Sorry is not enough but

5.1K 729 15
                                    


ဂျောင်ဂု မေ့မျောနေတဲ့ ရက်တွေ အတွင်း
ဆေးရုံမှာပဲ ထယ်ယောင်းရှိနေခဲ့တယ်။ အိမ်မပြန်ဖြစ်တာမို့
အဝတ်အစားတွေ နေ့လည်စာစားဖို့တွေကိုတော့..
Studio က လက်ထောက်ကောင်လေးက ကူညီပေးတာမို့
သိပ်ဒုက္ခမများရပေ။ ဂျောင်ဂုမေ့နေတာ သုံးရက်လောက်ရှိနေပြီ။ ဆရာဝန်ပြောစကားအရ တစ်ပတ်အတွင်း သတိမလည်လာရင် ကိုမာဝင်သွားနိုင်တယ်
ဆိုတာမို့ ထယ်ယောင်း အိပ်ပျက်ညတွေချည်း ဖြစ်ခဲ့ရတယ်။

ဂျောင်ဂုရဲ့ သူငယ်ချင်း အချို့လည်း ရောက်လာကြပြီး
အားပေးစကားအမျိုးမျိုး ပြောသွားကြတာမို့.. အနည်းငယ်တော့ စိတ်သက်သာရသလို။ ကောင်မလေး
တစ်ယောက် ပေးသွားတဲ့ tiger lily ပန်းတွေကို
ပန်းအိုးအသေးတစ်ခုထဲ ထည့်လိုက်ပြီး ဂျောင်ဂုအနားက
စားပွဲပေါ် တင်ထားလိုက်တယ်။ ဂျောင်ဂုရဲ့မွေးနေ့ပန်းဖြစ်တာမို့ ဂျောင်ဂုအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ်လို့ မျှော်လင့်ရတာပဲ။

" Nae ~ ဝင်ခဲ့ပါ "

တံခါးခေါက်သံကြားပေမယ့် သူနာပြုတစ်ယောက်ယောက်လို့ပဲ ထင်မိတာမို့ တံခါးကို
ကျောပေးထားရင်းနဲ့သာ ဝင်လာခဲ့ဖို့ လှမ်းပြောလိုက်တယ်။
ခြေသံက နှစ်ခုဖြစ်နေတာမို့ အနည်းငယ်ထူးဆန်းလို့နေတယ်။
သို့ထက်.. ထယ်ယောင်း လှည့်ကြည့်မိတဲ့အချိန်မှ
ပိုထူးဆန်းနေတယ်။

" မင်..? "

ညစာစားပွဲနေ့က နောက်ဆုံး တွေ့ခဲ့ရတဲ့ယွန်းဂီကို
မြင်လိုက်ရတော့ ထယ်ယောင်း ရုတ်တရက် အံ့သြနေမိတယ်။
ယွန်းဂီကလည်း မဆက်သွယ်ခဲ့သလို၊ ထယ်ယောင်းဘက်ကလဲ မဆက်သွယ်ခဲ့။ ယွန်းဂီနဲ့အတူ
ပါလာတဲ့လူကြောင့် ထယ်ယောင်း ယွန်းဂီကို
ထပ်ပြီး စိတ်ဆိုးမိပြန်တယ်။ ကင်မ်ဆော့ဂျင်ဆိုတဲ့လူကို
ဘာကြောင့် ဒီကိုခေါ်လာခဲ့ရသလဲ။

" ဘာကိစ္စရှိလို့လဲ? လူနာနဲ့ မိတ်ဆွေတွေလား "

ထယ်ယောင်းရဲ့ အရွဲ့တိုက်တဲ့စကားကြောင့် ယွန်းဂီ
မျက်နှာပျက်သွားတယ်...။ ဆော့ဂျင်ကတော့ သူနဲ့မဆိုင်သလို
ခပ်တည်တည်သာ ယွန်းဂီဘေးနား ရပ်နေတယ်။

" ကိုယ်တောင်းပန်ပါတယ် ထယ်.. ခဏ စကားပြောရအောင်"

သူ ခဏတွေဝေသွားပေမယ့် ခွာလက်စ ပန်းသီးပန်းကန်ကို
ချထားလိုက်ကာ ယွန်းဂီထွက်သွားတဲ့နောက် လိုက်လာခဲ့တယ်။ ဆော့ဂျင်ကတော့ အခန်းထဲမှာပဲ
ကျန်နေခဲ့တယ်။ ဆေးရုံ ထဲက လူရှင်းတဲ့ တစ်နေရာရောက်မှ
သူတို့ခြေလှမ်းတွေကို ရပ်တန့်လိုက်ကြတယ်။

DDAENGWhere stories live. Discover now