<zawgyi>
“သားကို သတိရလိုက်တာရှင်”
“ရုတ်တရက်ကြီးပါလား မေကြီးရဲ့”
“ရှင့်ဆီက ရေမွှေးနံ့ကြောင့်ပါဖေကြီးရာ…။ ငယ်ငယ်က ရှင်နေ့တိုင်းရေမွှေးဆွတ်ပေးခဲ့တဲ့ ဝက်ဝံလေးက ခုဆို ရှင့်ကို အမြဲရေမွှေးဝယ်ပေးတဲ့ သားကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီလေ…။ ရယ်ချင်တာက သူခုချိန်ထိ အဲ့ရေမွှေးကို ဆွတ်နေတုန်းပဲ”
ဖခင်ဂိုက်ဖမ်းတတ်သော Taehyung လေးကို ပြန်မြင်ယောင်မိတော့ Mrs. Kim ပါးစပ်ရှေ့ လက်ကလေးဖြင့်ကာ၍ တစ်ယောက်တည်း ကျိတ်ပြုံးနေမိသည်။ဖခင်ဖြစ်သူအား စံထား၍ ခေါင်းအစခြေအဆုံး အမူအရာများအထိ အတုယူတတ်သည့် Taehyung လေး ငယ်စဉ်က Mr. Kim ရေမွှေးဆွတ်တိုင်း သူပါဆွတ်ချင်ခဲ့သဖြင့် ဖခင်ဖြစ်သူ Mr. Kim က အမြဲလိုလို မိုးလင်းတာနဲ့ ရေမွှေးဆွတ်ပေးလေ့ရှိသည်။
အချိန်တွေကုန်တာ မြန်လွန်းတာမှ အဲ့ဝက်ဝံလေးက ခုဆို လူလားမြောက်နေပြီမဟုတ်ပါလား…။မိသားစုအပေါ် သိတတ်လွန်းသည့် သားလေးတစ်ယောက်ကို မွေးထုတ်ပေးခဲ့ရသည့် မိခင်အနေဖြင့် ပီတိဆိုသည့် ခံစားမှုကြောင့် မျက်ရည်လေးတွေပါ ဝဲလာမိတာ သူမ အမှားတော့မဟုတ်…။
Mr. Kim ကလည်း Mrs. Kim နည်းတူ ဂုဏ်ယူစွာဖြင့် တုန့်ပြန်၏။
“ဟား ဟား… ကိုက သားကြီးအတွက် စံပြဖြစ်ခဲ့တာကိုး! မေကြီးရေ… မင်း ကို့လို ယောက်ျားမျိုး ပိုင်ဆိုင်ရတာ ကံကောင်းတယ်မှတ်ပါ”
“ဟုတ်ပါပြီရှင်… ယောက်ျားရကံကောင်းသလို သားရကံပါ ကောင်းလွန်းလို့ ကျွန်မဖြင့် သေပျော်ပါပြီ”
“မေမေရေးးးး”“သြော်… သားလေး နောက်ဆုံးတော့ နိုးလာပြီပေါ့? မနက်စာစားဖို့ အသင့်ပဲသားလေးရေ… သားကို စောင့်နေတာ…။ သမီးရေ!!! ထွက်ခဲ့တော့ ထမင်းစားကြစို့”
Taehyung မှလွဲ၍ ကျန်မိသားစုဝင်တို့ဖြင့် စုံညီသော Kim မိသားစုထမင်းဝိုင်းတွင် ထမင်းစားရင်း တစ်ခွီးခွီး ထထရယ်လိုက် ပြန်ထိန်းလိုက်ဖြင့် မျက်နှာပိုးမသေသည့် Eon Jin…။
“သမီးလေး... ဘာတွေသဘောကျနေတာလဲ?”
Mrs. Kim က သမီး၏ အပြုံးကို စပ်စုလိုက်ချိန် မောင်ငယ် Jeong Gyu နှင့် ဖခင်ဖြစ်သူ၏ အကြည့်တို့ပါ Eonjin ထံရောက်သွား၏။