<zawgyi>
Artist Lounge ၏အလယ်တွင် ပြုံးပြုံးကြီး ပက်လက်ဖြစ်နေသော Jimin နှင့် သူ့အပေါ်တွင် ဆံပင်ရှည်များဖြင့် ဖုံးအုပ်လျက် ရင်ခွင်ထဲခေါင်းတိုးနေသော တစ်ယောက်...။
မြင်မြင်ချင်း Dolly ဆိုတာ သိလိုက်သည်နှင့် နားထင်သွေးဆောင့်တက်သွားသော Taehyung… အသံက မသိမသာနဲ့ အနည်းငယ်မာထန်၏။
“ဒါက ဘယ်လိုတွေဖြစ်နေကြတာလဲ”
Taehyung စကားမဆုံးခင်ပဲ Jimin အပေါ်မှ ပြာပြာသလဲ Dolly ကုန်းထလိုက်ပြီးနောက် သူ့မျက်နှာရိပ် မျက်နှာကဲကို မျက်လုံးဖြင့်အသာ ဝေ့ကြည့်နေစဉ် နဂါးမျက်စောင်းနှင့် စွေကြည့်လာသော သူနဲ့ အကြည့်ချင်းဆုံသွားတော့ သူမ ချက်ချင်း မျက်လွှာပြန်ချသွားသည်။
‘ဘာကြည့်တာလဲ မိပိုင်းလုံး? ခုနကတော့ Jimin ကိုယ်ပေါ်ကပ်ပြီး သာယာနေတာများ… တောက်တဲ့တောင် အရှုံးပေးရတယ်’
သူမအား အထင်သေးစွာ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မှ အင်္ကျီပေါ်မှ တံဆိပ်နှင့်... နောက်... ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော အထုပ်များကို တွေ့မိသည်။
‘ဟော! အခုတော့ မင်းက Delivery Girl ပေါ့? ဟဟ… ‘မင်း’ ပီသလိုက်တာ’
ဘာကို စိတ်တိုလို့ တိုနေမှန်းမသိ ဒေါသတွေသာ လှိမ့်ထွက်နေမိတဲ့ Taehyung… အခုမှ သူ့ခြေထောက်နားသို့ ရောက်နေသော Yeontan ကို မြင်မိတော့ ကောက်ချီ၍ Jimin ဘက်ကိုကြည့်လိုက်သည်။
အခန်းထောင့်ကပ်နေသော Dolly နှင့် စူပုပ်နေသော Taehyung လိုမဟုတ်တဲ့ Jimin ကတော့ ပြန်ထလာရင်း ပုံပျက်နေသော ဆံပင်အား ပုံကျသွားအောင် သပ်တင်နေရုံမှတစ်ပါး မျက်နှာအမူအရာမပျက်…။
“Taehyung ပါလား… အဟမ်း…”
ခုနအခြေအနေကြောင့် Dolly ဘယ်လောက်ရှက်သွားမယ်ဆိုတာကို နားလည်သူပီပီ နှောက်ယှက်သူ Taehyung အား Jimin မျက်လုံးပြူးပြပြီး ပြန်ထွက်သွားဖို့ အမူအရာဖြင့် စေခိုင်းနေသော်လည်း အထာမနပ်ဟန်ဆောင်နေသည့် Taehyung က မလှုပ်မယှက်…။
ယခုအချိန်ဟာ ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ရဲလို့ ခေါင်းငုံ့နေရတဲ့ Dolly အတွက် ထွက်ပြေးဖို့ အချိန်ကောင်းပင်…။
![](https://img.wattpad.com/cover/176920541-288-k698550.jpg)