<zawgyi>
"Hyung... Hyung!!!"
တိတ်ဆိတ်နေသော ကားအတွင်းဝယ် Hoseok ၏စိုးရိမ်တကြီးဖြင့် အော်ခေါ်သံက ရုတ်တရက် ထွက်ပေါ်လာလေတော့ မန်နေဂျာ Sejin လည်း လန့်ဖြန့်ပြီး နောက်လှည့်အကြည့်... ဗိုက်ကိုလက်နဲ့ဖိလျက် ချွေးစေးများထွက်ကာ မျက်နှာကြီးပုပ်သိုးနေသော Yoongi...။
"Yoongi... Yoongi... ဘာဖြစ်တာလဲ?"
"ကျွန်တော့် ဗိုက်ထဲကအောင့်... အောင့်... နေလို့... အား ဟ ဟား"
ရယ်နေလား ငိုနေလား မသဲကွဲသောအသံနှင့် ယခင်အူအတက်ခွဲစိပ်ထားဖူးသည့် နေရာနားကိုဖိကာ rap ရွတ်နေသော Yoongi ကိုကြည့်ရင်း မန်နေဂျာ Sejin ခမျာ ချက်ချင်းကြီးဆိုတော့ ဘာလုပ်ရမှန်းမသိ ဗျာများရလေပြီ။
"Namjoon ရေ... ဘယ်လိုလုပ်ကြမလဲ? ခုမှဆေးရုံသွားဖို့ကလည်း မမှီတော့ဘူးထင်တယ်နော်"
"ကျွန်တော်တို့ရဲ့ Private doctor ကိုဖုန်းဆက်ကြည့်ရင်ရော?"
"ငါသိပြီ... ဒီနားမှာ ဆေးဆိုင်တစ်ဆိုင်တော့ ရှိတယ်...။ မင်းတို့ ခဏနေခဲ့ကြဦး"
ကားကို ဂကွေ့ပြန်ကွေ့ဖို့ကလည်း အစဉ်မသင့်တော့သည်တွင် ကားကို ဒီအတိုင်းပဲ ချက်ချင်းဘေးကပ်ရပ်လိုက်ပြီးနောက် Private ဆရာဝန်အား ဖုန်းဆက်ရင်း မန်နေဂျာ Sejin ဆေးဆိုင်ဆီသို့ ခပ်သွက်သွက် ပြေးဆင်းသွားတော့၏။
ခုနက ရုတ်တရက် အရှိန်နှင့်ကားဘရိတ်အအုပ်မှာ နိုးလာခဲ့တဲ့ Jimin လည်း အခြေအနေအလုံးစုံကို နောက်ကနေတိတ်တိတ်လေး စူးစမ်းနေခဲ့ပြီးသည့်နောက် စိတ်ပူစွာဖြင့် နောက်ခုံကနေ လက်နဲ့ အသာလှမ်းပုတ်ကာ မေးလိုက်သည်။
"Hyung... ရရဲ့လား?"
သို့သော်လည်း Yoongi ထံမှအဖြေမရသဖြင့် အနှောက်အယှက်ပေးရန် မကြိုးစားတော့ဘဲ အားပေးသည့်အနေနဲ့ ပုခုံးပုတ်ပေးလိုက်ပြီးနောက် ဘေးဘက်မှန်တံခါးပေါ် ခေါင်းမှီ၍ မြင်ရာကိုကြည့်လိုက်ချိန် Jimin ရဲ့မြင်ကွင်းထဲသို့ ဝင်လာသည်က မြင်ဖူးနေကျ ယူနီဖောင်းနှင့်အိပ်ပျော်နေတတ်သည့် ကောင်မလေး...။