Revenge

5.6K 806 75
                                    


နေရောင်ခြည်ဖျော့ဖျော့က မှန်တွေကတစ်ဆင့်
ဆိုင်ခန်းထဲကို ထိုးကျနေတယ်။ ထယ်ယောင်းနဲ့ ဂျောင်ဂုကတော့ တကုပ်ကုပ်နဲ့.. အလုပ်ရှူပ်နေကြလေရဲ့။
ထယ်ယောင်း ငှါးထားတဲ့ ဆိုင်ခန်းအား
ကော်ဖီဆိုင်တစ်ခုအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေကြခြင်းပဲ
ဖြစ်တယ်။ အလုပ်သမားငှါးလို့ရပေမယ့် အမှတ်တရ အဖြစ်
ကျန်ရှိနေချင်တယ်ဆိုတဲ့ ဂျောင်ဂုစကားကြောင့်..
သူတို့နှစ်ယောက်ထဲ ကြိုးကြိုးစားစား ပြင်ဆင်နေတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ
နှစ်ယောက်လုံး စိတ်တိုင်းကျလုပ်ထားတဲ့ ဆိုင်လေးဟာ
ပြီးစီးသွားတော့တယ်...။

" နာမည်ကို ဘာပေးကြမလဲ ဂုကီ "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" နာမည်ကို ဘာပေးကြမလဲ ဂုကီ "

" အင်း.. Taekook ဆိုရင်ရော နှစ်ယောက်လုံးရဲ့
နာမည်တွေပါတယ် "

ဂျောင်ဂုအကြံကြောင့် ထယ်ယောင်း စဉ်းစားနေရင်း နှုတ်ခမ်းက ခပ်ဆူဆူဖြစ်လာတယ်။

" မင်းနာမည်က ဘာလို့ပါလာရတာလဲ? ငါ့ဆိုင်ပဲကို "

" အော်ဟော် ဟျောင်းန်ကိုကူပေးတာလဲ ကျွန်တော်
ရှယ်ယာကလည်း ပါရဦးမယ် မရဘူးနော် ကျွန်တော့်နာမည်
မပါရင် သိတယ်မလား ဟွန်း "

ကြောက်မက်ဖွယ် အပြုံးနဲ့ ခြိမ်းခြောက်လာတဲ့
ဂျောင်ဂုကို ထယ်ယောင်းအမြင်မှာတော့ ဒေါသထွက်နေတဲ့
ယုန်ပေါက်သေးသေးလေးလို့သာ မြင်နေတာမို့ အားရပါးရ
အော်ရီလိုက်မိလေရဲ့။ တိတ်ဆိတ်နေတဲ့ ဆိုင်ထဲမှာ
ထယ်ယောင်းရီသံက ဟိန်းသွားတော့တယ်။ ဂျောင်ဂုကတော့
ဆူပုတ်ကောက်ချိတ်နေပါရော...။

ထယ်ယောင်း Studio က တစ်ဖက်ရှိသေးတာမို့
ကော်ဖီဖျော်တဲ့ ဝန်ထမ်းတစ်ယောက်ကို ရှာရသေးတယ်။
ထယ်ယောင်းကိုလည်း ပြန်သင်ပေးနေတာမို့..
စိတ်ဝင်တစားလုပ်နေတဲ့ ထယ်ယောင်းဟာ ဂျောင်ဂုကို
ငုံထားမတတ် အသည်းယားလာစေတယ်။

DDAENGWhere stories live. Discover now