တိမ်ညိုတွေ ပြိုတဲ့အခါ ဝမ်းနည်းခြင်း
အမှတ်အသားက မိုးစက်တွေ ဖြစ်မယ်ဆိုရင်
ခံနိုင်ရည်စွမ်းတွေ ပြိုလဲတဲ့အခါ မျက်ရည်တွေက
ထွက်ပေါက်တစ်ခု ဖြစ်နေမလား ။နှလုံးသားတစ်ခုလုံး နာကျင်နေရခြင်းရဲ့ ရောဂါအရင်းအမြစ်က မင်းဖြစ်နေမယ်ဆိုရင်...
ငါရောဂါအကျွမ်းခံပါ့မယ် ။ ငါ့နှလုံးသားကို တိုက်စားခွင့်က မင်းတစ်ယောက်ထဲအတွက်ပဲ ဂျွန်။--------------------------------
ခြေလက်တွေ အချုပ်နှောင်ခံထားရတဲ့ ဂျောင်ဂုကို ငေးမောကြည့်နေရင်း ဝေ့သီလာတဲ့ မျက်ရည်စတွေကို သုတ်ပစ်ရတာ ဘယ်နှကြိမ်မြှောက် မှန်းမသိ ။ အကယ်၍ နိုးလာတဲ့ အချိန်များ သူ့မျက်ရည်တွေကို မြင်သွားတဲ့အခါ ဂျောင်ဂုကို စိတ်ဒုက္ခပေးရာ ရောက်သွားမလား စိုးရိမ်မှုတွေနဲ့ ထယ်ယောင်း မငိုမိအောင် တင်းထားရတယ်။ စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးအစွမ်းကြောင့် အိပ်မောကျနေတဲ့ ကောင်လေးရဲ့ မျက်နှာဟာ ဖြူစင်ခြင်းတွေ လွှမ်းမိုးလျက် ။
အတန်ငယ် ရှည်နေပြီဖြစ်တဲ့ ဆံနွယ်တို့ကို
နဖူးစပ်ပေါ်မှ ဖယ်ရှားရင်း နူးညံ့တဲ့ အနမ်းတစ်ချို့ကို အမှတ်အသားပြုမိတယ်။ ဒီလူသား အိပ်မက်လှစေရန် အလို့ငှာ...။ အချိုးအဆစ်တွေနဲ့ သေသပ်နေတဲ့ လက်ချောင်းတွေဟာ သူကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘူး ဆိုတဲ့ အသိက ဘယ်လောက်တောင် နာကျင်နေစေလိမ့်မလဲ။ မိနစ်အချို့ထိ ဂျောင်ဂုဘေးမှာ မလှုပ်မယှက် ထိုင်နေမိရင်း...
အတွေးပင်လယ်ထဲ ရွက်လွင့်နေမိတယ် ။ကုတင်ပေါ်က ဂျောင်ဂု ခန္ဓာကိုယ် လူးလွန့်လာတော့ ထယ်ယောင်း ထိုင်မရထမရဖြစ်ကာ စိတ်လှုပ်ရှားနေမိတယ် ။ ဂျောင်ဂုကို ဘယ်လိုအဖြေမျိုး ပေးလိုက်သင့်လဲ။ ကိုယ့် ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုအကြောင်းကို ကိုယ်ကသာ အသိဆုံးပေမို့ အမှန်တရားက သူ့အတွက် အနည်းငယ် ခံသာစေနိုင်မလား ။
" ဟျောင်းန်... "
မျက်ဝန်းအစုံပွင့်လာပြီး အသိစိတ်ဝင်ဝင်ခြင်း ဂျောင်ဂု ရဲ့ ဖြူဖျော့ဖျော့ နှုတ်ခမ်းပါးတွေက ထွက်လာတဲ့ စကားဟာ သူဖြစ်နေတယ် ။ ဆစ်ခနဲ နာကျင်လာတဲ့ နှလုံးသားက စိတ်လှုပ်ရှားမှုကို ပိုပြီး မြင့်တက်စေတယ် ။ ဂျောင်ဂုလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ရင်း သတိပေးလိုက်မိတယ်။

ESTÁS LEYENDO
DDAENG
Fanficမှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ မှားယွင်းမှုတွေ အားလုံးက သူနဲ့ပဲ စတင်ပြီး သူနဲ့ပဲ အဆုံးသတ်ကို ဖန်တီးခဲ့တယ်.... ။ Jeon Jung kook × Kim Tae Hyung Kim Seok Jin × Min Yoongi Paring: Taekook, Sin Un...