I'm not a Bunny

6.4K 818 34
                                    


ထယ်ယောင်း တစ်ယောက် ဂျောင်ဂုအိမ်မှာသောင်တင်နေတာ
လေးရက်လောက်ရှိပြီ။ အိပ်လိုက်စားလိုက်၊ ဂျောင်ဂုနဲ့
ပုတ်သတ်နေလိုက် သူတို့နှစ်ယောက် အတော်လေး ရင်းနှီး
လာကြတယ်။ တကယ်တမ်း ဂျောင်ဂုက ဆိုးသွမ်းနေတဲ့
ကောင်လေးမဟုတ်ပါဘူး။ကလေးဆိုးလေးတစ်ယောက်လိုပဲ။ အချော့ခံချင်တယ်၊ သူ့ကိုဦးစားပေးတာလိုချင်တယ်။

တက္ကသိုလ် ကျောင်းသားဖြစ်နေ
တာတောင်မှ.. ညအိပ်ရာဝင်ပုံပြင်တောင်းနေတတ်တာမျိုး။
တစ်ခါတစ်လေ သူ့အပြုအမူတွေ၊ စကားတွေက ထူးဆန်းနေ
တတ်တာကလွဲရင် အဆင်ပြေတယ်။ ထယ်ယောင်း အနည်းငယ်​တော့ ရိပ်မိပေမယ့် မသေချာတာမို့ တစ်ဖက်သတ်
တွေးပစ်ဖို့လည်း မဖြစ်နိုင်ပါပေ။ တကယ်မှန်နေခဲ့ရင်ရော..?
အကျိုးဆက်ကို ထယ်ယောင်း ရင်မဆိုင်ရဲပါပေ။

ယွန်းဂီကိုလည်း သူမဆက်သွယ်မိသလို ယွန်းဂီဘက်ကလည်း သူ့ကိုမဆက်သွယ်လာဘူး။ အဆင်ပြေရဲ့လား သိချင်မိပေမယ့် ဆက်သွယ်ဖို့ရာ သူရင်လေးနေမိတယ်။ အဲ့ဒီညက ကင်မ်ဆော့ဂျင်ဆိုတဲ့လူရဲ့
စကားတွေ၊ ယွန်းဂီကိုအရုပ်တစ်ရုပ်လို ကောက်ချီသွားခဲ့တာ
တွေ... သူဘယ်လိုနားလည်သင့်သလဲ။ ယွန်းဂီ အတွက်
သူဘယ်နေရာမှာ အသုံးဝင်သလဲ။ ယွန်းဂီကိုဘယ်လိုအထောက်အကူမျိုးပေးနိုင်လဲ။ အရာရာ
ပျော့ညံ့နေတဲ့သူ့ကို ယွန်းဂီကပဲအမြဲကာကွယ်ပေးခဲ့တာ
မဟုတ်လား... ။ သူက လက်တွဲဖက်ကောင်း
တစ်ယောက်ရော ဖြစ်နိုင်ရဲ့လား?

ပျံ့လွင့်နေတဲ့စိတ်တွေနဲ့အတူ သို့လောသို့လော အတွေးပေါင်း
များစွာဟာ စိတ်ကို ရောဂါပေးနေသလိုပဲ။ Relationship တစ်ခုတည်ဆောက်ရတာ အတော်ခက်ခဲတယ်။ တစ်ယောက်အပေါ်တစ်ယောက်
နားလည်ပေးသင့်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့ဒီ
နားလည်မှုတွေကပဲ ကြားထဲက ဆက်ဆံရေးကို အေးစက်
သွားစေသလား။ အချိန်မပေးနိုင်ခြင်းတွေကပဲ...
အချစ်လျော့သွားစေနိုင်သလား။ ကတိသစ္စာတွေကရော
အမြဲတည်နိုင်ရဲ့လား..???

လေးလံနေတဲ့ စိတ်တွေကရော အဖြေမှန်ကို ဆုံးဖြတ်ပေးနိုင်မတဲ့လား . . . . ။

" ဟျောင်းန် ဘာတွေတွေးနေတာလဲ မနက်စာရပြီလေ "

ဂျောင်ဂုအသံကြောင့် ထယ်ယောင်း အတွေးစကိုဖြတ်ရင်း
ထမင်းစားခန်းထဲဝင်လာလိုက်တယ်။ အငွေ့တထောင်းထောင်း
နဲ့ မနက်စာစားပွဲဟာ သိပ်ကိုနွေးထွေးတယ်။
မိဘမဲ့တစ်​​ယောက်​ ဖြစ်တဲ့ ထယ်ယောင်းအတွက် ဒီလိုမနက်စာမျိုးက ယွန်းဂီနဲ့ ကျောင်းသားဘဝတုန်းက
စားဖူးခဲ့တာကလွဲရင် အရမ်းရှားပါးလွန်းတယ်...။

DDAENGOnde histórias criam vida. Descubra agora