ထယ်ယောင်းလက်ထဲက နာရီကို ခဏခဏကြည့်ပြီး
တစ်စုံတစ်ယောက်ကို မျှော်နေတယ်။ သူဒီနေရာမှာ ထိုင်စောင့်နေတာ အတော်လေး ကြာသွားခဲ့ပြီ။ မကြာခင်
ရုပ်ရှင်အချိန်တောင်စတော့မယ်။ ဂျောင်ဂုဆိုတဲ့ ကောင်စုတ်လေးဟာ ပေါ်မလာသေးပေ။ စိတ်မရှည်တော့တဲ့အတိုင်း ဖုန်းဆက်ကြည့်တော့ ပထမတစ်ခေါက် မကိုင်ပေ။ ဒုတိယတစ်ခေါက်ကျတော့မှ
တစ်ဖက်က အိပ်ချင်မူးတူးအသံဖြင့် ဖုန်းဖြေလာတာမို့...
ထယ်ယောင်းတောင် အံ့သြသွားရတယ်။" ဂျောင်ဂု ငါစောင့်နေတာတော်တော်ကြာနေပြီ မင်းဘယ်နားမှာလဲ "
" ဟျောင်းန်က ဘာလို့စောင့်နေတာလဲ ကျွန်တော်အိပ်ပျော်နေတာ "
" ဘာ! မင်းပဲ ရုပ်ရှင်အတူကြည့်ချင်တယ်ဆိုပြီး နားညီးအောင် ဂျီကျထားလို့ ငါသဘောတူခဲ့တာလေ "
ထယ်ယောင်းရဲ့ ဒေါသတကြီးအော်သံကြောင့်
ဂျောင်ဂုခေါင်းကြီးသွားတယ်။ တကယ်သေရောပဲ။ သူဘာလို့
ဒီလိုအရေးကြီးတာမျိုးကို မေ့နေခဲ့ရတာလဲ။
တစ်ဖက်က ဖုန်းကိုင်ထားရင်း ချက်ချင်း ကပြာကယာထပြီး..
ကားသော့ကို ရှာရတယ်။" ကျွန်တော်တောင်းပန်ပါတယ် ဟျောင်းန်
အမြန်ဆုံး ရောက်အောင်လာခဲ့မယ် ဘယ်မှမသွားနဲ့နော် "" ဖြည်းဖြည်းမောင်းလာခဲ့နော် "
" စိတ်ချပါ "
တီခနဲကျသွားတဲ့ဖုန်းကိုကြည့်ရင်း ထယ်ယောင်း
သက်ပြင်းချမိတယ်။ ဘာကြောင့် ဂျောင်ဂုလိုလူက ဒီလိုချိန်းဆိုမှုကို မေ့နေရသလဲမသိပေ။ ပုံမှန်အတိုင်းသာဆို
အချိန်မရောက်သေးခင် တစ်နာရီလောက် အလိုကတည်းက
လာစောင့်နေမယ့်လူမျိုး...။
မိနစ်နှစ်ဆယ်လောက် ကြာပြီးတော့ ဂျောင်ဂုတစ်ယောက်
ချွေးတွေနဲ့ သူရှိရာသို့ရောက်လာတယ်။ နာရီဝက်လောက်
ကြာမယ့်အကွာအဝေးကို.. ဒီအချိန်နဲ့ ရောက်လာတယ်ဆိုကတည်းက ဂျောင်ဂုတော်တော်
မောင်းလာပုံရတယ်။ ရုပ်ရှင်အချိန်ကတော့ ကျော်သွားလေပြီ။" ချွေးတွေချည်းပဲ ကောင်စုတ်လေး "
" ကျွန်တော့်ကိုစိတ်ဆိုးသွားပြီလား ကျွန်တော်မှားပါတယ်
နောက်..နောက်မဖြစ်စေရဘူးမို့ စိတ်မဆိုးပါနဲ့နော် ဟျောင်းန်"

YOU ARE READING
DDAENG
Fanfictionမှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ မှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ Jeon Jung kook × Kim Tae Hyung Kim Seok Jin × Min Yoongi Paring: Taekook, Sin Un...