Believe or Lie

6.4K 784 29
                                    


သုံးပုလင်းမြောက်ဖြစ်တဲ့ ဆိုဂျူပုလင်းကို
ကောက်မော့ရင်း ထယ်ယောင်း ညစ်ကျယ်ကျယ်
ပြုံးလိုက်တယ်...။ စိတ်ညစ်ရင်
အရက်သောက်ကြတယ် ဆိုတဲ့ သဘောကို သူအရင်က
နားမလည်နိုင်ခဲ့ဘူး။ ဒီခါးသက်သက်အရည်တွေဟာ
လည်ချောင်းထဲ ပူလောင်စွာ စီးဆင်းသွားတယ်။
ရီဝေဝေ ဖြစ်လာတာနဲ့အတူ... အတွေးတွေဟာ
စတင်လွတ်မြောက်လာသလို ခံစားရတယ်...။

ရင်ထဲက ခံစားချက်တွေကို ဦးနှောက်က ထိန်းချုပ်နိုင်စွမ်း
မရှိတော့ဘူး။ သူဒေါသထွက်ချင်တယ်၊
ပေါက်ကွဲချင်တယ်၊ ခံစားချက်တွေကို တစ်စုံတစ်ယောက်ကို
ဝေမျှချင်မိတယ်....။ ဒါပေမယ့် တစ်ကောင်ကြွက် ဖြစ်တဲ့
သူ့မှာ ရင်ဖွင့်စရာလူမရှိဘူး။

ကိုယ်ချစ်ရတဲ့လူကိုလည်း
ဆွဲထားနိုင်စွမ်းမရှိဘူး။ ဘယ်လောက် ညံ့ဖျင်းလိုက်သလဲလေ။ ယွန်းဂီကို အမည်မသိလူကြီးလူကောင်း တစ်ယောက်က အရုပ်ကလေးလို စွေ့ခနဲ ပွေ့ချီသွားတဲ့ မြင်ကွင်းကို
အရူးတစ်ယောက်လို ကြည့်ရင်း ကျန်နေခဲ့တယ်....။

နောက်ဆုံးတော့ သူကိုယ်တိုင်လည်း သူအပြစ်တင်မိခဲ့တဲ့
လူတွေလို... အရက်ဆိုင်ရောက်လာတော့တာပဲ။

ဖက်တွယ်စရာ ဘာတစ်ခုမှ မရှိတဲ့ဘဝမှာ
ယွန်းဂီ တစ်ယောက်ကသာ သူနားခိုရာ ရင်ခွင်ဖြစ်လာခဲ့တယ်။ ဒါကိုတောင် နတ်ဘုရားက
မကျေမနပ်ဖြစ်နေရသေးတာလဲ...။ ဘာဖြစ်လို့
သူ့ဘဝထဲက အရေးပါတဲ့ လူသားတိုင်းကို ဆွဲထုတ်ချင်ရတာလဲ။ ဘဝကြီးက ဒီလိုပဲ ပျင်းခြောက်ခြောက်နဲ့ အထီးကျန်စွာ ကုန်ဆုံးသွားတော့မှာလား...??

တစ်ခါတစ်လေတော့လည်း ကမ်းကုန်အောင် အတ္တဆန်ပြီး
မိုက်မဲပစ်လိုက်ချင်ရဲ့.....။

.
.
.
.
.
.
.
.

ထယ်ယောင်း မနေ့ညက အတော်လေး
သောက်တာများသွားခဲ့တယ်...။ သိပ်မသောက်တတ်တဲ့
လူလည်းဖြစ်တော့ ဆိုဂျုသုံးပုလင်းဟာ
အသိစိတ်ပျောက်သွားလောက်တဲ့အထိ လုံလောက်တယ်။
သူရောက်နေတဲ့နေရာကို ကောင်းကောင်း ရင်းနှီးနေတယ်။
ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ အငွေ့အသက်တွေ..။

ဂျောင်ဂု...?

အနည်းငယ် ခေါင်းကိုက်နေပေမယ့် သူအလျင်အမြန်
ထရင်း အခန်းထဲက ထွက်လာခဲ့တော့
ဧည့်ခန်းထဲ ဂိမ်းဆော့ရင်း ဆူညံနေတဲ့ ဂျောင်ဂု..။
ဒီကောင်လေး သူ့ကိုဘယ်လိုတွေ့ပြီး ခေါ်လာခဲ့သလဲ။
ထယ်ယောင်းတစ်ခုမှ စဉ်းစားမရတော့။

DDAENGWhere stories live. Discover now