Epilogue ( Unicode )

7.6K 529 36
                                    


" ဂျွန်.. အထုတ်တွေစုံရဲ့လား "

" စိတ်ချပါ ကျွန်တော်က အမြဲတမ်း စေ့စပ်သေချာတယ် "

လူကြီးပေါက်လေး ဂျောင်ဂုရဲ့ အုန်းမွှေးလုံး ဆံပင်ကို
ထယ်ယောင်း အသည်းယားစွာ ဆွဲဖွလိုက်မိတော့
သဘောကျစွာ ငြိမ်ခံနေလေတယ်။ ရေချိုးထားကာစမို့
ခြောက်ခါစ ဆံပင်တွေဟာ ထယ်ယောင်းရဲ့ မျက်နှာထက်
ဝဲကျနေပုံက ဂျောင်ဂုအမြင်အာရုံတွေထဲ
ကဗျာဆန်လွန်းနေတယ်။ ခါးသိမ်သိမ်ကို ဆွဲဖက်ရင်း
မျက်နှာထက် စိတ်ကြိုက် အနမ်းခြွေမိတော့..
မနေတတ်စွာ ရုန်းကန်ရင်း ရယ်လေတယ်။

" နောက်မကျခင် အမြန်သွားရအောင် ပါပါးရေ "

ကားထဲက ထယ်ဂုလေးကတော့ အကဲပိုနေတဲ့ ထယ်ယောင်းတို့ အတွဲကို ကြည့်ရင်း.. စိတ်မရှည် ဖြစ်လာရတယ်။ နေ့တိုင်း တစ်နေ့လုံး အတူတူ ရှိနေကြတာတောင် ကြည်နူးလို့ မဆုံးနိုင်ကြဘူး။ ထယ်ဂုလေး အမြင်မှာ ပါပါးတို့ အတွဲဟာ သိပ်ကိုကဲလွန်းတယ်။
ဦးဦးယွန်းဂီတို့တောင် အဲ့လိုမဟုတ်ဘူး။

" လာပြီ သားရေ...
ဂျွန့် ဖယ်တော့! မိုးမချုပ်ခင်ရောက်မှ အဆင်ပြေမှာ "

" ဟွန့် ညကျရင် အတိုးရောအရင်းပါ ပေါင်းယူမယ် "

ဆူပုတ်ပုတ်ဖြစ်နေတဲ့ ဂျောင်ဂုရဲ့ နှာတံကို အသာညစ်ရင်း
ထယ်ယောင်း သဘောကျစွာ ရယ်နေမိတယ်။

" ဘာတွေ ပြောနေတာလဲ ထယ်ဂုနဲ့ တစ်ခန်းထဲ
အတူအိပ်ရမယ့်ဟာကို "

" ဟာဗျာ "

ဂျောင်ဂုကို လျှာထုတ်ပြောင်ပြကာ..
ကားထဲကို အပြေးဝင်သွားလိုက်တော့တယ် ။ ဂျောင်ဂုကတော့
ဆူပုတ်နေဆဲ..။ အနက်ရောင် ကားလေးဟာ အဝေးပြေး
လမ်းမကြီးထက် ပုံမှန်အရှိန်လေးနဲ့ သွားနေတယ်။
ဆောင်းဝင်ပြီမို့ ရာသီဥတုသာယာပြီး ကောင်းကင်ကြီးကလည်း တိမ်ကင်းစင်နေတယ်။

ကားလေးထဲမှာတော့ ထယ်ယောင်းနဲ့ ထယ်ဂုရဲ့
အပြိုင် သီချင်းဆိုနေကြသံလေးက ဝေဆာနေလျက် ရှိတယ်။
ဂျောင်ဂုကတော့ နေကာမျက်မှန်တပ်ထားကာ ကားမောင်းနေရင်း တစ်ချက်တစ်ချက်
သီချင်းသံအတိုင်း ခန္ဓာကိုယ်ကို လှုပ်ရှားနေတယ်။ ပြီးတော့
သားအဖပေါက်စနှစ်ယောက်ကိုလည်း ခဏခဏကြည့်ရင်း
ပြုံးမိတာ အမော။

DDAENGحيث تعيش القصص. اكتشف الآن