He changed everything

5.4K 742 25
                                    


ကားငယ်အတွင်းမှာ ခပ်တိုးတိုးကြားနေရတဲ့
ရေဒီယိုလှိုင်းတစ်ခုမှ သီချင်းသံခပ်အေးအေးကလွဲ၍
တိတ်ဆိတ်နေတယ်။ ကားမောင်း​နေတဲ့ ဂျောင်ဂုရဲ့မျက်နှာဟာ
လိုအပ်တာထက် ပိုပြီး တည်ငြိမ်လို့နေတယ်။ ထယ်ယောင်းလည်း အလိုလျောက် တိတ်ဆိတ်နေမိလေရဲ့။
ကားငယ်ဟာ လမ်းမကြီးထက် ညင်ညင်သာသာ ရွေ့လျားနေရင်း.. လူခြေတိတ်ရာဘက်ကို ဦးတည်လာတယ်။

လူရှင်းတဲ့ ပန်းခြံတစ်ခုနားရောက်တော့ ဂျောင်ဂုကားကို
စက်သတ်လိုက်တယ်။ ဘာကြောင့်ရပ်လိုက်လဲ ထယ်ယောင်း
မမေးမိ။ ဂျောင်ဂုလည်း တစ်စုံတစ်ခုမေးဖို့ရာ
သက်ပြင်းတချချနဲ့ အရှိန်ယူနေတယ်။ ထယ်ယောင်း
ခပ်ဝေးဝေးက ပန်းပွင့်တွေကိုသာ လှမ်းကြည့်နေလိုက်တော့တယ်။ အနည်းဆုံးတော့
စိတ်သက်သာရာရမလားလို့လေ...။

" ဘာလို့ အသိမပေးဘဲ တစ်ယောက်ထဲ လုပ်ချင်ရာလုပ်နေရတာလဲ ကျွန်တော်က တကယ်ပဲ
အရေးမပါဘူးလား ဟျောင်းန်..! "

" ငါ့အိပ်မက်တွေကို အခုအကောင်အထည်ဖော်တယ်
ငါဖြစ်ချင်တာကို ထလုပ်တယ် မင်းကိုအသိမပေးလို့ စိတ်ဆိုးရအောင် မင်းနဲ့ငါနဲ့က ဘာတွေမို့လိုလဲ ဂျောင်ဂု "

" ဘာ.. ဘာရယ်? "

ဂျောင်ဂု ဒေါသတွေထွက်လာကာ ကား စတီယာတိုင်ကို
ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။ ထယ်ယောင်းရဲ့
အကြင်နာတရားမရှိတဲ့စကားတွေဟာ စာစီထားသလို
ထွက်ကျလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ထယ်ယောင်း
စိတ်ထဲမှာ သူ့အတွက် တစ်နေရာစာတော့ ရှိလိမ့်မယ်
ထင်မိခဲ့တယ်...။

" အရက်အတူသောက်ရုံနဲ့ ငါ့အတွင်းရေးတွေထိ ဝင်စွက်ဖက်လို့ရတယ်လို့ မင်းဘယ်လိုတောင် အထင်ကြီးနေခဲ့ရတာလဲ ဟက်.. မင်းတို့အားလုံးကအတူတူပဲ
ငါ့ကိုအရုပ်တစ်ရုပ်ကို ခြယ်လှယ်လို့ရမယ်ထင်နေခဲ့တာလား"

" ဟျောင်းန်..?? ကျွန်တော်က.. "

ဂျောင်ဂု ဖြေရှင်းခွင့်မရသေးခင်မှာပဲ
ထယ်ယောင်း ကားပေါ်ကဆင်းသွားတော့တယ်။ ရုတ်တရက်ကြီး ထယ်ယောင်းအခြေအနေက ပြောင်းလဲသွားခဲ့ရတာလဲ? ဂျောင်ဂု ထယ်ယောင်းအနောက်ကို
အပြေးလိုက်သွားကာ ပုခုံးကနေ ဆွဲလှည့်လိုက်ပြီး..
ဖြေရှင်းဖို့ကြိုးစားပေမယ့် ထယ်ယောင်းက အတင်းရုန်းကန်
လာတယ်။ ဂျောင်ဂု စိတ်မရှည်တော့တဲ့အဆုံး
ထယ်ယောင်းရဲ့ ပါးပြင်နှစ်ဖက်ကို ဆွဲယူကာ နှုတ်ခမ်းတွေကို
ဖိကပ်ပစ်လိုက်တော့တယ်။

DDAENGWhere stories live. Discover now