The one that got away

5.4K 641 37
                                    


ဆေးရုံဝတ်စုံခပ်ပါးပါးသာ ဝတ်ထားတဲ့သူ့အား လေစိမ်းတွေ
တိုက်ခတ်လာတာမို့... ခေါင်မိုးထပ်မှာ ကြာကြာမနေနိုင်တော့ဘဲ ထယ်ယောင်းပြန်ဆင်းလာခဲ့တယ်။
ဂျောင်ဂုအခန်းကို လောလောဆယ် မသွားချင်သေးပေ ။
သူ့အခန်းထဲကိုသာ ဝင်လာခဲ့ပြီး ခဏတာမှိန်းနေလိုက်တယ်။
ခဏနေရင် ဆရာဝန်ကြီးရောက်လာတော့မှာဖြစ်ပြီး...
သူဆေးရုံဆင်းနိုင်တော့မှာဖြစ်လေတယ်။

မျက်လွှာမှိတ်ချလိုက်တဲ့နောက် ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စက်တွေကို မဖယ်ရှားမိ။ ဂျောင်ဂုလုပ်ရပ်ကို ပြန်တွေးမိတိုင်း တဆစ်ဆစ်နာကျင်ရဆဲမို့ ဒီရက်ထဲမှာ
မျက်ရည်နဲ့ ထယ်ယောင်းဟာ ခွဲခွာမရဖြစ်နေတယ်။ ဂျောင်ဂု
သူ့နဲ့ လမ်းခွဲပြီး ဟိုသူနာပြုမနဲ့ လက်ထပ်သွားကြလိမ့်မယ်
ဆိုတဲ့အထိတောင် သူအရှည်ကြီး တွေးလိုက်မိတယ်။ မနေ့ နေ့လယ်က အဲ့ဒီအဖြစ်အပျက်ပြီးတဲ့အထိ ဂျောင်ဂုကို
သူသွားမတွေ့မိဘူး။ ဂျောင်ဂုက သက်သာကာစလူနာမို့...
စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ ထယ်ယောင်းဆီ အရင်လို
ရောက်မလာတာဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သူ့ကို အရေးမပါတော့ဘူးလို့ မှတ်ယူလိုက်တာမို့ လမ်းလျှောက်နိုင်နေပေမယ့် သူ့ကိုလာမတွေ့တာ ဖြစ်ကောင်းဖြစ်မယ် ။ ဆေးရုံကုတင်ပေါ် လှဲနေရတဲ့ နာရီပေါင်းများစွာဟာ စိတ်အပင်ပန်းဆုံး ဖြစ်တယ်။ စက္ကန့်နဲ့ အမျှ နာကျင်နေတဲ့ နှလုံးသားဟာ ပင်ပန်းနွမ်းနယ်နေလှပြီ။

ဖြစ်နိုင်ရင် အချိန်တွေကို နောက်ပြန်ဆုတ်လိုက်ချင်မိတယ်။
ယွန်းဂီနဲ့သာ မတွေ့ဆုံခဲ့ဘူးဆိုရင်..၊ ဂျောင်ဂုနဲ့ရော အခုလိုအခြေအနေမျိုး၊ အခုလိုပတ်သက်မှုမျိုးတွေ မရှိလာနိုင်လောက်ပါသလား။ သူတစ်ယောက်ထဲ အထီးကျန်ကျန်ဖြတ်သန်းနေရခြင်းက ဒီလောက်တော့
နာကျင်ခံစားနေရလိမ့်မယ်လို့ မထင်ဘူး ။ အရာရာတိုင်းဟာ
ကံကြမ္မာဆိုတဲ့ နာမ်တစ်ခုကြောင့်ဆိုပြီးသာ အပြစ်တင်လိုက်ကြတယ် ။ ဘယ်သူတွေကများ ဖြစ်လာမယ့်
အကြောင်းအရာတွေကို ကြိုတင်သိမြင်ထားနိုင်ပါ့မလဲ။

အခန်းတံခါးပွင့်သွားတာနဲ့အတူ လူလေးယောက်ခန့်ရဲ့
ခြေသံတွေဟာလည်း နားထဲတိုးဝင်ရောက်လာတယ်။ ထယ်ယောင်း ထကြည့်မိတော့ ယွန်းဂီနဲ့အတူ ဆော့ဂျင်ရယ်
ဆရာဝန်ကြီးရယ်..၊ လက်ထောက် ဆရာဝန်တစ်ယောက်ရယ်
ဖြစ်တယ် ။ ထယ်ယောင်းကို ဘယ်လိုပြုမူနေထိုင် စားသောက်ရမယ်ဆိုတာတွေ ညွှန်ကြားနေတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့နားထဲဘာအကြောင်းအရာမှ ဝင်မလာခဲ့ပေ ။

DDAENGOù les histoires vivent. Découvrez maintenant