Love is not over

5.4K 744 33
                                    


ထယ်ယောင်း ဆံပင်တွေကို ညင်ညင်သာသာ
ပွတ်သပ်ပေးခြင်းခံနေရတယ်။ သူ့စိတ်ဝိညာဉ်ကပါ လွင့်မျော
နေတဲ့အတိုင်းပဲ။ နူးညံ့တဲ့ လက်ချောင်းတွေဟာ
သူ့ဆံပင်တွေကြားထဲ ပြေးလွှားဆော့ကစားနေတယ်...။
ထယ်ယောင်း.. မျက်လုံးမှိတ်ထားရင်ပင် ပြုံးလိုက်မိတယ်။
ဒီခံစားချက်မျိုးက သိပ်ကောင်းတယ် ။ Puppy လေး
တစ်ကောင်လိုတောင် ခံစားမိလာရတယ်။ သူ့သခင်ရဲ့
အယုအယကို သဘောကျနေသလိုမျိုး...။

ဒါပေမယ့် သူ့ဆံပင်တွေကို ဘယ်သူကဆော့ကစားနေတာလဲ? ထယ်ယောင်းလန့်ဖြန့်ပြီး
ငုတ်တုတ်ထကာ မျက်လုံးဖွင့်ကြည့်မိတော့.. သူ့ကိုပြုံးပြီး
ကြည့်နေတဲ့ဂျောင်ဂု။ ဂျောင်ဂုကုတင်ပေါ် မှောက်ပြီး သူအိပ်ပျော်နေခဲ့တာပဲ...။

" ဂျောင်..ဂျောင်ဂုကီ? ဘယ်တုန်းက သတိရလာတာလဲ
ဘယ်နားက နာနေသေးလဲ? "

ဂျောင်ဂုလက်ချောင်းတွေကို ဆုပ်ကိုင်ရင်း
စိုးရိမ်တကြီးနဲ့ မေးခွန်းတွေတောက်လျှောက်မေးနေပေမယ့်
ဂျောင်ဂုဟာ သူ့ကို တစ်ခါမှမမြင်ဖူးသလို ကြည့်နေတယ်..။

" ခင်ဗျားက... ဘယ်သူလဲ? "

ထယ်ယောင်း မျက်လုံးတွေပါ ပြာချင်သလိုဖြစ်သွားတယ်။
ဂျောင်ဂုက ဘာလို့သူ့ကိုမမှတ်မိရတာလဲ။ ဦးခေါင်းကို
အရမ်းပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့တာကြောင့်လား?
ဒါမှမဟုတ် သူ့ကို အရမ်း နာကျည်းခဲ့တာမို့ အလိုလျောက်
မှတ်ဉာဏ်တွေကို မေ့ဖျောက်လိုက်တဲ့သဘောလား?
ထယ်ယောင်း ခေါင်းထဲမှာ မေးခွန်းတွေနဲ့
ချာချာလည်ကုန်တယ်။

" ဟျောင်းန်လေ.. ကင်မ်ထယ်ယောင်းလေ! တကယ်ပဲ
မေ့သွားခဲ့တာလား? "

ဂျောင်ဂုဟာ သူ့မျက်နှာကို အတော်ကြာကြည့်ရင်း
တစ်ခုခုကို တွေးတောနေတယ်။ ထယ်ယောင်းကတော့
ရင်တွေပူမဆုံးနိုင်။ သူနာပြုတွေရော ဆရာဝန်ပါရောက်လာတဲ့အထိ ငူငူငိုင်ငိုင်ကြီးနေပြီး...
ဆက်တိုက်တွေးနေတဲ့ပုံပေါက်နေတယ်။
ဒဏ်ရာက မကြာခင်အရှင်းကောင်းတော့မှာ ဖြစ်ပေမယ့်
ထယ်ယောင်းကို မေ့သွားရတဲ့အကြောင်းအရင်းကို ဆရာဝန်တွေပါ ရှူပ်နေကြတယ်။ ဒါပေမယ့် ဂျောင်ဂုကို
ကောင်းကောင်း အနားယူဖို့သာပြောပြီး ပြန်သွားခဲ့တယ်။

DDAENGحيث تعيش القصص. اكتشف الآن