<zawgyi>
“အားဟားဟားဟား”
“Jimin Hyung… ရယ်ပဲရယ်မနေနဲ့… အကျိုးအကြောင်းလေးဘာလေး ပြောဦးလေ…။ ဒီမှာ သိချင်လှပြီ”
တွန်းချထားရာကြမ်းပြင်၌ပင် အရာမယွင်း ပုံလျက်သား သူ့လက်ကို သူကြည့်ကာ ရယ်နေသော Jimin အား Jungkook ပြန်ဆွဲမ လိုက်၏။
“ပျော်လွန်းလို့ပါ Kookie ရာ”
“ဒီလောက်ပျော်နေပုံထောက်ရင်… ဘာလဲ! ဟိုက အဖြေပြန်ပေးလိုက်ပြီလား?”
“ဟားဟားဟား”
“တကယ်ကြီးလား? ဟီဟီး”
ယုန်ငယ်သဖွယ် အနားတိုးကာ Jimin ပုခုံးအား တွန်းတိုက်ရင်း ဝမ်းသာအားရ မေးလိုက်ချိန် Jimin ကပြုံးရင်းလှည့်ကာ တိုတိုပြတ်ပြတ်ပဲ ဖြေလိုက်၏။
“မဟုတ်!”
“ဟာဗျာ… အဲ့ဒါများ”
**ဒုန်း**
အသံလာရာသို့ သူတို့နှစ်ဦးလှည့်ကြည့်လိုက်စဉ် ပြုတ်ထွက်သွားသော တံခါးလက်ကိုင်ဘုအား ကိုင်ရင်း သူတို့အနားရောက်လာသော Namjoon က တွေးချင်ရာတွေးနေပုံရသည့် Taehyung ၏ မျက်နှာချင်းဆိုင်တွင် ခပ်တည်တည် ဝင်ထိုင်ကာ မချိပြုံး ပြုံးပြ၏။
သူတစ်လထဲမှာ တံခါးလက်ကိုင်ကို ဖျက်စီးတာ ဒါနဲ့ဆို သုံးခါရှိပြီလေ…။
“ဒီခေတ်ကြီးမှာ တံခါးလက်ကိုင်တွေက အရင်လို Quality မမီကြတော့ဘူးကွ”
“ဟုတ်ပါ့နော်… ကျွန်တော်တို့ရဲ့ Namjoon Hyung လက်ကလေးနဲ့ ထိတာတောင် တစစီပြုတ် ထွက်ကုန်တာဆိုတော့ တော်တော် Quality မကောင်းတာပဲ”
Namjoon ကို ခပ်နောက်နောက် ဝင်ထောက်ခံ ပေးလိုက်ပြီးနောက် Jimin ဘက်ပြန်လှည့်ကာ တတွတ်တွတ်ပူဆာနေသော Jungkook ကြောင့် Jimin လည်း ခုန ဖြစ်ခဲ့သမျှကို တစ်ကျော့ပြန်ရတော့သည်။
Flashback~
“Dolly!”
“ရှင်!”
Jimin ထံမှ နူးညံ့ညင်သာသော ခေါ်သံကြောင့် ဆန့်တန်းထားသည့် လက်အား ပြန်ရုတ်သိမ်းကာ သူ့ ဘက်လှည့် ခြေစုံရပ်၍ ပြုံးပြရင်း ထူးလိုက်သော သူမ၏ အနားသို့ အနည်းငယ်တိုးကပ်လိုက်စဉ် Jimin ရင်တွေကတော့ တဒိန်းဒိန်း…။