You make me begin

7.8K 932 50
                                    

ထယ်ယောင်း ရှေ့က ကောင်လေးဟာ ထမင်းကို
ခေါင်းမဖော်တမ်းစားနေတယ် ။ အတင်းဆွဲခေါ်လာခဲ့တာ
သူမဟုတ်သလိုပဲ ။ နေ့လည်စာစားချိန် နီးနေပြီမို့
ထယ်ယောင်းလည်း ကန်တင်းမှာပဲ ဂျုံးဂု နဲ့အတူ
စားဖြစ်တယ်။ ဒါပေမယ့် အခုထိ သူတို့ ဘာစကားမှ
မပြောရသေးဘူး။ အစားအသောက်မှာတာက လွဲလို့ပေါ့လေ။
အကြီးဖြစ်တဲ့ ထယ်ယောင်းကပဲ...
စမိတ်ဆက်ဖို့အတွက် လည်ချောင်းရှင်းလိုက်တယ်။

" ဒီက ညီနာမည်က ဘယ်လိုခေါ်လဲ "

သူ့အမေးကြောင့် ဂျုံးဂုရဲ့ လှုပ်ရှားမှုတွေ ခဏတုံ့ဆိုင်းသွားပြီး.. တစ်စုံတစ်ခု စဉ်းစားနေပြီးမှ
ထယ်ယောင်းကို ပြန်ဖြေလေရဲ့။

" ခင်ဗျား နာမည်အရင်ပြော "

ဒီကောင်လေးက တော်တေ် လက်ပေါက်ကတ်တာပဲလို့
ထယ်ယောင်း တွေးမိလိုက်တယ် ။ ဒါပေမယ့်.. ကျောင်းသားတစ်ယောက်နဲ့အပြိုင် စကားကို ကပ်ပြောရအောင်ထိ.. သူ့အသက်က ရင့်ကျက်သင့်နေပြီလေ။ တကယ်တော့ ထယ်ယောင်းက
ဂျုံးဂုထက် နှစ်နှစ်စွန်းစွန်းပဲ ပိုကြီးတာပါ။
ထယ်ယောင်း ဘွဲ့ရပြီးတာ နှစ်နှစ်ပဲရှိသေးတာကိုး။
ဂျုံးဂုတို့က final ရောက်ပြီလို့ ကြားထားတာမို့
သူအသက်ကို ခန့်မှန်းမိတယ်။

" မလွယ်တဲ့ကောင်လေးပဲ ဟျောင်းန် နာမည်​က
ကင်မ်ထယ်ယောင်း "

" ဂျွန်းဂျုံးဂု "

ထိုနာမည်သုံးလုံးက တစ်ချိန်မှာ သူ့ဘဝထဲကို
ဝင်နှောင့်ယှက်မှာကို ထယ်ယောင်းကြိုမမြင်နိုင်ခဲ့ပါဘူး။
သူ့မျက်စိထဲမှာတော့.. ချစ်ဖို့ကောင်းတဲ့
ယုန်ပေါက်လေးတစ်ကောင်လို၊ သူ့ဘဝရဲ့ နောက်ထပ်
အစိတ်အပိုင်းငယ်တွေထဲက တစ်ခုလိုပဲ... မှတ်ယူထားခဲ့တယ်...။

" ဟုတ်ကဲ့ မင်.. နေကောင်းရဲ့လား "

စားနေရင်း ယွန်းဂီဆီက ဖုန်းဝင်လာတာမို့ ဂျုံးဂုရှိနေမှန်းတောင် သတိမရတော့ဘူး။ ယွန်းဂီကို လွမ်းနေခဲ့တာမို့... သူ့အသံက ဘယ်လောက်ထိ
ပျော်ရွှင်နေမှန်း ခန့်မှန်းရမခက်ပါဘူး ။ သူသတိမမူမိတဲ့
ဂျုံးဂုကတော့.. လက်သီးဆုပ်ထားရင်း..
အကြည့်တွေက ခက်ထန်နေတယ်။
ထယ်ယောင်းကတော့.. ယွန်းဂီနဲ့ ဖုန်းပြောနေတုန်းပဲ။

DDAENGWhere stories live. Discover now