန်းဂီကို လေသံအေးအေးနဲ့သာ ဆော့ဂျင်ပြောလိုက်ပေမယ့် ယွန်းဂီရဲ့မျက်နှာဟာ
ပိုလို့တောင် မှောင်မည်းလာသေးတယ်။ အတင်းအကြပ်ဆွဲခေါ်လာမှုကြောင့်
ရဲနေတဲ့ လက်ကောက်ဝတ်ကိုမြင်တော့ သူအနည်းငယ်စိတ်မကောင်း ဖြစ်မိတယ်။ ဖြူဖြူအုအု
စီအီးအိုလေး တော်တော်နာကျင်သွားမှာ...။

DDAENGWhere stories live. Discover now